သြဂုတ်လ ၅ ရက်မှ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
Honest Information
-
-
သူဟာစာသင်ပေးနေရင်း ကျောင်းသားတွေကို အင်္ဂလိပ်စာနဲ့ ရင်းနှီးစေဖို့ စာအုပ်တွေ ငှားပေးပြီး ဖတ်ခိုင်းတဲ့ အလေ့အကျင့်လုပ်ပေးတဲ့အတွက် ကလေးတွေက အခုဆိုရင်သူတို့ကိုယ်တိုင်စာအုပ်ကိုရွေးချယ်ဖတ်နိုင်ပြီဖြစ် ပါတယ်။ ဒါ့အပြင် ကလေးတွေ အင်္ဂလိပ်စာရေးဖတ်တာ ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီး စာအုပ်တစ်အုပ်ဖတ်ပြီးရင် review ပြန်ရေးခိုင်းတာလည်း လုပ်ဆောင်ပါတယ်။
-
နေရပ်ပြန်ချင်တဲ့အိမ်မက်နဲ့ ကော့ပဇားဒုက္ခသည်စခန်းမှာအမျိုးသမီးအရေးလှုပ်ရှားမှုပြုလုပ်နေသူ မချိုချိုခိုင်
by webmaster249 viewsလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မချိုချိုခိုင်က ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့မှာ နေထိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ကော့ပဇားဒုက္ခသည်စခန်းကို ထွက်ပြေးခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးပါ။
-
လှောင်ပြောင်တိုက်ခိုက်မှုတွေကို ချစ်ခြင်းမေတ္တာနဲ့ရင်ဆိုင်နေတဲ့ လိင်တူခြင်းချစ်ခင်စုံမက်သူ ကိုထွေးနဲ့မမေ
by webmaster269 viewsယောကျာ်းလေးလိုနေထိုင်ပေမယ့် အမျိုးသမီးခန္ဓာကိုယ်ပဲဆိုတော့ ဆိုက်ကားနင်းရတာသူ့အတွက်ပင်ပန်းပါတယ်။ တနေကုန် ဆိုက်ကားနင်းရ၊ ခရီးသည်တွေရဲ့ အထုတ်အပိုးတွေကိုသယ်ပေးရ၊ တိုက်ခန်းအပေါ်တွေထိပစ္စည်းတင်ပေးရနဲ့ဆိုတော့ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲနာကျင်မှုဒဏ်ခံရတာတွေလည်းရှိပါတယ်။
-
ကမ်ပိန်းအတွက်ရည်မှန်းထားတဲ့ သတ်မှတ်ချက်(target) မပြည့်မှာ၊ လိုအပ်တာတွေကို အချိန်မီမဖြည့်ဆည်းပေးနိုင်မှာ စတာတွေစိတ်ပူရပါတယ်။ ဒါ့အပြင် မိထော်ရဲ့ပုံတွေကိုယူသုံးကာ အလှူခံတဲ့လူလိမ်တွေရဲ့ အန္တရာယ်က လည်းရှိပါသေးတယ်။ ထောက်ပို့လုပ်ငန်းတွေကိုဆောင်ရွက်ရင်းကြုံတွေရတဲ့အခက်အခဲများစွာကို အတက်နိုင်ဆုံး အကောင်းဆုံးကြိုးစားနေပါတယ်။
-
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ လွေးယေဦးနှင့်ဆက်သွယ်မေးမြန်းခြင်း
by webmaster303 viewsTNLAအနေနဲ့ စစ်ပွဲတွေမစတင်မီမှာ လူထုထိခိုက်မှုမရှိအောင် ဘယ်လိုစီစဉ်ဆောင်ရွက်ထားသလဲ။ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ၊ စစ်ရှောင်တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားမှုအခြေအ နေတွေနဲ့ပတ်သတ်ပြီးတအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို HIကဆက်သွယ်မေးမြန်းထားပါတယ်။
-
အရှေ့တောင်အာရှကိုယ်စားပြု News Editorial Leadership Award ချီးမြှင့်ခံရတဲ့ အမျိုးသမီးအယ်ဒီတာချုပ် နန်းဖော့ဂေ
by webmaster195 viewsအမျိုးသမီးတွေအနေနဲ့ဦးဆောင်သူနေရာကိုရောက်ဖို့ ဌာနရဲ့မူဝါဒအပေါ်မှာမူတည်ပြီး ဌာနရဲ့မူဝါဒထဲမှာခိုင်ခိုင်မာမာချမှတ်ကျင့်သုံးတာမျိုး၊ အမျိုးသမီးတွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်မယ်ဆိုရင် ဦးဆောင်သူနေရာရောက်ရှိဖို့က မခဲယဉ်းဘူးလို့ နန်းဖော့ဂေက မှတ်ချက်ပေးပါတယ်။
-
ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
-
“သမိုင်းမှတ်တမ်းမှာဆိုရင် အကြီးမားဆုံးကာလလို့ ပြောရမှာပေါ့။ ဒီလိုအချိန်ကာလမှာ ကျမကအဝေးမှာရှိနေတာထက် စစ်ပွဲအတွေ့အကြုံရချင်တယ်။ ကိုယ်တိုင်လည်း ကြုံချင်တယ်။ ဒါက ကျမအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်တယ်။ ဒီအခြေအနေမှာ ကိုယ်တိုင်ရှိနေတာက သတင်းသမားအတွက်ပိုပြီးတော့ကောင်းတယ် လေ။”လို့ သူထွက်လာရတဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။
-
နန်းဆိုင်နွမ် “ မိုးရွာရင် စိတ္တဇလိုပဲ။ မြစ်ရေကိုသွားသွားကြည့်နေရတယ်။ ညဆိုရင် အိပ်ရမှာတောင် ကြောက်နေပြီ” လို့ ဒေါ်ခွန်ဂျာတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ပြောလာပါတယ်။ ဒေါ်ခွန်ဂျာတို့နေထိုင်တဲ့ ကချင်ပြည်နယ်…