“ ဒီလို မိုးတွင်းကာလကတော့ အခက်အခဲအများဆုံးပေါ့။ စစ်ရှောင်ရင်လည်း ခက်၊ နေစရာလည်းမရှိ၊ အဓိကလေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြေးစရာနေရာမရှိတော့ဘူး။ နေစရာလည်း အတိအကျမရတော့ တော်တော်ခက်ခဲတယ်” TWO က တာဝန်ရှိသူက စစ်ရှောင်တွေရဲ့ စိန်ခေါ်မှုကို ပြောလာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း
-
-
တိုက်ပွဲဖြစ်တိုင်းမှာ စစ်တပ်ရဲ့ မုဒိမ်းကျင့်၊ သတ်ဖြတ်တာတွေ၊ နှိပ်စက်ညှင်းပန်းတာ၊ အတင်းအဓ္ဓမ ခိုင်းစေတာ ပေါ်တာဆွဲခံရတာ စတဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ ခံနေကြရတယ်။
-
“ကျမတို့ စစ်ပွဲမှာ ပိတ်မိချိန်ကဆိုရင် နေ့နေ့ ညညည လက်နက်ကြီးသံတွေ၊ လေယာဥ်သံတွေ ကြားရတယ်။ လက်နက်ကြီး ထိလို့ သေဆုံးတဲ့သူတွေဆိုရင် အလောင်းတောင် မသင်္ဂြိုဟ်နိုင်တဲ့အထိတွေပဲ။ ကိုယ်အလှည့် ဘယ်တော့ ရောက်မလဲဆိုတဲ့ စိတ်နဲ့ နေရတယ်”
-
“တိုက်ပွဲက ၁ ရက်နဲ့ မပြီးတော့ နေ့တိုင်း သေနတ်သံတွေ၊ ဗုံးကြဲသံတွေကြောင့် မနေရဲတော့ဘူး။ စစ်သားတွေကလည်း အိမ်တွေထဲဝင် လုယက်စားသောက်တာတွေ လုပ်တော့ ကြောက်တယ်။”လို့ ဒေါ်ကြာကြုတ်က ပြောပါတယ်။
-
ပိတ်မိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ အရေးပေါ်လိုအပ်နေ ဆိုဖီ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုံလမ်းကြောတစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြား ယမန်နေ့ (နိုဝင်ဘာ ၁၁ အထိ )…