Entries by webmaster

မေဒေးနေ့ မြန်မာပြည်တွင်းကစက်ရုံအလုပ်ရုံအမျိုးသမီးအလုပ်သမားများအသံ

မေလတစ်ရက်နေ့မှာကျရောက်မယ့်ကမ္ဘာအလုပ်သမားနေ့မှာ စစ်အာဏာရှင်စနစ်အောက်မှာ ဖြတ်သန်း နေကြ  ရ တဲ့အမျိုးသမီးအလုပ်သမတွေရဲ့ အခက်အခဲစိန်ခေါ်မှုနဲ့ ရင်တွင်းစကားသံတွေကို HI ကဆက်သွယ်မေးမြန်းထား ပါတယ်။ မအေးယဉ်(စက်ရုံအလုပ်ရုံ အလုပ်သမား) အရင်တုန်းကမေဒေးနေ့ဆိုအလုပ်သမားသမဂ္ဂညီအကိုမောင်နှမတွေနဲ့စည်းလုံးစွာပြန်လည်တွေ့ဆုံရတယ်။အချင်း ချင်း အတွေ့အကြုံတွေဖလှယ်ရတယ်တစ်ဖွဲ့ရဲ့ အခက်အခဲကိုတစ်ဖွဲ့က ဘယ်လိုကူညီဖြေရှင်းမလဲဆိုပြီး အသိ ပညာတွေဖလှယ်ရတယ်။ အာဏာသိမ်းပီးလုပ်ငန်းခွင်နဲ့ အာဏာမသိမ်းခင်လုပ်ငန်းခွင်အခြေအနေကတော့ အလု ပ်ရှင်တွေ ပိုပြီးလုပ်ပိုင်ခွင့်အားသာလာတယ် ဘာဖြစ်လို့လည်းဆိုတော့အလုပ်သမားတွေက ပြသနာတခုဖြစ်လာရင် ဘယ်ကိုတိုင်ရမှန်းမသိ၊ ဘယ်လိုလုပ်ရမှန်းမသိဖြစ်ကုန်ကြတော့  အလုပ်ရှင်တွေလုပ်ချင်သလိုလုပ်လို့ရတာပေါ့။ အာဏာသိမ်းပီးနောက်မှာအလုပ်ရှင်နဲ့အလုပ်သမားအကြောင်း တခုခုဖြစ်လို့ပြောကြဆိုကြရင် အလုပ်သမား ကအ မြဲ ရူံးတယ်သူတို့ကငွေအင်အားနဲ့အလုပ်ထုတ်ရင်လည်းခံရတယ်။ သက်ဆိုင်ရာရုံးတွေမှာ တိုင်ဖို့ဆိုတာလည်း အရင် လို အဆင်မပြေဘူး။ အရင်တုန်းကတော့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုရင် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးကနေ တဆင့်ဖြေရှင်းရပါတယ်။ အဆင်မပြေရင်ခုံသမာဓိ ခုံကောင်စီ နေပြည်တော်ရုံးအထိအဆင့်ဆင့် တက်ပီး ဖြေရှင်းလို့ ရပါတယ်။အာဏာသိမ်းပြီးနောက်တော့အဲ့ဒီလိုတွေမရှိတော့ပါဘူးဘယ်မှလည်းမတိုင်ဘူးအလုပ်ရှင် လုပ်သမျှခံပေါ့။ အလုပ်သမားထုအတွက်ဖြစ်စေချင်တဲ့ဆန္ဒကတော့  အလုပ်သမားတွေဟာ […]

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM )နှင့်တွေ့ဆုံမေးမြန်းခြင်း

စစ်အာဏာသိမ်းပြီးတဲ့နောက်အလုပ်သမားတွေအခြေအနေနဲ့ပတ်သတ်ပြီးသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ Solidarity of Trade Unions Myanmar -STUM မှအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ဒါရိုက်တာဒေါ်မျိုးမျိုးအေးနဲ့ HI ကတွေ့ဆုံမေးမြန်းထားပါတယ်။

နွေဦးတော်လှန်ရေးထဲက အစ္စလာမ်ဘာသာဝင် အမျိုးသမီးသူရဲကောင်း

“ဘာသာခြားဖြစ်လို့ ကျနော့်ကို သူတို့က ဝတ်ပြုဖို့ကအစ သန့်ရှင်းတဲ့နေရာလေးလုပ်ပေးတယ်။ လည်လှီးသား မဟုတ်ရင် မစားတဲ့ကျနော့်အတွက်ဆိုပြီး ကြက်ဥကြော်တို့ လ္ဘက်သုတ်တို့ ငါးခြောက်ကြော်တို့လုပ်ပေးကြတယ်” လို့ပြောပါတယ်။

