အမျိုးသမီးများ နိုင်ငံရေး ဆုံးဖြတ်ချက်ချရာတွင် ပိုမိုပါဝင်ရန် လိုအပ်နေသေး
နန်းဆိုင်နွမ်။ ။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ ပါဝင်ဖို့ လို အပ်နေသေးကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိုပြန်ပြီး သုံးသပ်ကြည့်လိုက်ရင် အမျိုးသမီးတွေပါဝင်မှုက အရင်ကထက်ပိုပြီး များလာပေမယ့် အမျိုးသမီးကိုယ်စားပြုမယ့် အသံထွက်လာဖို့က အားနည်းနေသေးတယ်လို့ ဆိုကြပါ တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာရော၊ ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူညီချက်( NCA) စာချုပ်မှာရော အမျိုးသမီးပါဝင်ရေးဆိုတဲ့ “မူ” ရှိနေပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ အမျိုးသမီးပါဝင်ရေးက မရှိသလောက်ပါလို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်းရေးမှူး (၁) နော်စဲစဲ က ပြောပါတယ်။ “အဓိကကျမတို့ ဖြစ်ချင်တာကတော့ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်စေချင်တာပါ။ အမျိုးသမီးတွေပါဝင်မှု အားနည်းနေချိန်မှာ အမျိုးသမီးတွေရဲ့အသံက […]


