မေ ရာသီဥတုဒဏ်ခံနိုင်တဲ့ပေါ့ပါးတဲ့အကျီနဲ့ခေါင်းဆောင်းဦးထုတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ကားလမ်းမပေါ်မှာ စက်ဘီးတစ်စီးကိုသွက်လက်စွာနင်းနေပါတယ်။ လက်ထဲမှာလည်းအထုတ်တွေသယ်ထားပါသေး တယ်။ သူကတော့အသက်(၂၄)နှစ်အရွယ်အမရာလို့ခေါ်တဲ့အမျိုးသမီးငယ်ပါ။ သူဟာရန်ကုန်မြို့အနှံ့အစားအသောက်တွေ၊ ကုန်ပစ္စည်းတွေကို စက်ဘီးတစ်စီးနဲ့သွားရောက်ပို့ဆောင်နေသလို Quick & Easy…
Honest Information
-
-
စစ်မှုထမ်းဥပဒေကြောင့်အမျိုးသမီးတွေကြုံတွေ့လာနိုင်တဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး HI က ဆက်သွယ်မေးမြန်းထားပါတယ်။
-
ဇွန်လ ၁၆ ရက်ကနေ ၂၂ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
-
သူကစိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။
-
ရွာလုံးကျွတ်နီးပါးအသတ်ခံရတဲ့ထဲက ခင်ပွန်းသည်တွေ ပေးဆပ်လိုက်ရတဲ့ဗျိုင်းဖြူရွာမှအမျိုးသမီးတွေ
by webmaster285 viewsအဲဒီဖြစ်စဉ်ထဲမှာ ဗျိုင်းဖြူရွာက အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနှင့် အပျိုအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေက ထမင်းချက်ခိုင်းဖို့ခေါ်သွားပြီး မုဒိမ်းကျင့်ပြီး အိမ်ထောင်သည်အမျိုးသမီးကို သတ်ပစ်လိုက်ကာ ကျန် အပျိုအမျိုးသမီးနှစ်ဦးကိုတော့ပြန်လွတ်လိုက်ပါတယ်။
-
မဲဆောက်ရောက်တဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မဲဆောက် ရောက်တဲ့အခါမှာလည်း ပြည်တွင်းက CDM တွေအတွက်အပိုငွေထွက်အောင် အတက်နိုင်ဆုံးချွေ တာ နေထိုင်ခဲ့ပါတယ်။CDM တွေအတွက်အပိုဝင်ငွေထွက်အောင် MOJ ကငှားပေးတဲ့အိမ်အကောင်းမှာမနေပဲ ဈေး သက်သာတဲ့အိမ်မှာပြောင်းနေတာ၊ ခရီးစရိတ်မယူတာမျိုးတွေပါ။
-
“တစ်ရွာလုံးမှာရှိတဲ့ အမျိုးသမီးလေးတွေကဝိုင်းဝန်းပါဝင်ကြလို့ အဖွဲ့ရဲ့သုံးပုံနှစ်ပုံက အမျိုးသမီးငယ်လေးတွေပါ၊ အမျိုး သမီးငယ်တွေက တာဝန်မရွေးပါဘူး။ သူတို့လုပ်နိုင်တဲ့တာဝန်တွေကို အကုန်တာဝန်ယူ လုပ်ဆောင်နိုင်ကြတယ်။”လို့ အဏ္ဏဝါ ပြည့်စုံ- ပရဟိတအမှိုက်စီမံမှုအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဆရာကိုစိုးကျော်ကပြောပါတယ်။
-
“MOGE က နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်းရတယ်။ အဲ့ဒီငွေတွေနဲ့ စစ်အုပ်စုက လက်နက်ဝယ်တယ်။ လေယာဉ် ဆီဝယ်တယ်။ တိုက်လေယာဉ်တွေ ဝယ်တယ်။ စစ်ဆင်ရေးတွေမှာ သုံးတယ်။ အကြမ်းဖက်စစ်အုပ်စု ယန္တရား လည်ပတ်တယ်။ အဲ့ဒီအတွက် MOGE ကို ဖြိုဖို့လိုတယ်။”လို့ မူလန်က ဆိုပါတယ်။
-
ဇွန်လ ၃ ရက်မှ ၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
-
လက်ရှိမှာ ဘဝတူ CDM ဆရာမတွေနဲ့အတူနေထိုင်ပြီး ဖက်ဒရယ် ကျောင်းတွေမှာ Online ကနေစာသင်တာ၊ မြေ ပြင်မှာလည်းရွေ့ပြောင်းနဲ့စစ်ဘေးရှောင်ကလေးတွေကိုစာသင်ပေးနေတာတွေပြုလုပ်နေပါတယ်ဒါ့အပြင် CDM ဆ ရာမတွေနဲ့အတူအာလူးကြော်၊ငှက်ပျော်ကြော်၊ငါးခြောက်ကြော်၊ပုဇွန်ခြောက်ကြော်၊သရက်သီးသနပ်တွေကို“ဟီး ရိုး”အမှတ်တံဆိပ်နဲ့ရောင်းချနေပါတယ်။ ရတဲ့အမြတ်တွေကိုစားဝတ်နေရေးအတွက်အသုံးပြုသလိုတဖက်မှာလည်းတော်လှန်ရေးအတွက် လှူဒါန်းနေပါတယ်။