Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီလ ၂၂ ရက်မှ ၂၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်တွေဆေးကုနေတဲ့ ဆေးခန်းအနီး လေကြောင်းကနေဗုံးကြဲလို့ ၇ ဦးထိခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာက ဆေးခန်းတခုမှာ ကိုယ်ဝန်ဆောင်တွေကို  ဆေးကုသပေးနေချိန် စစ်တပ်မှ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ဦးထိခိုက်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၂၄ ရက် မနက်ပိုင်းမှာ စစ်တပ်ရဲ့Y 12 ကင်းထောက်လေယာဉ်က ကျေးရွာတဝိုက်ကို ၁၀ ခေါက်ဝန်းကျင်ပတ်နေခဲ့ပြီး နေ့လယ် ၂ နာရီကျော်မှာ တံတားဦးကတက်လာတဲ့ A5 ဂျက်ဖိုက်တာပေါ်ကနေ ပထမအကြိမ် ရော့ကတ်ဗုံးသီး ၂ လုံးကြဲ ချ ကာ ရွာထဲကိုလည်း စက်သေနတ်နဲ့  ၃ ကြိမ်ခန့်ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့က OG ရှိတဲ့နေ့ဆိုတော့ ဗိုက်ကြီးသည်တွေကလည်း တအားများ။ ဆေးခန်းကဖွင့်တော့ ဈေးထဲကလူတွေကလည်း ဈေးရောင်းနေတာ။ အဲ့လူတွေထိတာ၊ ဆေးခန်းနားကပ်ကျတာ၊ ဆေးခန်းကိုသာကျရင် မလွယ်ဘူး။”လို့ ကမ်းနီရွာခံအမျိုး သမီးတဦးကပြောပါတယ်။

လေကြောင်းပစ်ခံရလို့ ဆေးခန်းအနီးဈေးတန်းမှာရှိတဲ့ ကိုဇော်သက်စိုး၊ ကိုခင်ဇော်အေး၊ အီးတီ၊ ကိုအောင်သက်ဦး၊ မခိုင် သင်းကြည်၊ မဌေးနွယ်၊ မပြည့်ပြည့်အောင်အပါအဝင် ၇ ဦး ဗုံးစထိမှန်ဒဏ်ရာတွေရခဲ့ကြတာဖြစ်ပါတယ်။

လေယာဉ်ဗုံးကြဲလို့ ဆေးခန်းအနီးက ဈေးဆိုင်ကြီးတဆိုင် မီးလောင်ပြာကျခဲ့ပြီး ဆီဂိုထောင်တလုံးနဲ့ ဈေးဆိုင်ခန်းငယ် ၇ ခန်းလောက်လည်း မီးလောင်ခဲ့ပါတယ်။

Source – မြေလတ်အသံ

ကျောင်းသားသမဂ္ဂအတွင်းရေးမှူးဟောင်း မလွင်ချိုမြင့် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံရ

စစ်ကိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးဟောင်း မလွင်ချိုမြင့်ကိုအကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေပုဒ်မတချို့နဲ့ မန္တလေးတိုင်း တရားရုံးမှ ဧပြီလ ၂၃ ရက်က ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တယ်လို့ မိသားစု ဝင်တွေက ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁ – ဂ နဲ့ ထောင် ၁၀ နှစ်၊ ပုဒ်မ ၅၂  -ဃ နဲ့ ထောင် ၇ နှစ်ချမှတ်ခဲ့ပြီး မန္တလေးအိုး ဘိုထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။

လျှပ်စစ်အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသူဖြစ်တဲ့ မလွင်ချိုမြင့်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ စစ်ကိုင်းမြို့၊ စိန်  ကုန်းရပ်ကွက်က နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

မလွင်ချိုမြင့် ဖမ်းဆီးခံရပြီး တစ်လအကြာ မိခင်ဖြစ်သူ ဒေါ်ချိုနွယ်စန်း အပါအဝင် ဦးလေးနဲ့ အစ်ကိုတစ်ဝမ်းကွဲကိုပါ ထပ်မံ ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့တရားစွဲခံထားရတာဖြစ်ပါတယ်။

ဒီလို မတရားဖမ်းဆီးတာဟာ မဖြစ်သင့်တဲ့လုပ်ရပ်ဖြစ်ပြီး ဒီဖြစ်ရပ်ကိုရှုတ်ချတယ်လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့ (WOPP) တည်ထောင်သူ မဇူးဇူးမေယွန်းက ပြောပါတယ်။ 

