စစ်ပွဲကြားက ဆေးဆရာမများ
နန်းဆိုင်နွမ်။ ။ `စစ်ပွဲကြောင့် မွေးလူနာတဦးကို ဆေးရုံလွှဲပြောင်းလို့မရ၊ သွေးတွေကလည်း သွန်နေပြီ၊ သတိလစ်ပြီး နောက်ဆုံး တော့ ကျမလက်လွှတ်ဆုံးရှုံးခံလိုက်ရတယ်”။ နော်ဆာမူးနာထူးက နှစ်(၂၀)ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် ဘယ်တော့မှ မေ့မရနိုင်တဲ့ ကရင်ပြည်နယ်အတွင်း ကရင့် အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ကျေးရွာက သူ့အတွေ့အကြုံကို ပြောပြတာပါ။ အဲဒီတိုက်ပွဲကတော့ ကရင်အမျိုးသားအစည်းအရုံး( KNU)နဲ့ အစိုးရတပ်အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲပါ။ “အဲဒီနေ့က ဆေးရုံလွှဲပြောင်းခွင့်သာရခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေး၊ နှစ်ဦးစလုံး အသက်ရှင်နိုင်မှာ ပါ” လို့လည်း သူကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့အခါ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတွေအနေနဲ့ သေမင်းခံတွင်းဝကို တိုးဝင်ရသလိုပါပဲ။ တိုက်ပွဲ ကြားထဲက စစ်သားတွေ၊ ကျည်ဆန်တွေ၊ ဗုံးဆံတွေက မီးဖွားခါနီး ကိုယ်ဝန်ဆောင်ရယ်လို့ ကရုဏာသက်တတ် ကြတာမဟုတ်တော့ သန်သန်မာမာလူတွေနဲ့အပြိုင် ဘေးလွတ်ရာ ပြေးကြရပါတယ်။ စစ်ပွဲကြောင့် သေနတ်ဒဏ်ရာနဲ့ […]


