ရိုးရာဓလေ့တိုင်း ကောင်းရဲ့လား
ခင်စုကြည်။ ။ “ဗုံဆိုတာတီးဖို့….မိန်းမဆိုတာ ရိုက်ဖို့…” ဒါကတော့ ချင်းရိုးရာစကားပုံတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ လင်ယောကျာ်းဖြစ်သူက ဇနီးမယားကို ရိုက်နှက်ဆုံးမပိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆမှားတွေဟာ မြန်မာပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတိုင်း လိုလိုမှာ ရှိနေတာကို တွေ့ရမှာပါ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခြင်းဆိုတဲ့စကားလုံးဝေါဟာရဟာ ချင်းဘာသာစကားမှာ မရှိဘူးလို့ဆိုကြ ပေမယ့်လည်း အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေကတော့ ချင်းပြည်နယ်ထဲမှာလည်း ကျယ်ကျယ်ပြန့် ပြန့်ဖြစ်ပွားနေပါတယ်။ လင်ယောကျာ်းက ဇနီးသည်ကို ရိုက်နှက်တာကို အကြမ်းဖက်ခြင်းလို့ မယူဆကြတဲ့သူ တွေလည်း အများအပြားရှိနေပါသေးတယ်။ “အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အဓိကဆိုလိုတာက ခင်ပွန်းက ဇနီးကို ရိုက်တာ။ သူတို့ဆီမှာ ဒီလို အကြမ်း ဖက်မှုဆိုတဲ့ စကားလုံးတောင် မရှိဘူး။ ကျမတို့သွားတဲ့ဒေသတွေမှာ ဒီစကားလုံး မရှိဘူး။ အယူအဆကလည်း အသစ်အဆန်းလိုဖြစ်နေတယ်။ တချို့ကျတော့လည်း ပညာတတ်အမျိုးသမီးတွေက အနောက်တိုင်းအယူအဆ တွေ လွှမ်းမိုးပြီး ယူလာသလို […]


