Entries by webmaster

ခက်ခဲလွန်းတဲ့ ခရီးရှည်ကို လျှောက်လှမ်းနေရတဲ့ CDM များရဲ့အသံ

“ဒီ CDM လုပ်တဲ့ တစ်လျှောက်မှာ အမှန်တိုင်းပြောရရင် စိတ်လုံခြုံမှုမရှိဘူး။ မလွတ်လပ်ဘူး။ စားဝတ်နေရေးလည်း ကိုယ့် ဘာသာကို ဈေးရောင်းပြီး ရပ်တည်နေရတာ။ ခက်ခဲတယ်။ သူများတွေထက် ပိုကြိုးစားရတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာတွေက ဘာမှလုံခြုံမှုမရှိနေဘူး။ အစ်မတို့ရှေ့မှာပဲ ဖမ်းတာတွေရှိတော့ ပိုလို့တောင် စိတ်လုံခြုံမှု မရှိဘူး။ ကိုယ့်နိုင်ငံ လည်း သူများနိုင်ငံနဲ့ နည်းတူ ဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရ အရသာကို အပြည့်အဝ ခံစားစေချင် တယ်။ စစ်အာဏာရှင်ကို တော်လှန်ရေးတာက အစ်မတို့ နောက်ဆုံးပေါ့ ဆိုတဲ့ စိတ်နဲ့‌တောင့်ခံပြီး နေနေရတယ်”

ရွေးချယ်မှုနဲ့ ပေးဆပ်မှုကြားက အမေ့လျော့ခံ CDM တွေရဲ့ ဘဝ

“ကိုယ့်အဖွဲ့အစည်းကို အားကိုးမိတယ်၊ ကာကွယ်ပေးမယ်လို့လဲ မျှော်လင့်မိတယ်။ ဒါပေမယ့် အမျိုးသားက CDM ဖြစ်တဲ့အပြင် တော်လှန်ရေးမှာပါတဲ့အတွက် အလုပ်ထုတ်ဖို့ပဲ သူတို့ ဆုံးဖြတ်လိုက်ကြတယ်”လို့ မနွေဦးက စိတ်မကောင်းစွာ ရင်ဖွင့်ပြောပါတယ်။

မိုးထိအောင်ထောင်တက်နေတဲ့ ကုန်ဈေးနှုန်းတွေနှင့် ရခိုင်ငါးလုပ်ငန်းက လခနည်းအမျိုးသမီးတွေ

“အစိုးရနေ့စားအလုပ်မှာပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ငါးဖမ်းလုပ်ငန်းမှာပဲဖြစ်ဖြစ် အမျိုးသမီး တွေက အမျိုး သားတွေထက် လုပ်ခနည်းနေပါတယ်။ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။”

အန္တရာယ်လမ်းမများထက်က အမျိုးသမီးများ

“လမ်းမပေါ်ဖုန်းမထုတ်တာ အကောင်းဆုံးပါ။ လူနည်းတဲ့နေရာ တစ်ယောက်ထဲမသွားပါနဲ့ အိတ်တွေကို သေချာသတိနဲ့ကိုင်ပါ။ ဆိုင်ကယ်တို့ လူအုပ်စုတို့ ကပ်လာရင် သတိထားပါ။ တစ်ခုခုဆို လူရှိတဲ့စတိုးဆိုင်ထဲ ပြေးဝင်ပါ။ ဂရုစိုက်ကြပါ”

ဝမ်းရေးအတွက် အန္တရာယ်ခံတွင်း၀မှာ စွန့်စားလုပ်ကိုင်နေကြရတဲ့ အမျိုးသမီးငယ်တွေ

“ ကျမတို့ကိုအရမ်းအထင်သေးတယ်။ နှိမ်တယ်။ မကောင်းတဲ့မိန်းမလိုမြင်ပြီး လုပ်ချင်သလိုလုပ်နေကြတယ်။ အဲလိုခံစားရ တယ်”

ဆေးရောင်စုံတွေကြားက ပရဟိတကြယ်

မခွန်းဆင့်သွေး ကူညီရောင်းချပေးတဲ့ ပန်းချီဆရာကြီးတွေအနေနဲ့ တချို့ စားဝတ်နေရေး ပြေလည် သွားကြတာ၊ ကျူးကျော်အိမ်ကနေ အိမ်ငှားဘဝအဖြစ် ပြောင်းလဲသွားကြတာ၊ အကြွေးတွေ‌ ကျေသွားတာ စသဖြင့် အဆင်ပြေသွားကြပါတယ်။

စစ်မီးအပူကြောင့်အေးချမ်းမှုကိုစွန့်ခဲ့သူ

“ကျနော် မောင်းအပြေး၊ မောင်းပြေးလိုက်တဲ့အချိန်မှာ လက်ကိုင်ကိုကိုင်နေရာကနေ အဲ့စစ်သားက ဖင်ထိုင်ခုံ နောက်အစွန်းကို ကိုင်လိုက်လာတာ ဒရွတ်တိုက်ကြီး၊ အတင်းမောင်းတာပဲ။ ဒါမြို့ပြမှာ သပိတ်သမားတွေရဲ့ ဒုက္ခပေါ့ “

ဘဝကိုအရှုံးမပေးတဲ့ မနှင်းဆီ

“ဆေးခန်းသွားတော့ မနက်စစ်ပြီးညနေမှာ ဆေးရလာဒ်သိခဲ့တယ်။ စိတ်ဓာတ်ကတော့ အရမ်းကျသွား ခဲ့တယ်။ ကိုယ်ဖြစ်တာတော့ သိတယ်။ ဒါပေမဲ့အခုလိုကြီး လက္ခဏာပြလာတော့ မယုံနိုင်တော့ဘူး။ ညရောက်တာနဲ့ ငိုပြီ။ အမေကိုလည်း မျက်နှာမပြရဲဘူး။ အမေသမီးမနေချင်တော့ဘူး သမီးကိုတစ်နေရာ ပို့လိုက်တော့။ သမီးဆက်နေရင် အမေတို့နာမည်ပျက်လိမ့်မယ်။ အရမ်အားငယ်ပြီး ကိုယ့်ကိုယ်ကို သတ် သေချင်စိတ်ပေါက်တဲ့အထိဖြစ်ခဲ့တယ်”

ဝမ်းရေးအတွက် ခရောင်းလမ်းထက် ဖြတ်သန်းနေရတဲ့ တက္ကစီယာဉ်မောင်းသမ

“ဆီဈေးက ဒီထပ်တက်လာရင်တော့ ဆီကားသမားတွေတော်တော်များများ ဒုက္ခရောက်ကုန်လိမ့်မယ်။ စီးတဲ့ခရီးသည်တွေ အနေနဲ့လည်း ဒီထပ် ပေးပြီးတော့ သူတို့လည်း မိုင်ကုန်နေပြီ ပေးရတာလေ စီးနိုင်ကြမှာ မဟုတ်တော့ဘူး။ကားသမားတွေလည်း ဆွဲနိုင်ကြမှာ မဟုတ်တော့ဘူး။ စီးတဲ့ခရီးသည်တွေက ဒီခရီး ဒီငွေအမောင့်ကသွားနေကြ သွားနေကြ ဆိုပြီးပြောပေမယ့် ကိုယ်က ဒီဘက်မှာ ဆီဈေးက မတရားတက်နေတာ။ဆီဈေးများ ၂၅၀၀ကျော်သွားခဲ့ရင်တော့ အစ်မက တက္ကစီမောင်းတာ ရပ်ရမယ့် ဘဝဖြစ်နေပြီ “