Home သတင်း တနိုင်းသက်ငယ်မုဒိမ်းမှု စတင်စစ်ဆေးနေပြီ

တနိုင်းသက်ငယ်မုဒိမ်းမှု စတင်စစ်ဆေးနေပြီ

မလိခ။             ။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ပထွေးဖြစ်သူက အသက်(၃)နှစ်ကျော်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ(၂၆)ရက်နေ့က မြစ်ကြီးနားမြို့ရှိ ခရိုင်တရားရုံးတွင် ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

တနိုင်းမြို့မှ (၅)မိုင်အကွာအဝေးရှိ အောင်စိုးမိုးကျေးရွာမှ (၃)နှစ်ခွဲအရွယ် ကလေးငယ်အား ပထွေးဖြစ်သူက အဓမ္မပြုကျင့်သဖြင့် ကလေး၏မိခင်မှ သြဂုတ်လ (၁၆)ရက်နေ့က တနိုင်းမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားပြီး နောက် သြဂုတ်လ(၁၈)ရက်နေ့က ပထွေးဖြစ်သူကို မုဒိန်းမှုနှင့် အသက်မပြည့်သူကို ကြံစည်မှုဖြစ်သော ရာဇ သတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

“နေပြည်တော်က ဓာတုပြန်ကြားစာ(ဆေးစာ)မှာတော့ လတ်တလော ထိုးသွင်းဒဏ်ရာရှိတယ်။ အဲဒီလို တင် ပြထားတယ်ပေါ့။ ကလေးကို တရားသူကြီးက ချော့ပြီးတော့စစ်တာ ကလေးက သူ့ကိုတန်ဆာနဲ့ လုပ်တဲ့အ ကြောင်းတွေ တရားခံရှေ့မှာ ပြောပြတယ်။ ကလေးရဲ့အမေကိုလည်း စစ်ဆေးတယ်”ဟု ထွယ်အမျိုးသမီးများ ဖွံဖြိုးရေးဖောင်ဒေးရှင်း(ထွယ်ဂျန်ဒါ)အဖွဲ့မှ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဒေါ် ဆာလီထွေက ပြောသည်။

သြဂုတ်လ (၁၄) ရက်နေ့က ကလေးငယ်ကို ပထွေးဖြစ်သူနှင့်ထားခဲ့ပြီး မိခင်ဖြစ်သူက ကုန်စုံဆိုင်မှ မီးခြစ် သွားဝယ်ပြီး ပြန်လာချိန်တွင် ကလေးသည် တဲကြမ်းပြင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် အော်ငိုနေ သည်ကို တွေ့ရသဖြင့် မေးမြန်းရာ ပထွေးကို ကြောက်သည်ဟုသာ ပြောဆိုနေသဖြင့် ကျေးရွာရှိ သမီးလေး ၏ မူကြိုကျောင်းဆရာမများနှင့် အိမ်နီးချင်းများကို ကလေး၏မိန်းမကိုယ်ကို ကြည့်ရှုစေခဲ့ပြီး ဆရာဝန်နှင့် ပြ သခဲ့ကြောင်း ရှေ့နေဒေါ်ဆာလီထွေက ပြောသည်။

အဆိုပါ ကလေးငယ် အဓမ္မပြုကျင့်ခံရမှုသည် အမျိုးသမီးများနှင့် ကလေးများအပေါ် ချိန်းခြောက်နေခြင်းဖြစ် ပြီး ဥပဒေနှင့်အညီ အမှုမှန်ပေါ်ပေါက်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့နေဒေါ်ဆာလီထွေက ဆက်လက်ပြောဆိုခဲ့သည်။

“ဒါက အမျိုးသမီးထုကို ချိန်းခြောက်တာနဲ့ဆိုင်တယ်။ တရားဥပဒေကို စိန်ခေါ်တာလည်း ဖြစ်နေတယ်။ ပြီးရင် ဒီလိုအမှုကိစ္စက လုံးဝ မဖြစ်သင့်ဘူးလေ။ ကလေးက အရွယ်လည်း မရောက်သေးဘူး။ တိရိစ္ဆာန်တောင်မှ အရွယ်ရောက်မှ မျိုးပွားတာ။ အရွယ်မရောက်သေးတဲ့ကလေးကို အခုလို လုပ်တာက လူသားမဆန်ဘူး။ အဲ ဒါကြောင့် ဒီလိုလူတွေကို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးနိုင်အောင် ကျမတို့အတတ်နိုင်ဆုံး ဆောင်ရွက် သွားမှာပါ”ဟု သူက ပြောသည်။

အစောပိုင်းက ပထွေးဖြစ်သူအား တနိုင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှ မုဒိန်းမှုမြောက်သဖြင့် စက် တင်ဘာလ (၁၅)ရက်နေ့က မြစ်ကြီးနားခရိုင် တရားရုံးသို့ လွဲပြောင်းလိုက်သည်။

“ဆေးစစ်ချက်ကို တရားသူကြီးဆီပို့ပြီးပြီ။ အမှုကကြီးတယ်၊ မုဒိန်းမှုမြောက်လို့ မြို့နယ်တရားရုံးမှာ မစစ်ဘဲ ခရိုင်တရားရုံးကို လွဲလိုက်တယ်” ဟု အမှုအားလိုက်ပါဆောင်ရွက်နေသူ ကချင်အမျိုးသမီးသမဂ္ဂ (KWU) မှ ဒေါ်နန်ကိုင်က ပြောသည်။ မြို့နယ်တရားရုံးများက ပြစ်ဒဏ်ကို (၇)နှစ်အထိသာ အများဆုံးပေးနိုင်သည်။

လာမည့် အောက်တိုဘာလ(၉)ရက်နေ့တွင် မူကြိုဆရာမ(၂)ဦးနှင့် အသင်းတော်မှဆရာတစ်ဦးတို့ကို စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးအရေးဆောင်ရွက်နေသော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ထွယ်အမျိုးသမီးများ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ကချင်အမျိုးသမီးသမဂ္ဂ (KWU) တို့က အမှုကို ကူညီဆောင်ရွက်ပေးနေပြီး ထိုအဖွဲ့များမှ တာဝန်ရှိသူများက တနိုင်းမြို့နယ်၊ အောင်စိုးမိုးကျေးရွာအထိ သွားရောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ကျူးလွန်သူအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်နေခြင်း ဖြစ်သည်။

 

Related Articles