Home Tags Posts tagged with "တော်လှန်ရေး"
Tag:

တော်လှန်ရေး

  • “ကျွန်မတို့ကို မလုပ်နိုင်ဘူးဆိုတဲ့ အမြင်နဲ့မကြည့်ဘူး။ သူတို့ဒိုက်(၁၀၀)ထိုးနိုင်တဲ့အချိန်မှာ ကျွန်မတို့ ၂၀၊ ၃၀ လောက်နိုင်လည်း ရတယ်။ ကိစ္စမရှိဘူး။ ကျွန်မတို့ တန်းတူတော့လုပ်ရတယ်။ ခွဲခြားဆက်ဆံတာတွေတော့မရှိဘူး။ တန်းတူပဲသွားကြတယ်”

  • “ကိုယ့်အပေါင်းအသင်းတွေဆိုလည်း အာဏာသိမ်းတာမှားတယ်ဆိုတာသိတယ်။ ဒါပေမယ့် ဘဝအပျက်မခံနိုင်တဲ့အတွက် သူတို့က နဂိုအလုပ်ပဲဆက်လုပ်တယ်။ ကျွန်မတို့စိတ်ကျတော့ ဘဝပျက်ရင်ပျက် သူများတွေဆို အသက်တွေတောင် ပေးဆပ်နေကြတာလေ။ နောက်ဆုံး အသက်ပါပေးမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာဆိုတော့ ငါကျော်ဖြတ်မယ်ဆိုတဲ့စိတ် ငါ့မှာ ခွန်အားတွေရှိတယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်တယ်။ စိတ်ဓာတ်တွေကျခဲ့တဲ့၊ ကြိတ်ငိုခဲ့ ရတဲ့အချိန်တွေလည်းရှိတယ်”လို့ဒေါ်မူမူကဖွင့်ဟပါတယ်။

  • “ဝါသနာတစ်ချို့မိတ်ဆွေ တစ်ချို့ ဆုံးရှုံးလိုက်ရလို့ ဝမ်းမနည်းပါဘူး။ ကိုယ့်လူမျိုးအတွက် အကျိုးရှိတာ ဘာမှမကူလိုက်ရဘဲ သေသွားမှာကို အကြောက်ဆုံးပဲ။”

  • “အစ်မတို့နိုင်ငံရေးအကျဉ်းသူတွေမှာ ခံယူချက်ရှိတယ် ယုံကြည်ချက်ရှိတယ်။ အဓိက ပြီးတော့ ငါတို့တွေ တစ်ယောက်မကျန် လွတ်မြောက်ရမယ်ဆိုတဲ့ စိတ်ရှိတယ်။ အဓိက ကိုယ်တစ်ယောက်ထဲလွတ်လာရတဲ့ feeling မျိုးမှာ ဘယ်သူမှမပျော်ဘူး။”

  • “အရင်ကဆို နူးနူးညံ့ညံ့ပေါ့၊ အခုတော့ စိတ်ကမရှည်နေတော့ စိတ်မရှည်တာတွေ စိတ်တိုတာတွေများလာတယ်။ ဒါကလည်း ကိုယ်ကြုံခဲ့ရတဲ့လောကဓံပဲပြောရမလား၊ ဒီကာလမှာကြုံခဲ့ရတဲ့ လောကဓံကြောင့် ညီမတို့စိတ်တွေ ပြောင်းလဲသွားကြတယ်လို့မြင်ပါတယ်။ တခုခုဆိုရင် ငိုချင်စိတ်ရှိတယ်။ ဝမ်းနည်းလွယ်တဲ့အမျိုးသမီးငယ် တစ်ယောက်ကနေ စိတ်ပိုင်းဆိုင်ရာ strong ဖြစ်လာတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်။”

  • “ထောင်ကပြန်လွတ်ပြီးတဲ့နောက်မှာ အကြိမ်ကြိမ် ဆူဆိုက်လုပ်ဖို့ကြိုးစားခဲ့တယ်။ ကျွန်မက ဘယ်လို စဉ်းစားလဲဆိုတော့ ငါနဲ့ငါ့ကိုချစ်တဲ့မိသားစု ငါချစ်တဲ့ဒီနိုင်ငံအတွက်ဆက်ပြီး အသက်ရှင်နေမှဖြစ်မယ်။ ကျွန်မတို့ အနာဂတ် ရင်သွေးလေးတွေဖြစ်တဲ့ကျောင်းသားလေးတွေအတွက် ကောင်းမွန်တဲ့ကောင်းမွန်တဲ့ ပညာရေးစနစ်ထားခဲ့ချင်တဲ့စိတ်အပြည့်ရှိတယ်။ ပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ တက်အားသရွေ့ကူညီလုပ် ဆောင်သွားမယ် ဆိုတဲ့ စိတ် ငါ ငါယိုင်နေလို့မဖြစ်ဘူး။ ရပ်တည်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ကျွန်မကပြန်လည်ပြီးတော့ နိုးထလာတာပါ” လို့အဖြူရောင်ကပြောပါတယ်။

  • “ကိုယ်တစ်ယောက်ထဲ ဒီအခြေအနေထိရောက်အောင်လုပ်လာခဲ့တဲ့အပေါ်မှာ ပါစင်နယ်အရ တိုက်ခိုက်တာတွေ၊ ခန္ဓာကိုယ်ကိုကြည့်ပြီးတော့ အလုပ်ပိုင်းမှာ ဒီလိုတွေမလုပ်နိုင်ဘူးဆိုပြီး ခွဲခြားမြင်ခံရတာတွေ၊ ကိုယ်လုပ်နိုင်ရဲ့သားသွားနိုင်ရဲ့သားနဲ့ ပူးပေါင်းပါဝင်ခွင့်မပေးတာတွေလည်း တချို့နေရာတွေမှာ ကြုံခဲ့ဖူးတယ်။”

  • ဖမ်းဆီးခံရတဲ့ LGBT တွေကို ရင်သားကိုဆေးလိပ်မီးနဲ့ထိုးတာ၊စအိုကို ဖန်ကွဲစထိုးသွင်းတာ ၊စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့လိင်အင်္ဂါတွေကိုကိုင်ခိုင်းတာ၊နမ်းခိုင်းတာစတာတွေကိုစစ်ကောင်စီတပ်ဖွဲ့တွေကကျူးလွန်တဲ့အကြောင်းကြားသိရတဲ့ဖြစ်စဥ်တွေလည်းရှိတယ်လို့ ဆူနာမီကပြောပါတယ်။

  • “သူ့ကိုဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပေါင်း ရှစ်နာရီလောက်ကြာအောင် မရပ်မနားရိုက်နှက်နှိပ်စက်တယ်။ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာတွေလည်းလုပ်တယ်။ ရင်သားတွေကို ကိုင်တွယ်တာ၊ သူတို့ရှေ့ရေချိုးခိုင်းတာ တွေလည်းလုပ်တယ်။”လို့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဥက္ကဋ္ဌ ကိုရေဘဝဲ သူ့သိထားသမျှကို ရှင်းပြပါတယ်။

  • သူကစိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။

Newer Posts