လူငယ်တိုင်း စိုက်ပျိုးရေးရဲ့အကျိုးကျေးဇူးတွေမြင်တက်လာအောင်ကြိုးစားချင်တဲ့ တောင်သူအမျိုးသမီး

သူ့ခြံလေးကိုကလေးတွေစိုက်ပျိုးရေးပညာလေ့လာလို့ရတဲ့နေရာလေးတစ်ခုအဖြစ်လည်ဖန်တီးချင်ပြီးမြို့ပြဒေသက ကလေးတစ်ချို့က စိုက်ပျိုးရေးနဲ့ဝေးကွာနေသလို နေ့စဉ်စားသုံး နေတဲ့ ဟင်းသီး ဟင်းရွက် သီးနှံတွေအကြောင်း ၊ မြေဆီလွှာ၊ ပိုးမွှားတွေအကြောင်း မသိရှိတဲ့အတွက် အပင်တွေ မျိုးစေ့တွေ အကြောင်း သိ‌အောင် လေ့လာ ဖို့ လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

လုံခြုံမှုကင်းမဲ့နေတဲ့ မူဆယ်ဒေသခံ အမျိုးသမီးများ

နန်းဆိုင်နွမ် “ဒေါင်” ဆိုပြီး ရုတ်တရက် ဖုန်းကထွက်ပေါ်လာတဲ့မြည်သံကြောင့် နန်းမေ (အမည်လွှဲ) ကသူမရဲ့ အွန်လိုင်းက ပစ္စည်းမှာတဲ့သူ ပို့တဲ့စာလို့ထင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဖုန်းကိုဝမ်းသာအားရ ကောက်ကိုင်လိုက်ချိန် “အခွန်လာပေးဖို့ ခြိမ်းခြောက်”စာဖြစ်နေမှန်းသိလိုက် ရတော့ နန်းမေတစ်ယောက် မျက်နှာတစ်ခုလုံး ဖြူဖျောသွားကာ တုန်လှုပ်ခြောက်ခြားသွားပါတော့တယ်။ “ကျမ ရဲ့ Viber မှာ အခွန်ပေးဖို့ စာတစ်စောင်နဲ့ လာမပေးရင် ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီးတော့ပိုလာတော့ လန့်သွား တယ်။ အဲ့အချိန်မှာ ကျမ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ တော်တော်တုန်လှုပ်သွားတယ်” လို့ သူကရှမ်းဘာ သာစကားဖြင့် ပြောပြလာပါတယ်။ သူတို့နေထိုင်တဲ့ မူဆယ်မြို့ဟာ မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သလို နယ်စပ်ကုန်သွယ်ရေးဇုံ (၁၀၅)မိုင်တည်ရှိရာ မြို့ လည်းဖြစ်ပါတယ်။ မူဆယ်မြို့နဲ့ (၆)မိုင်ကွာဝေးတဲ့ နယ်စပ်ကုန်သွယ်ရေးဇုံ (၁၀၅)မိုင်မှာ ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်တဲ့ တအာင်း (ပလောင်) […]

အရက်နဲ့ မူးယစ်နွံမှ ရုန်းထွက်နိုင်ခဲ့တဲ့ အမျိုးသမီးအဆိုတော်

“ပထမတော့ စိတ်ညစ်လို့သောက်တယ်။ ပျော်လို့သောက်တယ်။ ခေါင်းစဉ်မျိုးစုံတပ်ပြီးသောက်တယ်။ ပြီးလည်း ပြီးတော့ စွဲလို့ စွဲနေမှန်းမသိတော့ဘူး။ ညတိုင်း မသောက်ရမနေနိုင်ဘူး။ အတင်းလိုက်ရှာသောက်တာပဲ။”

စစ်မှုထမ်းဥပဒေကြောင့် ကျောင်းပြန်အပ်ဖို့ဖိအားဖြစ်နေကြတဲ့ CDM တက္ကသိုလ်ကျောင်းသူ/သားများ

အာဏာသိမ်းပြီးတည်းက သုံးနှစ်လုံး CDM လုပ်ခဲ့ပြီးမှ ကျောင်းပြန်တက်တဲ့အခါ သူလုပ်ဆောင်ခဲ့တာတွေက အလကားဖြစ်သွားမလား စိုးရိမ်မိပေမယ့် ကျောင်းမတက်ရင်လည်း စစ်မှုထမ်ဥပဒေကြောင့် စဉ်းစားရကြပ်တဲ့အနေအထားဖြစ်နေတာပါ။