အလုပ်သမများအပေါ်လိင်စော်ကားမှုနှင့် ခွဲခြားဆက်ဆံမှုများ မေဒေးမှာထုတ်ဖော်
ပစ်တိုင်းထောင်မ။ ရန်ကုန် – မေလ (၁) ရက်နေ့ဖြစ်တဲ့ ဒီနေ့မှာ ကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားများနေ့အခမ်းအနားကို တက် ရောက်လာသူတွေက စက်ရုံအလုပ်ရုံတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရှိနေသေးတယ်လို့ ပြောလိုက် ပါတယ်။ အထည်ချုပ်စက်ရုံက အလုပ်သမတဦးဖြစ်တဲ့ မနှင်းချယ်ရီက သူတို့တွေအနေနဲ့ ဘယ်လိုအကြမ်းဖက်မှု မျိုးတွေ ခံနေရသလဲဆိုတာကို အခုလို ရှင်းပြပါတယ်။ “ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးမဟုတ်တာတောင် ပြောတဲ့စကားတွေက ရိုက်တာထက် နာတယ်။ နှုတ်အားဖြင့် ညစ်ညစ်ညမ်းညမ်း ဆဲဆိုတာတွေရှိတယ်။ ဆဲဆိုနေတဲ့သူတွေက အိမ်ထောင်သည်အမျိုးသား တွေ၊ အရက်သမားတွေလည်းဖြစ်တယ်။ ညီမတို့က အမျိုးသမီးလည်းဖြစ်၊ လူငယ်လည်း ဖြစ်တော့ ပြန်မ ပြောရဲဘူး။ ရှက်လည်းရှက်၊ ကြောက်လည်းကြောက်တာပေါ့။ အဲဒါမျိုးတွေက ရိုက်တာထက်တောင် ပိုနာ ကျင်ရတယ်” အလုပ်သမားနေ့ကျင်းပရေးမှာ ပါဝင်တဲ့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ ဒါရိုက်တာ ကိုသစ် ကတော့ […]