Source – RFA                            

ကလေးမြို့နယ်မှာ ၂ လအတွင်းအရပ်သား ၈၀ သေဆုံး၊ အမျိုးသမီးအများဆုံးပါဝင်

တိုက်ပွဲပြင်းထန်နေတဲ့စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ၂ လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး ဒီထဲမှာ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့မှ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှ ဧပြီလ ပထမအပတ်အထိ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲအသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်နေတာပါ။

စစ်တပ်ရဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရသူတွေထဲက ၆၅ % က အမျိုးသမီး၊ ၁၅ % က အမျိုးသား၊ ကျန်တဲ့ ၂၀% က လူငယ်နဲ့ကလေးသူငယ်တွေဖြစ်ပါတယ်။

စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် အရပ်သားတွေ နေ့စဉ်သေဆုံးရပြီး ဒီဖြစ်စဉ်တွေကိုလည်း ပြည်တွင်းပြည်ပမှ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေက ထိရောက်တဲ့အရေးယူမှုတွေလုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးမှုတွေကလည်းများပြားသလို အရပ်သားနေအိမ်၊ အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက်အအုံတွေလည်းပျက်စီး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Source – Kachin News Group

ရွှေဗျိုင်းဖြူပိုင်ရှင်ရဲ့ သမီးဖြစ်သူကို နေထိုင်ခွင့် ရုပ်သိမ်းဖို့ ပြင်သစ်ထံ တောင်းဆို

အာဏာသိမ်းစစ်တပ်နဲ့ဆက်နွှယ်ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီတည်ထောင်သူ ဦးသိန်းဝင်းဇော်ရဲ့သမီး မသိမ့်ဝင်း ထက်ဟာ ပြင်သစ်နိုင်ငံ HEC Paris မှာတက်ရောက်နေမှုကိုပြင်သစ်အစိုးရအနေနဲ့ စစ်ဆေးဖို့ Info Birmanie နဲ့ Justice for Myanmar တို့ကတောင်းဆိုလိုက်ပါတယ်။

မသိမ့်ဝင်းထက်ကို အလျင်အမြန် စစ်ဆေးပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့၊ နိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာကို ပြန်ပြီးရုတ် သိမ်းဖို့ ၊ ပြင်သစ်နိုင်ငံတွင်းကနေ ပြည်နှင်ဒဏ်ပေးဖို့ကို Justice For Myanmar က ဥပဒေအကျိုးဆောင် ပြင်သစ်ရှေ့နေ တွေက ပြီးခဲ့တဲ့ဧပြီ ၃ ရက်မှာ ပြင်သစ်အစိုးရအဖွဲ့အစည်းတွေဆီကို တောင်းဆိုခဲ့သလို HEC Paris ကျောင်းကိုလည်းစာပို့ခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းအနေနဲ့ မသိမ့်ဝင်းထက်ရဲ့ ငွေကြေးရင်းမြစ်တွေကို ပြင်သစ်အာဏာပိုင်တွေကို အသိပေးတင်ပြဖို့နဲ့ ကျောင်းဝင်ခွင့်ကို ပြန်လည်ရုတ်သိမ်းဖို့ကိုလည်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

မသိမ့်ဝင်းထက်တို့ မိသားစုပိုင်ဆိုင်တဲ့ ရွှေဗျိုင်းဖြူအုပ်စုဟာ တယ်လီနောမြန်မာကို ၂၀၂၂ ခုနှစ်က ဝယ်ယူပြီး ATOM လို့ နာမည်ပြောင်းပြီးနောက် စစ်တပ်က ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်တာ ကြောင့် အသုံးပြုသူ သန်းပေါင်းများစွာရဲ့ပုဂ္ဂိုလ်ရေးအချက်လက်တွေကို အန္တရာယ်ကျရောက်စေတယ်လို့ Justice For Myanmar ကထုတ်ပြန်ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဟာ မြန်မာစစ်တပ်နဲ့ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေရှိနေတဲ့ စီးပွားရေးလုပ်ငန်းစု ဖြစ်တဲ့အပြင် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားတဲ့မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL နဲ့ ပူးပေါင်းပြီး ရေနံတင်သွင်းတာ၊သတ္ထုနဲ့ သစ်ထုတ်လုပ်ရေး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့ကြောင့်အမေရိကန်နိုင်ငံက ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ တည်ထောင်သူ မသိမ့်ဝင်းထက်မိသားစုဝင်တွေကို ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၃၁ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

မသိမ့်ဝင်းထက်က ပြင်သစ်မှာ ကျောင်းတက်နိုင်တဲ့အချက်ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ပြဋ္ဌာန်းလိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေကို သေးသိမ်ထိခိုက်စေတာကြောင့် ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်သင့် တယ်လို့လည်း တိုက်တွန်းထားပါတယ်။

