ကြေပျက်သွားတဲ့ ဘဝတွေ
မလိခ။ ။ “အိမ်ကနေတောကို သုံး၊ လေးရက် ပုန်းနေပေမဲ့ လုံခြုံမှု မရှိတော့လို့ လိုင်ဇာဘက် သုံးရက် လမ်းလျှာက်ပြီး လာခဲ့ရတယ်။ အငယ်ဆုံး ကလေးကိုတော့ ကားနဲ့ ထည့်ပေးလိုက်တယ်။ ကျမက ကလေးနှစ်ယောက်နဲ့ တောလမ်းကနေ လမ်းလျှောက်လာတယ်။” လွန်ခဲ့တဲ့ ၆ နှစ် ကချင်လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ တပ်မတော်အကြား တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အချိန်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေတာပါ။ “အငယ် ဆုံးကလေးနဲ့ သုံးရက် ကြာမှ ပြန်တွေ့တယ်။” ခုလို ပြောပြနေသူကတော့ အသက် ၄၀ နှစ်အရွယ် ဒေါ်လထော်နန်ဂရောင် ဖြစ်ပါတယ်။ ကချင်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယောက်ျားဖြစ်သူနဲ့ကတော့ တကျော့ပြန်တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန်လ ၉ ရက်နောက်ပိုင်း နှစ်လ […]


