Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • ရက်ကန်းရက်တဲ့အလုပ်ကိုရှေးယခင်ကတည်းကနေလက်ရှိအချိန်ထိအမျိုးသမီးတွေလုပ်ကြတာများပေမယ့် ရေစကြိုနယ်ကကျေးရွာတချို့မှာတော့အမျိုးသမီးအမျိုးသားမရွေးရက်ကန်းခတ်တက်ပြီးအသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။အထူးသဖြင့် မြေခဲတောင်ရွာက တစ်ရွာလုံးနီးပါး ရက်ကန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့အပြင် အမျိုးသား၊ အမျိုးသမီးနဲ့နှစ်တန်းသုံးတန်းအရွယ်ကလေးငယ်တွေကအစ ရက်ကန်းရက်တာ ချည်ဆေးဆိုးတာတွေကို လုပ်ကိုင်ကြပါတယ်။

  • “သူ့ကိုဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပေါင်း ရှစ်နာရီလောက်ကြာအောင် မရပ်မနားရိုက်နှက်နှိပ်စက်တယ်။ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာတွေလည်းလုပ်တယ်။ ရင်သားတွေကို ကိုင်တွယ်တာ၊ သူတို့ရှေ့ရေချိုးခိုင်းတာ တွေလည်းလုပ်တယ်။”လို့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဥက္ကဋ္ဌ ကိုရေဘဝဲ သူ့သိထားသမျှကို ရှင်းပြပါတယ်။

  • “ပိုက်ဆံရှိပေမယ့် ဝယ်လို့မရတဲ့ အထဲမှာ မိခင်နို့လည်းပါတယ်။ မိခင်နို့လှူခြင်းက ကိုယ့်ရဲ့အသွေးသားကိုလှူတာနဲ့ အတူတူပါပဲ”လို့ မအိက သူ့ခံယူချက်ကိုပြောပါတယ်။

  • ဆင်တွေနဲ့ ဆင်ကိုထိန်းကျောင်းသူတွေအကြောင်းပြောတဲ့အခါ မြန်မာနိုင်ငံမှာ ဆင်ဦးစီးနဲ့ ဆင်ခေါင်း အဖြစ် လုပ် ကိုင်တဲ့အမျိုးသမီး မရှိသလောက်ရှားတာကို သမိုင်းမှတ်တမ်းတွေအရ လေ့လာတွေ့ရှိရပါတယ်။ သို့ပေမဲ့ ဆင် ထိန်းနဲ့ ဆင်ဝန်ထမ်းအဖြစ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတချို့လည်း ရှိနေပါတယ်။

  • အမျိုးသမီးပန်းချီဆရာတွေရဲ့ ပန်းချီကားတွေက နူးညံ့တာများပြီး တစ်ယောက်နဲ့တစ်ယောက်တွေးပုံတွေကွာသလို ဝါသနာအရရေးဆွဲတဲ့အများစုမှာဆို ပန်းချီကားအရေအတွက်များများမတွေ့ရပေမယ့် တစ်ကားဆိုတစ်ကား အစွမ်းကုန်ကြိုးစားထားတာတွေ့ရတက်တယ်လို့ အမျိုးသမီးပန်းချီဆရာမတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

  • အခုလိုဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းကိုင်ဆောင်လို့ ဖမ်းဆီးငွေညှစ်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM)မှကိုသိုက်ထွန်းဦးက“သေနတ်ကိုင်ဖို့မပြောနဲ့၊ ပန်းပန်ရင်တောင်မှ ဖမ်းလို့ရတယ်ဆိုတဲ့တကယ်မရှိတဲ့ ဥပဒေတွေကို ဥပဒေလုပ်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ဆွဲတာမျိုးကတ ကယ်ကိုလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။”လို့ ရှုတ်ချပြောဆိုပါတယ်။

  • သူတို့ဆုံးဖြတ်ချက်က အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာဆိုရင် ဖြစ်နိုင်ဖို့ မလွယ်ကူပေမယ့် သူတို့ရဲ့ ဖြစ် တည်မှု၊ LGBTQ အခွင့်အရေးတွေနဲ့ပတ်သတ်လို့ စိုးရိမ်ရမှုမရှိဘဲ စိတ်လွတ်လပ်စေတဲ့ ထိုင်းနိုင်ငံက လိင်စိတ်ခံ ယူမှုကွဲပြားသူတွေရဲ့ အထင်ကရ ပွဲတော်တစ်ခုမှာ လူထုအားကိုယူပြီး သိရှင်ကြားလက်ထပ်ဖို့ရွေးချယ်ခဲ့တာပါ။

  • မေ ရာသီဥတုဒဏ်ခံနိုင်တဲ့ပေါ့ပါးတဲ့အကျီနဲ့ခေါင်းဆောင်းဦးထုတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ကားလမ်းမပေါ်မှာ စက်ဘီးတစ်စီးကိုသွက်လက်စွာနင်းနေပါတယ်။ လက်ထဲမှာလည်းအထုတ်တွေသယ်ထားပါသေး တယ်။ သူကတော့အသက်(၂၄)နှစ်အရွယ်အမရာလို့ခေါ်တဲ့အမျိုးသမီးငယ်ပါ။ သူဟာရန်ကုန်မြို့အနှံ့အစားအသောက်တွေ၊ ကုန်ပစ္စည်းတွေကို စက်ဘီးတစ်စီးနဲ့သွားရောက်ပို့ဆောင်နေသလို  Quick & Easy…

  • ပူတာအိုဒေသမှာတိုက်ပွဲတွေကြောင့်ကားလမ်းပိတ်ရာကနေအစပြုပြီး ကုန်စျေးနှုန်းတရိပ်ရိပ်တက် လာခဲ့တာလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ ကုန်စျေးနှုန်းအမြင့်ဆုံးမြို့ဖြစ်လာတာကြောင့် အိမ် ထောင်စုအများအပြား စားစရာ ပြတ်လပ်တဲ့ ဒဏ်ကြုံနေကြရပါတယ်။

  • သူကစိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။