မေးမြန်းခန်း
131 views
မေးမြန်းခန်း
ဂျန်ဒါတန်းတူညီမျှရေးဌာနကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ဘာတွေလုပ်ဆောင်သွားမလဲ ဆိုတာကို ဌာနမှူးဖြစ်တဲ့ မူ့အန်နာနဲ့ HI ကဆက်သွယ်မေးမြန်းထားပါတယ်။
မိနစ်ပိုင်းလောက်လာလိုက်၊ ပြတ်လိုက်နဲ့ ခန့်မှန်းမရအောင် ပြတ်ချင်တိုင်း ပြတ်နေတဲ့ လျှပ်စစ်မီးကြောင့် ပြည်သူတွေ ဘယ်လိုအခြေအနေတွေနဲ့ကြုံနေရလဲ၊ ဘယ်လိုဖြေရှင်းနေထိုင်နေကြလဲ ဆိုတာတွေကို HI က ဆက် သွယ်မေးမြန်းထားပါတယ်။
လိင်တူချစ်သူတွေရဲ့ ချစ်ခြင်းအကြောင်းရေးဖွဲ့ ထားတဲ့ စာအုပ်တွေကို ညစ်ညမ်းစာပေအဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး ပိတ်သိမ်းမှုတွေပြုလုပ်လာတဲ့အပေါ် Transgender တစ်ဦးဖြစ်သူ အတာနဲ့ HI ကတွေ့ဆုံမေးမြန်းချက်များကို ဖော်ပြပေးလိုက်ပါတယ်။
Stop Online Harm အနေနဲ့ ဘယ်လို ဝန်ဆောင်မှုတွေ၊ အကူအညီတွေရယူနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ Program Lead (ပရိုဂရမ် ဦးဆောင်သူ) တစ်ဦးဖြစ်တဲ့ Hetty ကို HI ကဆက်သွယ်မေးမြန်းထားပါတယ်။
ကျွန်မတို့မြန်မာပြည်မှာ စိတ်ကျန်းမာရေးကို ပိုအားစိုက်လာတာနဲ့အမျှ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေလည်း တွင်ကျယ်လာတယ်။ အမြင်တွေလည်း ပွင့်လင်းလာတယ်။ သို့သော် စိတ်ကျန်းမာရေး ကုစားဖို့အတွက် လိုအပ်တဲ့အခါမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေကို အသုံးပြုဖို့လိုတယ်။ သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုဖို့လိုတယ်။
အလုပ်သမားထုအမျိုးသမီးတွေအနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေ ကြုံနေရလဲဆိုတာ HIက မေးမြန်းထားတာကိုစုစည်းဖော်ပြလိုက်ပါတယ်။
တော်လှန်ရေးလုပ်နေတဲ့အချိန်အတွင်းမှာ ရန်သူကိုပဲတိုက် အခုအချိန်မှာအခွင့်အရေးတွေတန်းတူ ညီမျှရေးတွေအကြောင်းကို မပြောနဲ့နောက်မှပြောဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြောချင်တာ ကျွန်မတို့ကတော်လှန်ရေး တရပ်ကိုဆင်နွဲနေတာ၊ ဒီတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်က စနစ်ကိုပြောင်းဖို့ဖြစ်တယ်။ စနစ်ကိုပြောင်းဖို့ လို့ပြောရင်အဲ့ဒီစနစ်ဟာ တရားတဲ့စနစ်လား မတရားတဲ့စနစ်လားဆိုတာ ကိုယ့်ဘာသာကိုသိလို့ ဒီဟာကို စိတ်ထဲမှာသိလို့ ပြောင်းဖို့ကြိုးစားတာတော်လှန်တာ အဲ့ဒီတော်လှန်တဲ့အထဲမှာ မဟာဖိုဝါဒီနဲ့ခွဲခြားဆက်ဆံမှု အမျိုးသမီးဖြစ်မှု၊ အမျိုးသားဖြစ်မှု၊ LGBTQIA+ဖြစ်မှုအပေါ်မှာ မူတည်ပြီး ခွဲခြားဆက်ဆံမှုဆိုတဲ့အင်မတန်အိုဟောင်းနေတဲ့အတွေးအခေါ်လည်းပါတယ်။
TNLAအနေနဲ့ စစ်ပွဲတွေမစတင်မီမှာ လူထုထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသလဲ။ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ၊ စစ်ရှောင်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားမှုအခြေအ နေတွေနဲ့ပတ်သတ်ပြီးတအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို HIကဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်အလုပ်သမားတွေအခြေအနေနဲ့ပတ်သတ်ပြီးသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ Solidarity of Trade Unions Myanmar -STUM မှအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒါရိုက်တာဒေါ်မျိုးမျိုးအေးနဲ့ HI ကတွေ့ဆုံမေးမြန်းထားပါတယ်။