Source – BBC

လွိုင်ကော်ကို ဗုံးကြဲလို့ အမျိုးသမီး ၄ ဦးအပါအဝင် ၆ ဦးသေဆုံး

ကယားပြည်နယ် (ကရင်နီပြည်နယ်) လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် အမျိုးသမီး ၄ ဦးအပါအဝင် မိသားစုဝင် ၆ ဦးလုံးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးရသူတွေဟာ မနေမ (၃ နှစ်)၊ မောင်တို့ (၇ နှစ်)၊ မလေး (၃၅ နှစ်)၊ မညွှန့် (၄၅ နှစ်) ၊ ဒေါ်ဇွမ်း (၆၅ နှစ်) နှင့် ဦးလူ (၇၅ နှစ်)တို့ ဖြစ်ပါတယ်။

စစ်တပ်က ထိုရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲခဲ့တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Source – Myanmar Now

ကော့ဘိန်းရွာမှာ စစ်ကြောင်းဝင်လို့ အမျိုးသမီးငယ်တစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာကို စစ်တပ် အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ပြီး ဧပြီလ ၂၅ ရက် နံနက်ပိုင်းမှာ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပါတယ်။

စစ်ကြောင်းဝင်လာလို့ ပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေစဉ် စစ်တပ်က အသက် ၁၉ နှစ်အရွယ်အမျိုးသမီး ငယ် တစ်ဦးကို ပစ်သတ်သွားတဲ့အပြင် ဖမ်းဆီးရိုက်နှက်တာတွေလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကော့ဘိန်းကျေးရွာအနီးက ကော့ပေါက်၊ ဘုရားကြီး၊ မင်းရွာ၊ လိမ္မာကုန်စတဲ့ကျေးရွာတွေကိုလည်း  စစ်ကြောင်းဝင်ရောက် ပြီးပြည်သူကို ရိုက်နှက်ဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေပါတယ်။

စစ်တပ်ကလေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေလို့ မွန် – ကရင်အစပ် ကော့ဘိန်းကစပြီး ရမ္မာ ဝတီလမ်းတစ်လျှောက်ရှိ ဓမ္မသ၊ တရနာ၊ သံကလောင်၊ ကော့စွယ်၊ ကော့သပ်၊ ကော့နွတ်စတဲ့ကျေးရွာ ၁၀ ရွာထက် မနည်း မှဒေသခံပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၂၄ ရက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် ကော့ဘိန်းရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားတာပါ။

Source – Dawei Watch

မိုးမောက်မြို့ထဲ စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး တဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ အလင်းကောင်ရပ်ကွက်ကို စစ်တပ်ကမနေ့က နေ့ခင်းပိုင်း မှာလေကြောင်းမှ ဗုံးကြဲတိုက် ခိုက်တာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရှောင်တွေ ကို ကူညီပေးနေသူတဦးက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်တပ်တွေကြားတိုက်ပွဲဖြစ်ပြီး စစ်တပ်က မြို့တွင်းကိုဗုံးကြဲခဲ့လို့ အသက် (၁၄) နှစ်အရွယ် မကြည်ကြည်ဝင်း၊ အသက် ၂၀ ကျော်အရွယ်ကိုကျော်ဇင်လတ်နဲ့ အသက် ၄၀ ကျော် ကိုစန်းဝါတို့ သေဆုံးခဲ့ရပါ တယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဗန်းမော်ဆေးရုံမှာ ဆေးကုသပေးနေပြီး ဗုံးဒဏ်ကြောင့် ပြည်သူပိုင်နေအိမ်တချို့နဲ့ ခရစ်ယာန် ဘုရားကျောင်းတခုလည်း ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ဗန်းမော်မြို့ကို သွားရောက်စစ်ရှောင်နေသူတွေကို  နီးစပ်ရာ စစ်ရှောင်စခန်းတွေနဲ့ ဘာသာရေးကျောင်းတွေမှာ ထားရှိပြီး စား ရေးသောက်ရေးအတွက် အလှူရှင်တွေက ကူညီပေးထားရတယ်လို့ သိရပါတယ်။

Source – Delta News Agency   

သံတွဲမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦးဒဏ်ရာရ

စစ်တပ်နဲ့ AA (အာရက္ခတပ်တော်)ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့သံတွဲမြို့နယ်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်တာတွေရှိခဲ့ပါတယ်။ 

ဧပြီလ ၂၂ ရက်က သံတွဲ – တောင်ကုတ် ကားလမ်း ရွှေလှေကျေးရွာ တံတားဦးဂိတ်မှာ ခရီးသည်ယာဉ်တစ်စီးကို စစ်တပ် က သေနတ်နဲ့လှမ်းပစ်ခဲ့လို့ ယာဉ်မောင်းသေဆုံးပြီး ခရီးသည်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ် ပါတယ်။ 

