သတင်းဆောင်းပါး

နွေနေအပူ၊ လေအပူနဲ့စစ်အပူတွေကိုအံတုရင်း ပြေးလွှားနေရတဲ့ အမျိုးသမီးတွေ

“ကျမတို့နဲ့ ကလေးတွေပြေးလာတာ။ ယောကျ်ားက ရွာမှာကျန်ခဲ့တယ်။ လမ်းတလျှောက်လုံး နေပူထဲ အရိပ်ကမရှိ၊ ရေကရှားတော့ ချွေတာသောက်ရတယ်။ ဒီထဲသစ်ကိုင်းခြောက်တွေထဲက ဖြတ်လာရတော့ တကိုယ်လုံးမှာလည်း ခြစ်ရာ တွေချည်းပဲ။ ချွေးနဲ့ဆိုတော့ စပ်တာပေါ့။”

မုန်တိုင်းထန်သောဘဝထဲမှ မျှော်လင့်ချက် အိပ်မက်များ

“ တရုတ်နိုင်ငံက ပြန်ရောက်လာတော့ ကိုဗစ်-၁၉ ရောဂါပျံ့ပွားစပေါ့… အလုပ်အကိုင်တွေ သိပ်ကို ရှားပါးနေတဲ့အချိန်မှာ ကျွန်မ အမှိုက်ကွင်းထဲကိုသွားပြီးတော့ ပလပ်စတစ်ဗူးခွံတွေလိုက်ကောက်ပြီး ရောင်း တယ်။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပါတယ်၊ မရှက်တော့ပါဘူး…စားဝတ်နေရေးနဲ့ ကလေးတွေ စရိတ်က ကျွန်မအတွက် အရေးကြီးလာပါတယ်”

အမေများနေ့မှာ ဖက်ဒရယ်ကို လက်ဆောင်အဖြစ် ပေးချင်ခဲ့တဲ့ နွေဦးသမီးပျို

“ကျမ အမေအပါအဝင် အခြားသော မိခင်အားလုံးကိုလည်း ဂုဏ်ပြုပါတယ်။ ကျမတို့ နိုင်ငံမှာ ကျမတို့လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်နိုင်ပြီ စစ်အာဏာရှင်တွေ ပျက်သုဉ်းသွားပြီဆိုတဲ့ရလဒ်ကို မိခင်များနေ့အထိမ်းအမှတ်အနေနဲ့ အဲ့လက်ဆောင်ကို တကယ်ပေးချင်ခဲ့တယ်။ ဒီနှစ်မှာမပေးနိုင်ဘူးဆိုရင်တောင်မှ တနေ့နေ့မှာ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

သူရဲကောင်းမိခင်တွေရဲ့ အိမ်အပြန်လမ်းကို မျှော်နေကြသူများ

“အမေအစားရောစားရရဲ့လား။ အိပ်ရောအိပ်ရရဲ့လား။ သူတို့ဘာတွေများညှင်းပန်းနှိပ်စက်နေမလဲ။ အမေကကျန်းမာရေး လည်းမကောင်းတဲ့အခါကျတော့ အမြဲတမ်းခေါင်းထဲမှာ ဒါကြီးကဝင်ဝင်လာတယ်။ အမေ့အတွက် ဝမ်းနည်းတယ် စိုးရိမ်တယ်”

ဖမ်းဆီးခံသားသမီးတွေ နှိပ်စက်ညှင်းပန်းခံရမှုကြောင့် သောကဝေနေရတဲ့ မိခင်တွေ

" ကျွန်မတောင်ဒီလောက်ခံစားရရင် သူတို့မှာအိမ်ပြန်မလာနိုင်တော့တဲ့ ကလေးတွေကို ဘယ်လောက်လွမ်းဆွတ် နေကြ မလဲ၊ သူတို့အနာဂတ်အတွက် သူတို့အသက်နဲ့ တိုက်ပွဲဝင်ခဲ့တာ လေးစားတယ်၊ ဂုဏ်ယူတယ်၊ တစ်ခုပဲ သမီးကျန်းကျန်း မာမာရှိဖို့ပဲဆုတောင်းတယ်”

အာဏာရှင်နဲ့အတူ အမြစ်ပြတ်ချေမှုန်းရမယ့် ခွဲခြားနှိမ်ချမှုတွေ

“အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာဖော်ပြတဲ့ ပုံသုံးခွင့်မပြု၊ LGBT & disable တွေ၊ တိုင်းရင်းသားတွေကို ထိပါး စော်ကား ခွဲခြားတာတွေ ဖော်ပြခွင့်မပြုတာတို့လိုပါတယ်။ ဒါမျိုးဆွဲတာ လက်မခံပါ ဘာကြောင့် လက်မခံနိုင် တာဆိုတဲ့ အဖြေကိုပါ သေချာပြောပြရမှာဖြစ်ပါတယ်”

တွန်းဖို့ တိုက်ဖို့ အဆင်သင့်ရှိနေကြတဲ့ တော်လှန်ရေးမေမေတွေ

“ ကလေးမွေးရင်း ဖမ်းမယ်ဆိုလည်း ဖမ်းပေါ့။ အဆိုးဆုံးတော့ တွေးထားပြီးသားပါ။ ကျမတို့လို ကိုယ်ဝန်ဆောင်တွေအနေ နဲ့ သူများတွေလို လမ်းပေါ်ထွက်ဆန္ဒပြလို့ မရတော့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေဆက်ပြီး အာဏာရှင်ကို တော်လှန်သွား မှာပါ ”

ပုန်းရင်း ခိုရင်း အသက်လုရင်း ဖြတ်သန်းနေတဲ့ ကရင်စစ်ဘေးရှောင်များရဲ့ ခါးသီးတဲ့နေ့ရက်တွေ

“စားသောက်ဖို့ ဆန်၊ ဆီတွေ ဆေးတွေက နောက်လဆိုရင် ဘယ်လိုဆက်ဖြစ်မှာလဲမသိဘူး။ ပစ္စည်းရိက္ခာတွေကလည်း ပို့မရတော့ နိုင်ငံတကာအထောက်အပံ့တွေကလည်းမရှိဘူး။ ဒါကြောင့် ရှေ့ဆက်အတွက် စားနပ်ရိက္ခာအရမ်းလိုအပ်နေတယ်”

စစ်ကောင်စီပေးမယ့် ပညာရေးအတွက် သောကပွေနေရတဲ့ မိဘတွေ

"ပြည်သူတွေအောင်ပွဲခံပြီးလို့ ပြည်သူ့အစိုးရတက်လာတော့ ကျွန်မကလေးတွေကို ကျောင်းပြန်ထားမယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒီယုံကြည်ချက်ကို ကျွန်မ မစွန့်လွှတ်သေးဘူး"

မျှော်လင့်ချက်မဲ့နေပြီး အခွင့်အရေးတွေ အလှမ်းဝေးနေဆဲ မြန်မာနိုင်ငံက အလုပ်သမားအရေး

" မနေ့ကဆို အလုပ်သမားနေ့ဆိုတော့ ရုံးပိတ်ရက်လေ။ ရုံးပိတ်ရက်ဖြစ်ပေမယ့် အလုပ်သွားရတယ်။ အရင်ဆို အဲ့လိုနေ့ မျိုးအလုပ်ဆင်းရရင် သုံးဆပိုရတယ်။ အခုကျတော့ သုံးဆမပေးပဲ ၈နာရီစာပဲပေးတယ် "