Home ဗီဒီယို ဝမ်းရေးအတွက် ခရောင်းလမ်းထက် ဖြတ်သန်းနေရတဲ့ တက္ကစီယာဉ်မောင်းသမ

ဝမ်းရေးအတွက် ခရောင်းလမ်းထက် ဖြတ်သန်းနေရတဲ့ တက္ကစီယာဉ်မောင်းသမ

ရိုက်ကူး – HI

ရန်ကုန်မြို့ကတက္ကစီယာဉ်မောင်းတွေဟာ ဆီဈေးအဆမတန်မြင့်တက်လာတာ၊ခိုးဆိုးလုယက်မှုတွေများလာတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

ရန်ကုန်မြို့မှာ စီးတီးတက္ကစီမှတ်ပုံတင်ထားတဲ့ ယာဉ်(၆၀၀၀)ကျော်ရှိတယ်လို့ YRTC(Yangon Region Transport Committee )ကထုတ်ပြန်ထားပြီး ယာဉ်မောင်းအများစုက အမျိုးသားတွေဖြစ်ပါတယ်။

အမျိုးသားတွေနဲ့ရင်ဘောင်တန်းကာ တက္ကစီမောင်းရင်း မိသားစုတာဝန်ထမ်းနေတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။

မဇင်ဇင်ဦးဟာလည်း အမျိုးသမီးတက္ကစီ ယာဉ်မောင်းအနည်းစုထဲကတစ်ယောက်ပါ။

အမျိုးသားနဲ့ကွာရှင်းထားတဲ့ မဇင်ဇင်ဦးဟာ သူ့ရဲ့သမီး(၃)ယောက်ကို တက္ကစီမောင်းရင်း ရှာဖွေကျွေးမွေးနေတာပါ။

ကိုယ်ပိုင်လုပ်ငန်းတွေ စီးပွားကျလာတာကြောင့် တက္ကစီမောင်းတဲ့အလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာလို့ သူကပြောပါတယ်။

အမျိုးသမီး တက္ကစီယာဉ်မောင်း တစ်ယောက်ဖြစ်တဲ့အတွက် လုပ်ငန်းသဘော သဘာဝအရ အမျိုးသားတွေထက်ပိုပြီး စိန်ခေါ်မှုတွေများပါတယ်။

“ဆီဈေးက ဒီထပ်တက်လာရင်တော့ ဆီကားသမားတွေတော်တော်များများ ဒုက္ခရောက်ကုန်လိမ့်မယ်။ စီးတဲ့ခရီးသည်တွေ အနေနဲ့လည်း ဒီထပ် ပေးပြီးတော့ သူတို့လည်း မိုင်ကုန်နေပြီ ပေးရတာလေ စီးနိုင်ကြမှာ မဟုတ်တော့ဘူး။ကားသမားတွေလည်း ဆွဲနိုင်ကြမှာ မဟုတ်တော့ဘူး။ စီးတဲ့ခရီးသည်တွေက ဒီခရီး ဒီငွေအမောင့်ကသွားနေကြ သွားနေကြ ဆိုပြီးပြောပေမယ့် ကိုယ်က ဒီဘက်မှာ ဆီဈေးက မတရားတက်နေတာ။ဆီဈေးများ ၂၅၀၀ကျော်သွားခဲ့ရင်တော့ အစ်မက တက္ကစီမောင်းတာ ရပ်ရမယ့် ဘဝဖြစ်နေပြီ ” လို့သူကဆိုပါတယ်။

အခက်အခဲတွေ ရှိနေပေမယ့် မိသားစုအတွက် တစ်ရက်ကို တစ်သောင်းခွဲလောက် ကျန်အောင် ကြိုးစားပြီးမောင်းတယ် လို့ မဇင်ဇင်ဦးက ဆိုပါတယ်။

မဇင်ဇင်ဦးဟာ အနာငါတ်မှာ ကိုယ်ပိုင် တက္ကစီကားတစ်စီးဝယ်နိုင်ဖို့ ရည်မှန်းထားပြီး လက်ရှိ တွေကြုံနေရတဲ့အခက်အခဲတွေကို အားတင်းကျော်ဖြတ်နေပါတယ်။

Author:

Related Articles