သေဆုံးသူမှာ “ရိုးမမဏ္ဏိုင်” ခရီးသည်ယာဉ်လိုင်းမှ ယာဉ်မောင်းကိုစိုးသူဖြစ်ပြီး ဒဏ်ရာရရှိသွားတဲ့အမျိုးသမီးကတော့ EPC မှ ဝန်ထမ်းဖြစ်ကြောင်းသိရပါတယ်။ 

ပစ်ခတ်မှုအပြီးမှာ ရုပ်အလောင်းနဲ့ ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သံတွဲမြို့သို့သယ်လာပြီးဆေးရုံပို့ပေးခဲ့တာဖြစ်ပါ တယ်။

ရခိုင်ပြည်ရှိအမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တောစတဲ့မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုဟာ နေ့စဉ်ဖြစ်ပွားနေတာပါ။

Source – Development Media Group

ခမ်းပါတ်နဲ့ ကလေးမြို့ လူနေရပ်ကွက်ထဲ ဗုံးကြဲလို့ အမျိုးသမီး နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်နဲ့ ကလေးမြို့နယ်ကို ဧပြီ ၂၂ ရက်က စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးပြီး ၉ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လူအများအိပ်မောကျနေချိန် နံနက် ၂ နာရီ ဝန်းကျင်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး ခမ်းပါတ်မြို့မှာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလိုကလေးမြို့နယ်၊ စော်ဘွား (ရေရှင်) ရွာနေအမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် နန်းစံပြရပ်ကွက်မှ အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အို ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကူညီ ပေးနေသူများထံမှ သိရပါတယ်။

Source – Myanmar Now              

စစ်တပ် ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ်ကလေးအပါအဝင် ၉ ဦးဒဏ်ရာရ 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာနဲ့ ဘောကထာကျေးရွာတွေကို စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဧပြီလ ၂၄ ရက်နေ့မှာ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။ 

သေဆုံးသူတွေဟာ ဘုရားကြီးကျေးရွာက ဒေါ်စန်း၊ ဒေါ်ကေသီထွန်းတို့ဖြစ်ပြီး ဘောကထာကျေးရွာမှ ညာနော်ဂေး၊ ဒေါ်တူ တူးဖိုး၊ ဒေါ်ပုချို၊ နော်နန်းထွေး၊ မောင်ခိုင်ထွန်းဦး၊ မောင်ထက်ချိုအောင်၊ မောင်အောင်ကောင်းမာန်တို့ ဒဏ်ရာရခဲ့သလိုအ သက် ၁ နှစ်အရွယ်စောစိုင်းထက်ဦးနဲ့ ၆ လအရွယ် စောသန်းပြည့်ဇော်တို့လည်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အလားတူ မတ် ၈ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ရေလဲကျေးရွာနဲ့ ရင်းတိုက်ကုန်းကျေးရွာတွေကို စစ်တပ်က လက် နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါပစ်ခတ်ခဲ့ရာ ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Source – မြေလတ်အသံ

စစ်တပ်မှ ပစ်လိုက်တဲ့လက်နက်ကြီးထိမှန်လို့ လောင်းလုံးက အဖွားတစ်ဦးသေဆုံး

စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လောင်းလုံးမြို့ပေါ်မှ အဖွားတစ်ဦး ကျည်စထိမှန် သေဆုံးသွားကြောင်း ဒေသခံတွေဆီမှ သိရပါတယ်။

ဧပြီလ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် လောင်းလုံးမြို့ ထိန်သစ်ရပ်ကွက်ရှိ အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်အေးကိုလက် နက်ကြီးကျည်စထိမှန် သေဆုံးသွားတာဖြစ်ပါတယ်။

မြို့တွင်းရှိ စစ်ဖက်ရေးရာထောက်လှမ်းရေးရုံးမှာတပ်စွဲထားတဲ့ စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

Source – Dawei Watch

ဆီဆိုင်မှာ လက်နက်ကြီးကျလို့သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ရွာတွေဘက်ကို မြို့အဝင်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၄၂၃) က လက် နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ နမ့်တောင်ရွာမှ ကလေးတစ်ဦး အပါအဝင် သုံးဦးဖြစ်ပြီး နောင်ကျောကျေးရွာမှာလည်း တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးကျလို့ အသက် ၆၀ ကျော်အရွယ် ပအိုဝ်းအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရသူတွေဟာ တောင်ကြီးဆေးရုံးကြီးမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ်တော့ စိုး ရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

Source – RFA                            

Author:

Related Articles