Tag Archive for: Honest Information

နောက်မျိုးဆက်တွေကို ရွှေထီးဆောင်းစေချင်သူ
နောက်ပြန်ကြည့်ရင် ချောက်ကမ်းပါးပဲရှိတယ်။ ရှေ့ဆက်တိုးပါ၊ အဆုံးထိတိုက်ပွဲဝင်ပါ၊ တိုက်ပွဲဝင်ရင်း အသက်ပေးသွားသော ရဲဘော်များအား တိုင်တည်ကတိသစ္စာပြုပါသည်။

“တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း”
“တော်လှန်ရေးကိုအရင်လုပ်၊ ကျန်တဲ့ကိစ္စနောက်မှပြော” ဆိုတဲ့ တော်လှန်ရေးထိခိုက်မှာစိုးလို့ ပြောဆိုမှု တွေကလည်း ကျူးလွန်သူတွေကို အခွင့်အရေးပေးသလို ဖြစ်စေတာကို တွေ့ရပါတယ်။

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇူလိုင် ၅ရက်ကနေ ၁၁ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

တပြိုင်တည်း တိုက်ပွဲနှစ်ရပ် ဆင်နွဲနေရတဲ့ အမျိုးသမီးများ
တကယ်တော့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတော်လှန်ရေးသမားတွေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့ ကိုယ်ရဲ့မွေးရာပါအခွင့်အရေးတွေအတွက်ပါ တိုက်ပွဲဆင်နေရလို့ တချိန်တည်းတပြိုင်တည်းမှာပဲ တိုက်ပွဲနှစ်ခု ဆင်နွဲနေကြရတယ်လို့ ဆိုနိုင်ပါတယ်။

ကြင်ဖော် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ
"အိမ်ထောင်တခုမှာ အမျိုးသားတစ်ယောက်တည်းတဲ့လုပ်စာနဲ့လည်းမလုံလောက်လို့…

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၄ ရက်အထိ တစ်ပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်

ရှင်းပြစည်းရုံးဖို့ လိုအပ်နေတဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီရဲ့ ဂျဲန်ဒါမူဘောင်
“အမျိုးသားနဲ့ အမျိုးသမီးသာရှိတယ်ဆိုတဲ့ အယူအဆကို တမင်မရည်ရွယ်ပေမယ့် ပါဝင်ရေးသားကြတဲ့သူတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုတဲ့အပေါ်မှာ လုံလောက်တဲ့ အသိပညာဗဟုသုတ ကန့်သတ်ချက်ရှိခဲ့တဲ့အတွက် (intentionally မရည်ရွယ်ဘဲ) အမျိုး သား၊ အမျိုးသမီးလို့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ပုံပေါက်တယ်လို့ ယူဆပါတယ်”

ပြေးစရာ မြေမရှိ၊ ပေးစရာ ငွေမရှိသူများ
တောလမ်းကို ငါးရက်ငါးညလောက် ခြေလျင်သွားရတာကြောင့် ကံမကောင်းလို့ အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ ဖမ်းမိသွားရင် စစ်ဆေးမေးမြန်းမှုမရှိဘဲ တခါတည်း AA တပ်ထဲကို သွင်းလိုက် သလို စစ်ကောင်စီဘက်က ဖမ်းမိသွားရင်လည်း စစ်ကောင်စီတပ်ထဲကို သွင်းကြတယ်။

ပလက်ဝတွင် ၈လအတွင်း အမျိုးသမီး ၄ ဦး မုဒိန်းကျင့်ခံရပြီး ၂ ဦးအသတ်ခံရ
“တိုက်ပွဲကာလအတွင်းရော အခုတိုက်ပွဲမရှိတဲ့ အချိန်မှာပါ အမျိုးသမီးတွေရဲ့ လုံခြုံမှုက အာမခံချက် မရှိဘူးဖြစ်နေတယ်။ ပြစ်မှုကျူးလွန်သူကို သိရဲ့သားနဲ့ မဖမ်းဆီးနိုင်တာ၊ ထိုက်သင့်တဲ့ ပြစ်ဒဏ်မပေးနိုင်တာတွေက အမျိုးသမီးတွေ အိမ်ပြင်မထွက်ရဲအောင် လုပ်ထားသလိုဖြစ်နေတယ်"

ကချင်တကျော့ပြန်စစ် ၁၄ နှစ်ပြည့်အင်တာဗျူး – လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နန်ပူနှင့်တွေ့ဆုံမေးမြန်းခြင်း
မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေ တွေ့ကြုံနေရတဲ့အဓမ္မအိမ်ထောင်ပြုခိုင်းတာ၊ အိမ်တွင်းအကြမ်း ဖက်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ တရုတ်အလုပ်ရှင်တွေရဲ့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခံရမှုအခြေအနေတွေနဲ့ပတ် သက်ပြီး အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဆရာမ နန်ပူ(ကချင်)ကို HI က ဆက်သွယ်မေးမြန်း ထားပါတယ်။


