မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ချိုးဖောက်မှုများကို ရပ်တန့်ကြပါစို့။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ချိုးဖောက်မှုများကို ရပ်တန့်ကြပါစို့။
This author has not written his bio yet.
But we are proud to say that webmaster contributed 1437 entries already.
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ချိုးဖောက်မှုများကို ရပ်တန့်ကြပါစို့။
လျှပ်စစ်မီးက မြို့နယ်တွေကို အုပ်စုခွဲပြီး ၄ နာရီခြားတစ်ခါအချိန်လှည့်မီးပေးပေမယ့်၊ပုံမှန်ပေးရမယ့်အချိန်အတိုင်း အပြည့် အဝမရကြပါဘူး။ System Breakdown(ဓာတ်အားစနစ်ချို့ယွင်း)တာ၊ဝန်အားလျှော့တာ၊သစ်ပင်ခုတ်တာစတဲ့အကြောင်း ပြ ချက်တွေနဲ့ မီးပျက်တဲ့အတွက် အချို့မြို့နယ်တွေမှာ တစ်နေကုန်မှ ၃နာရီသာ လျှပ်စစ်မီးရတဲ့ နေ့ တွေလည်း ကြုံနေရတာပါ။
ရှင်ငြိမ်း “ဥပဒေမဲ့နေတဲ့ကာလမှာ စစ်တပ်ရဲ့ယုတ်မာမှု၊ ဖိနှိပ်မှုတွေကို သာမာန်လူတွေထက် LGBT ပိုခံစားရတယ်။ ဒါ့ ကြောင့် လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ကြောက်ရွံ့မုန်းတီးမှုတွေကို တော်လှန်ရေးနဲ့အတူ တိုက်ထုတ် သွားမယ်။”လို့ လိင်စိတ်ခံယူမူကွဲပြားသူ(LGBT)တွေက ထောက်ပြပြောဆိုနေကြပါတယ်။ ဒါကတော့ အကြောင်းအရင်းမရှိဘဲ LGBT တစ်ဦးဖြစ်တဲ့နဝရတ်အောင်အောင်ရဲ့မိတ်ကပ်နဲ့ ဆံပင်အလှပြင်ဆိုင်ထဲကိုစစ်သားနဲ့ ရဲတွေဝင်လာပြီး ဆိုင်ရှိ LGBT လေးဦးကို သေကောင်ပေါင်းလဲထိုးကြိတ်ရိုက်နှက်ခဲ့တဲ့အပြင် နှုတ်နဲ့လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ ပြုလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုလိုရိုက်နှက်သွားပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နဝရတ်အောင် အောင်ကို ဆန္ဒပြသပိတ်မှာပါဝင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးရာမှာလည်း ရဲနဲ့ စစ်သားတွေဟာ နဝရတ်အောင်အောင်နေအိမ်ကို အင်အားအလုံးအရင်းနဲ့ရောက်လာပြီး သူ့ကို ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့အပြင် နားထင်ကို သေနတ်နဲ့ ထောက်ကာ အကြမ်းဖက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါ တယ်။ […]
HIဌာနရဲ့ ဒီအပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “ မေလ (၁၇) နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ (IDAHOT)မှာ အလွှာအသီးသီးမှာ ရှိတဲ့ LGBT တွေရဲ့ ရင်တွင်းခံစားချက် စကားသံ”ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်ရှင်။
နှစ်စဉ် မိုးရာသီမှာ မိုးရေချိန်များစွာ ရွာသွန်းလေ့ရှိတဲ့ ရခိုင်ပြည်နယ်မှာ နွေရာသီရောက်ရင် ရေရှားပါးတာကို နှစ်စဉ် ကြုံတွေ့နေရပြီး အခုလို စစ်ဘေးရှောင်ဦးရေများလာတဲ့အချိန်မှာ ရေရှားပါးမှုကြုံနေရတာဟာ စစ်ရှောင် အမျိုး သမီးတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ လူမှုကူညီရေးလုပ်ငန်းလုပ်နေတဲ့ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အခက်အခဲတွေကြားမှာ စွန့်စားပြီးလုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်အခြေအနေ အခက် အခဲ တွေဘာတွေရှိနေလဲ။ဒီအခြေအနေတွေကို ဘယ်လိုကျော်ဖြတ်နေကြလဲဆိုတာကို အမျိုးသမီး Delivery လုပ်ငန်း လုပ်ကိုင်သူတွေကိုဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းပေးချင်တာဖြစ်ဖြစ် ရင်ဖွင့်ချင်တာဖြစ်ဖြစ် HI ပေးစာ/ပြန်စာကဏ္ဍကို ဆက်သွယ်ပေးပို့နိုင်ပါပြီရှင်။
မေလ ၅ ရက်ကနေ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
စစ်မှုထမ်းဖို့ တပ်သားသစ်တွေစုဆောင်းသွားပြီးတဲ့နောက်မှာပဲ တိုက်ကြီးမြို့နယ်က ဘာသာခြား လူငယ် တစ်ဦး ကို သင်တန်းမှာဝက်သားမစားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းရိုက်နှက် ခဲ့တဲ့ အတွက် မင်္ဂလာဒုံစစ်ဆေရုံမှာဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် စစ်မှုထမ်း ခေါ်သွားခံရတဲ့သူတွေရဲ့ မိသားစုတွေမှာ စိုးရိမ်ရေချိန်မြင့်တက်နေကြတာပါ။
စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အမျိုးသမီးတွေဟာ နေရာပေါင်းစုံ ၊ဘက် ပေါင်း စုံကနေပါဝင်ခဲ့ကြပါတယ်။လက်ရှိအချိန်ထိလည်း တော်လှန်ရေးရဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း (၆၀)ဝန်းကျင်ရှိတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောဆိုထားပါတယ်။

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။