Entries by webmaster

ခရီးရှည်နှင်ရင်း နွမ်းလျလာတဲ့ CDM တွေ

ပြောင်းလဲလာတဲ့ အခြေအနေတွေအောက်မှာ CDM တွေဟာ ကိုယ့်နဲ့ ကိုယ့်မိသားစုရှင်သန်ရပ်တည်ရေး အလူးအလဲ ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။

ကြောက်လို့ တော်လှန်နေတာဆိုတဲ့ ကလေးနှစ်ယောက်မိခင်

“အမှန်အတိုင်း ဝန်ခံရရင် ကျမတို့ကြောက်လို့ ခုလိုတော်လှန်နေတာပါ။ အမိန့်အာဏာနဲ့ ထင်တိုင်းကြဲပြီးအုပ်ချုပ်တဲ့ အာဏာရှင်စနစ်ကို ကြောက်တာ”

နိုင်ငံရေး ပဋိပက္ခကြားက အိမ်တွင်းအကြမ်းဖက်မှုများ

“အိမ်တွင်းအကြမ်းဖက်မှု ပြသာနာက နေရာတိုင်းမှာ ရှိနေပေမယ့် မတူတာက ဒီဘက်ဒေသမှာ စစ်ရှောင်နေရတဲ့ အခြေအနေမှာ ပြသာနာက တစ်ခုပြီးတစ်ခု ကြုံရတဲ့အချိန် အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာက ပံ့ပိုးမှုတွေ အများကြီး လိုအပ်တယ်”

ပြန်ပေးသမားတို့ရဲ့ ပစ်မှတ်ဖြစ်နေသည့် ကလေးငယ်များ

“ ကျမတို့မြို့မှာက လက်နက်ကိုင်တွေပေါတယ်လေ။ ကိုယ့်တိုင်းရင်းသားလက်နက်ကိုင်တွေ အားကိုးရမယ် မထင်နဲ့ သူတို့တောင်းတဲ့ ဆက်ကြေး (အခွန်)တွေတာပေးရတာ ကျမတို့ရဲ့ လုံခြုံရေးကို တချက်မှ မကြည့်ဘူး။ ဓားပြတွေ သူခိုးတွေလည်း မဖမ်းပေးဘူး။ ဒီမှာ မလုံခြုံတော့ တချို့ဆိုရင် ရန်ကုန်၊ မန္တလေးဘက် ပြောင်းသွားတယ်”

အားတင်းထားပါ မဗေဒါ

“ပစ္စည်းတွေမရရင် ဒီအလုပ်ကို မလုပ်ချင်တော့ဘူးဆိုပြီး ဖော့ပေါ်မှာ စိတ်ကုန်သွားတာလည်းရှိတယ်။ ဆင်းချင်စိတ် မရှိတော့ဘူး။ အော် ငါ့သားသမီးလေးတွေရှိသေးတယ်ဟ၊ ဒီအလုပ်ကိုမလုပ်ရင် သူတို့စားဖို့ခက်လိမ့်မယ် ဆိုပြီး ကိုယ့်ဘာ ကိုယ် စိတ်ကိုအားပေးပြီး လုပ်ရတယ်”

ဓလေ့အမှားတွေကို တွန်းလှန်နေကြတဲ့ အမျိုးသမီးတွေ

“ယောကျာ်းကိုကွာဖို့ သူများအိမ်မှာ အလုပ်လုပ်ပေးရင်း အကြွေးဆပ်ခဲ့ရတယ်။ ယောကျာ်း ယူမသုံးနိုင်အောင် အရိုက်ခံပြီး ငွေစုတယ်။ ငွေပေးလည်း ရွာလူကြီးတွေနဲ့ သူ့မိဘတွေလည်း ကွာမပေးတော့ ထွက်ပြေးရတယ်”လို့ လွေးက ဆိုပါတယ်။

မျက်နှာက ပြုံးနေပေမယ့် လက်သီးကတော့ တင်းနေအောင် ဆုပ်ထားတယ်

“ဒီတစ်ခေါက်ရန်ဖြစ်တော့ အရိုက်ခံရတုန်းက ပြန်မလုပ်တော့ဘဲ ငြိမ်ခံပြီး အသေခံလိုက်ဖို့အထိ ဆုံးဖြတ်လိုက် သေးတယ်။ တစ်ခါထဲဝဋ်ကျွတ်တယ်ဆိုပြီးတော့လေ။ ဒါပေမယ့်လည်း ဒီလိုအရှုံးပေးလို့မရဘူးဆိုပြီး ပြန်လုံးတာ”

အခက်အခဲတွေကြားက မေတ္တာရိပ်မြုံ

စိန်ခေါ်မှုတွေ အများကြီးထဲက သူ့အတွက်အကြီးမားဆုံး အခက်အခဲကတော့ မြေနေရာ အပိုင်မရှိတာပါ။ လက်ရှိနေရာက သူများ‌မြေကို ငှားပြီး အိမ်ဆောက်ထားတာဖြစ်ပါတယ်။