Entries by Administrator

ရပ်ရွာလုံခြုံရေး စိတ်မအေးနိုင်တဲ့ အမျိုးသမီးကင်းသမားတွေ

“ မိန်းကလေးလူငယ်တွေ ထွက်တာက တခုခုများလမ်းထိပ်မှာ တခြားအဖွဲ့အစည်းက တိုက်ခိုက်တာ မျိုးရှိရင် ဒေါသ အလျောက်တုံ့ပြန်တာက ယောကျာ်းလေးအများစုက တုံ့ပြန်တတ်တယ်။ အဲ့လိုမလုပ်ဖြစ်အောင် မိန်းကလေး တွေက ထိန်းတဲ့သဘောမျိုးနဲ့ စောင့်ဖြစ်တာ”

စစ်အာဏာရှင်ကို အံတုတွန်းလှန်နေကြတဲ့ အမျိုးသမီးသတင်းသမားတွေ

“ မိသားစုအတွက် ဒီအလုပ်မလုပ်ရလို့ ငတ်မယ်ဆိုလည်း ငတ်ပါစေတော့ဆိုပြီး ထွက်လိုက်တာ။ ကျွန်မစိတ်ထဲမှာ ကျွန်မ မြဝတီသတင်းစာကပါလို့ အင်တာဗျူးလုပ်လိုက်တဲ့အခါမျိုးမှာ သူတို့ဘက်က တိတ်ဆိတ်သွားတာက နားထောင်ပြီးတော့ ကိုယ်တိုင်အပြစ်သားတယောက်လို ခံစားရတယ်”

အမှောင်ခေတ်ထဲ ပြန်ရောက်မှာကြောက်နေတဲ့ တိုင်းရင်းသူတွေရဲ့သောက

“ သူတို့ကတော့ လက်နက်ကြီးတွေနဲ့ကိုင်ပြီး အာဏာသိမ်းတယ်။ အမေတို့မှာ လက်နက်မပြောနဲ့ပညာတောင်မရှိတော့ အမှားလုပ်မိမှာပဲ စိုးရိမ်နေရတယ်။” – ပအိုဝ်းတိုင်းရင်းသူကြီး မွိုးအုတ်

အိပ်မက်တွေအတွက် အာဏာရှင်ကို တွန်းလှန်မယ့် အမျိုးသမီးငယ်တွေ

“အာဏာသိမ်းတဲ့အတွက်ညီမတို့ ပညာရေးတွေအများကြီးထိခိုက်မယ်။ ပညာရေးတွေဆုံးခန်းမတိုင်ဘဲ တဝက်တပြက်ပဲ ရပ်သွားမလား ဆိုတာ တွေးမိရုံနဲ့ စိတ်တိုတယ်” – မဧကရီ

အာဏာရှင်ကိုတော်လှန်ဖို့ လမ်းမပေါ်ရောက်လာရတဲ့ သားသည်မိခင်တွေ

မိခင်တွေဟာ လသားအရွယ် ကလေးငယ်တွေကို ချီပိုး၊ အရွယ်ငယ်ငယ်ကလေးငယ်တွေကို လက်ဆွဲပြီး ရာသီဥတုဒဏ် ကို အံတုကာ လမ်းလျှောက်ဆန္ဒပြဖို့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေ မမှုဘဲ အာဏာရှင်စနစ်တွန်းလှန်မှုမှာ တစ်တပ်တစ်အား ပါဝင်လာကြတာပါ။
မူလက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ဆွေးနွေးဖို့ မိခင်တွေစုပေါင်းထားတဲ့ အစုအဖွဲ့ကနေ စစ်အာဏာသိမ်းတဲ့ ဖြစ်စဉ်မှာတော့ တစ်ထောင့်တစ်နေရာက ပါဝင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် လမ်းပေါ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်လို့ နိုင်င်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂ အဖွဲ့ဝင်တွေကဆိုပါတယ်။
မိခင်တွေအနေနဲ့ ရင်သွေးငယ်တွေကို စစ်ကျွန်ပညာရေး အမွေမပေးလိုတဲ့အတွက် ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ မိခင်တွေစုပေါင်းပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂအဖွဲ့ဝင်နှစ်ရာနီးပါး ရှိပြီဖြစ်ပါတယ်။

HD ဖိုင်နဲ့ အကျပ်ကိုင်ပြီးလိင်အမြတ်ထုတ်နေသူကို တွန်းလှန်ခဲ့သူ

“အွန်လိုင်းကနေ အခုလို ခြိမ်းခြောက်လာပြီ။ အသရေဖျက်မယ်လို့ ပြောလာရင်တော့ အမျိုးသမီးတွေ အနေနဲ့ record (မှတ်တမ်း)ယူပြီးတော့မှ သက်ဆိုင်ရာ ဥပဒေဖြစ်တဲ့ ၆၆(ဃ)နဲ့ တရားစွဲဖို့ လိုပါတယ်။ အဲ့လိုငြိမ်ခံရင် အမျိုးသမီးတွေက ခြိမ်းခြောက်သူရဲ့ ဆန္ဒကို ဖြည့်ပေးရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်သလိုမျိုးဖြစ်လာတယ်။ ဒီလိုဖြစ်လာရင်တော့ လုံးဝသည်းမခံတော့ဘဲ သက်ဆိုင်ရာ ဥပဒေနဲ့တိုင်သင့်တယ်”

ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ အမျိုးသမီးတွေဘယ်လိုရှင်သန်နေထိုင်နေသလဲ

“စိတ်ချမ်းချမ်းသာသာနဲ့ နေချင်တယ် အရမ်းကြီး မခမ်းနားရင်နေပါ။ လုံခြုံတယ် စားအသောက် အလုံအလောက်ရှိရင် ကျေနပ်တယ်။ အခု ကျမ ကလေးက အင်္ကျီရှိရင် ဘောင်းဘီမရှိဘူး။ ကလေးတွေလည်း သူများကလေးတွေနဲ့တူအောင် ထားချင်တယ်”

သင်္ကြန်ရှိနေသမျှ သံချပ်လည်းရှိနေမယ်

“ အိမ်ကတော့မိန်းကလေးဖြစ်တဲ့အတွက် ထောင်ဆိုတဲ့နေရာနဲ့ မိန်းကလေးနဲ့ မအပ်စပ်ဘူးပေါ့။ နောက်တခါထပ်ထောင်ကျမှာအရမ်းစိုးရိမ်ကြတယ်”

စစ်မြေပြင်မှာဖြတ်သန်းရတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့

“ ကျမ တို့ဒီလအတွင်း စစ်ပွဲ၂ ကြိမ်ရှောင်ရပြီ၊ တိုက်ပွဲငြိမ်ရင်အိမ်ကိုပြန်လိုက် အသံကြားရင်ပြန်လာလိုက်ပဲ။ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ တောင်းဆိုချင်တယ်”