Home ဗီဒီယို “ဘေးလွတ်ရာတိမ်းရှောင်ရင်းမောင်တောက ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးမှုရှိနေ”

“ဘေးလွတ်ရာတိမ်းရှောင်ရင်းမောင်တောက ရိုဟင်ဂျာအမျိုးသမီးနှင့် ကလေးငယ်တွေ သေဆုံးမှုရှိနေ”

ရိုက်ကူး – သန့်ရှင်းထွန်း

အာရက္ခတပ်တော်(AA) က မြို့သိမ်းတိုက်ပွဲဆင်နွဲနေတဲ့ မောင်တောမြို့ပေါ်မှာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေသေဆုံးမှုရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြို့သိမ်းတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ လူနေရပ်ကွက်တွေမှာ လက်နက်ကြီး၊ ဒရော့ဗုံးတွေကျလို့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်တွေသေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေကြုံခဲ့ရပါတယ်။

မြို့ပေါ်ရပ်ကွက်မှာမလုံခြုံတော့တဲ့အတွက် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာတွေဟာ သြဂုတ်လ ၅ ရက်က နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုတိမ်းရှောင်ကြစဉ်မှာ လက်နက်ကြီးနဲ့ ဒရော့ဗုံးတွေထိမှန်လို့ နယ်စပ်ခြံစည်းရိုးအနီးမှာ သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ကြပါတယ်။

အာရက္ခတပ်တော်( AA )ဟာ မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွဲဖို့အတွက် မြို့ပေါ်မှာ နေထိုင်နေကြတဲ့ မြို့ခံတွေအားလုံးကို လုံခြုံတဲ့နေရာတွေကိုတိမ်းရှောင်ကြဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ကြေညာချက်ထုတ်ပြန်သတိပေးထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီက မြို့ပေါ်ထွက်ပေါက်တွေအကုန်လုံးပိတ်ဆို့ထားတာကြောင့် ရိုဟင်ဂျာတွေအပါအဝင် ရခိုင်၊ ဟိန္ဒူစတဲ့ဒေသခံတွေဟာ မြို့ပေါ်မှာပိတ်မိနေခဲ့တာဖြစ်ပါတယ်။

အခုလိုပိတ်မိခဲ့သူတွေထဲမှာ ရခိုင်တွေအများစုဖြစ်ပြီး ဒုတိယအများဆုံးက ရိုဟင်ဂျာတွေလို့ မြို့ခံတွေကပြောပါတယ်။

မြို့ပေါ်မဟုတ်ပဲ AA ထိန်းချုပ်ထားတဲ့မောင်တောကျေးလက်ဒေသတွေမှာတော့ ရိုဟင်ဂျာတွေဟာ လုံလုံခြုံခြုံနဲ့ ကိုယ့်စီးပွားရေးကို လုပ်ကိုင်ကာအဆင်ပြေနေတယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းကပြောပါတယ်။

Author:

Related Articles