ခွဲခြားဆက်ဆံခံနေရတဲ့ ရှမ်းရှေ့သွားတောလား…
နန်းဆိုင်နွမ်။ ။ “ မှတ်ပုံတင်ပါလား၊ အသက် ၁၈ နှစ်ပြည့်လား” လို့ ကားဆရာက ထူးဆန်းတဲ့မေးခွန်းတွေ မေးပါတယ်။ အောက်တိုဘာလ (၁၅)ရက်နေ့၊ နံနက်(၉)နာရီခွဲ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ရှမ်းရှေ့တာချီလိတ် သွားတဲ့ ကားသမားတစ်ဦးဖြစ်တဲ့ စိုင်းလုံက မေးလိုက်တဲ့မေးခွန်းပါ။ ခရီးသည်အမျိုးသမီးတစ်ဦးကတော့ (၁၈)နှစ်ပြည့်လားဆိုတဲ့မေးခွန်းကြောင့် ဝမ်းသာအားရနဲ့ “ ကားဆရာ ကျမက (၁၈)နှစ်မပြည့်သေးတဲ့ ရုပ်ပေါက်နေလို့လား” လို့ စနောက်ပြီး ပြန်မေးလိုက်ပါတယ်။ “ ကျွန်တော်ဆိုလိုတာ (၁၈)နှစ်မှတ်ပုံတင်ပါလားလို့ မေးတာပါ။ လမ်းမှာ ရုပ်ကိုမကြည့်ဘူး။ မှတ်ပုံတင်မှာ (၁၈)နှစ် ပြည့်မပြည့်ဘဲကြည့်တယ်” လို့ပြန်ဖြေလိုက်တဲ့အဖြေကတော့ တော်တော်ထူးဆန်းတဲ့ အဖြေပါပဲ။ အမျိုးသမီးတစ်ဦး ရှမ်းရှေ့ကိုသွားမယ်ဆိုရင် ပထမဦးဆုံး(၁၈)နှစ်ပြည့် မှတ်ပုံတင် ကိုင်ဆောင်ထားသလားဆိုတာ သိဖို့လိုအပ်ပြီး (၁၈)နှစ်မပြည့်ဘဲ ခရီးသွားလာရင် စစ်ဆေးရေးဂိတ်မှာ ငွေပေးဆောင်ရတယ်လို့ စိုင်းလုံက […]


