သတင်း

မြေပြန့်ဒေသမှ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနေ့ စကားသံများ

လက်နက်ကိုင်တွေကြားထဲမှာမြေစာပင်ဖြစ်ခဲ့ရတာတွေ အရင်က မသိခဲ့ဘူး။ တိုင်းရင်းသားဒေသက မိခင်၊ ကလေး၊ အထူးသဖြင့် အမျိုးသမီးတွေ တိုက်ပွဲကြောင့် ဆုံးရှုံးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးကို ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ရှင်သန်စေချင်တယ်῎

ယူနက်စကိုကပေးတဲ့ ကမ္ဘာ့အမြင့်ဆုံး တီထွင်ဆန်းသစ်မှုဆု ရရှိထားသူ မလှလှဝင်း (သို့မဟုတ်) မြန်မာ့ပညာရေးကဏ္ဍအတွက် လင်းလက်နေမယ့်ကြယ်တစ်ပွင့်

သင်ပုန်းလေးကို ကွျွန်တော်တို့ငယ်ငယ်တုန်းကတော့ တံတွေးလေးနဲ့ ခြစ်ခြစ်ပြီးဖြတ်ခဲ့ရတာပေါ့။ အခု သမီး လေးတို့လက်ထက်မှာတော့ တံတွေးနဲ့ ဖြတ်စရာမလိုတော့ဘူး။ လက်လေးနဲ့ထိလိုက်တာနဲ့ အကုန်လုံး ပြောင်းနေတာလေ။ သူတို့ခေတ်အတွက် ဓာတ်သင်ပုန်းဆိုတာမျိုးလေးကို စဉ်းစားမိပြီး ပေးဖြစ်ခဲ့တာပေါ့။

၁ လကြာ ဆက်တိုက် ရေကြီးမှုကြောင့် ကျိုက်မရောမြို့ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အခက်ကြုံနေ

၁၀ တန်းဆိုတာ ဘဝအတွက် အဆုံးအဖြတ်ပေးရတဲ့ အချိန်မို့လို့လေ။ ဆရာမတွေတောင် အဝေးကြီးကနေ လာသင်ပေးနေသးတာပဲ။ သမီးတို့တွေက ဘာလို့မလာရမှာလဲ။ ဒါကြောင့် လှေစီးပြီး ခုလို ဘုန်းကြီးကျောင်းမှာ စာလာသင်ရတာပါ

၈ လေးလုံးမှသည် ယနေ့ ဒေါင်းမျိုးဆက်ဆီသို့

၁၉၈၈ နဲ့ အခုလှုပ်ရှားမှု ပြောရတာ အားနာပေမဲ့ ပြောရမှာပဲ။ တော်တော်များများကွာခြားတယ်။ (၁) အခြေအနေ (၂) စိတ်ဓာတ်။ အခုအခြေအနေကျတော့ ဝါဒမှိုင်းလို့ ထင်မထားတဲ့ ဝါဒမှိုင်းတွေများတယ်။ ပုဂ္ဂိုလ်ရေး အာသီသတွေများလာတယ်။