Home Tags Posts tagged with "၁၀၂၇စစ်ဆင်ရေး"
Tag:

၁၀၂၇စစ်ဆင်ရေး

  • “ကျမ ပြောချင်တာက တိုက်ပွဲတွေ ရပ်ပေးစေချင်ပါတယ်။ အခုဖြစ်နေတာကလည်း မြို့ပေါ်ပျက်စီးမှု‌တွေကလည်း များနေပြီ။ ပြည်သူတွေအထိနာဆုံးပါပဲ။ မြန်မြန် အေးချမ်းချင်တယ်” လို့ ပါ့ဆိုင်စိန်က ပြောဆိုလိုက်ပါတယ်။

  • လောက်ကိုင်မြို့ ဟာ စစ်ရေးပဋိပက္ခ မဖြစ်ခင်မှာတော့ အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်)၊ ကာစီနို၊ ဖဲရှိုး၊ ဖဲဝေတဲ့ လုပ်ငန်းတွေ၊ ပန်းရံလုပ်သားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊ သန့်ရှင်းရေး လုပ်သားတွေနဲ့ အသက်အရွယ်အစုံ ဝင်ငွေ ရှာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

  • တိုက်ပွဲဖြစ်တိုင်းမှာ စစ်တပ်ရဲ့ မုဒိမ်းကျင့်၊ သတ်ဖြတ်တာတွေ၊ နှိပ်စက်ညှင်းပန်းတာ၊ အတင်းအဓ္ဓမ ခိုင်းစေတာ ပေါ်တာဆွဲခံရတာ စတဲ့ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေက နည်းမျိုးစုံနဲ့ ခံနေကြရတယ်။

  • “ကျမတို့ စစ်ပွဲမှာ ပိတ်မိချိန်ကဆိုရင် နေ့နေ့ ညညည လက်နက်ကြီးသံတွေ၊ လေယာဥ်သံတွေ ကြားရတယ်။ လက်နက်ကြီး ထိလို့ သေဆုံးတဲ့သူတွေဆိုရင် အလောင်းတောင် မသင်္ဂြိုဟ်နိုင်တဲ့အထိတွေပဲ။ ကိုယ်အလှည့် ဘယ်တော့ ရောက်မလဲဆိုတဲ့ စိတ်နဲ့ နေရတယ်”

  • “တိုက်ပွဲက ၁ ရက်နဲ့ မပြီးတော့ နေ့တိုင်း သေနတ်သံတွေ၊ ဗုံးကြဲသံတွေကြောင့် မနေရဲတော့ဘူး။ စစ်သားတွေကလည်း အိမ်တွေထဲဝင် လုယက်စားသောက်တာတွေ လုပ်တော့ ကြောက်တယ်။”လို့ ဒေါ်ကြာကြုတ်က ပြောပါတယ်။