Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • “ကျွန်မတို့ကို မလုပ်နိုင်ဘူးဆိုတဲ့ အမြင်နဲ့မကြည့်ဘူး။ သူတို့ဒိုက်(၁၀၀)ထိုးနိုင်တဲ့အချိန်မှာ ကျွန်မတို့ ၂၀၊ ၃၀ လောက်နိုင်လည်း ရတယ်။ ကိစ္စမရှိဘူး။ ကျွန်မတို့ တန်းတူတော့လုပ်ရတယ်။ ခွဲခြားဆက်ဆံတာတွေတော့မရှိဘူး။ တန်းတူပဲသွားကြတယ်”

  • “ကိုယ်လုပ်သမျှ အရာမထင်တော့တဲ့ကာလမှာ ကလေးတစ်ယောက်ကို ကောင်းကောင်းထားဖို့ဆိုတာ မလွယ်တော့ဘူးလေ၊ ခေါ်ပြီး မနိုင်ဝန်ထမ်းမယ့်အတူတူ ငါတို့တော့ ကလေးထပ်မယူတော့ဘူးလို့ မိန်းမနဲ့လည်း တိုင်ပင်ထားတယ်၊ သူလည်း ဆေးထိုး ဆေးသောက်မလုပ်ချင်ဘူးဆိုတာနဲ့ နှစ်ဦးသဘောတူ ကွန်ဒုံးသုံးတယ် ”

  • “မိန်းကလေးဆိုတာ အချိန်တန်လို့ယောကျာ်းယူရင် လုံခြုံပြီလို့ထင်တာ အဲ့လိုအတွေးလောက်ရှိတဲ့ ပတ်ဝန်းကျင်ပေါ့။ မိန်းကလေးတယောက်က သူ့ကိုယ်သူကာကွယ်နိုင်ရင် ပိုလုံခြုံမယ်ဆိုတဲ့အတွေးမျိုး သူတို့မှာ ရှိမနေဘူး။ အဲ့ကြောင့် ညီမဒီသင်တန်းတက်ချင်တာ။ ဘာတွေပြောင်းသွားလဲဆိုတာ မိဘတွေကိုပြချင်တယ်။”လို့ မိဆုက ဆိုပါတယ်။

  • “ငယ်ငယ်တုန်းက နားမကြားတဲ့အတွက် လူတွေက အမကို အရူးလို့ လက်ညှိုးထိုးကြလို့ လေးတန်းနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းသွားတိုင်း  သူအမြဲတမ်းငိုတယ်။ အဲ့အချိန်က သူစာအရမ်းသင်ချင်ခဲ့တယ်လို့ ကျွန်တော် ကို ပြောပြတယ်။”လို့ မောင်ဖြစ်သူက ရှင်းပြပါတယ်။

  • “ပြီးတော့ ဘာရောဂါပဲဖြစ်ဖြစ် ပါရာစီတမောဆေးတမျိုးပဲပေးနိုင်တယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ၂၀၂၁ မှာ လည်ပင်းမှာ ကြက်ရိုးဆူးတဲ့သူကို ပါရာကတ်ဆေးလေးလာပေးတယ်။ ဒါလေးသောက်ထားပါတဲ့။ အဲ့ဒါက မြန်မာတနိုင်ငံလုံးကအကျဉ်းထောင်တွေမှာ ဖြစ်နေတဲ့အခြေအနေပါ။”လို့ သူကရှင်းပြပါတယ်။

  • “သူတို့ကခေါင်းထောင်ပြီး ကိုယ့်ကိုလှမ်းကြည့်တယ် သူ့ကိုအဲ့ဒီနားခေါ်ပါလားပြောတယ် သူ့ကိုလည်းသွားမခေါ်နိုင် အဲ့ဒီနားလည်းမသွားရဲကြဘူး ဆက်တိုက်အသံတွေကြားနေတော့ မျက်စိ‌ရှေ့မှာကြည့်ပြီးစိတ်မချမ်းမသာနဲ့ ငိုပြီး ဘယ်လိုလုပ်ပေးရမလဲမသိ တကယ့်ကိုကူကယ်ရာမဲ့အနေအထားပဲ”

  • “မိုးလေးကျလိုက်တာနဲ့ ရေကကြီးလာတာ ကျမ တစ်သက်မှာ တခါမျှမကြုံဖူးဘူး။ မိုးလေးတိတ် ရေပြန်ကျသွားလို့ သန့်ရှင်းရေးလုပ်မယ်ကြံသေး။ မိုးပြန်ရွာလို့ ရေပြန်ဝင်၊ ဒီနှစ်မှာ ကျမတို့ ၉ကြိမ် ရေကြီးတာပဲ”

  • “အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မတို့က အားငယ်ဖို့‌တော့မလိုဘူး။ ဒါပေမယ့် ကျွန်မတို့ကိုယ် ကျွန်မတို့လည်းမားမားမတ်မတ်ရပ်တည်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ မေ့ဖို့မလိုအောင်အမြဲတမ်း ထက်မြက်အောင်တော့ သွေးထားဖို့လိုတယ်”

  • “ကိုယ့်အပေါင်းအသင်းတွေဆိုလည်း အာဏာသိမ်းတာမှားတယ်ဆိုတာသိတယ်။ ဒါပေမယ့် ဘဝအပျက်မခံနိုင်တဲ့အတွက် သူတို့က နဂိုအလုပ်ပဲဆက်လုပ်တယ်။ ကျွန်မတို့စိတ်ကျတော့ ဘဝပျက်ရင်ပျက် သူများတွေဆို အသက်တွေတောင် ပေးဆပ်နေကြတာလေ။ နောက်ဆုံး အသက်ပါပေးမှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်ခဲ့တာဆိုတော့ ငါကျော်ဖြတ်မယ်ဆိုတဲ့စိတ် ငါ့မှာ ခွန်အားတွေရှိတယ်ဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်တယ်။ စိတ်ဓာတ်တွေကျခဲ့တဲ့၊ ကြိတ်ငိုခဲ့ ရတဲ့အချိန်တွေလည်းရှိတယ်”လို့ဒေါ်မူမူကဖွင့်ဟပါတယ်။

  • “ရခိုင်တွေအကုန်လုံးက ရိုဟင်ဂျာရွာထဲက ဈေးဝယ်ကြတယ်။ ရိုင်ဟင်ဂျာတွေကလည်း ရခိုင်အိမ်တွေကိုလာပြီး ငါးရောင်းကြတယ်။ အသီးအရွက်ရောင်းကြတယ်။ ဒါက နှစ်ဖက်လူမှုအသိုင်းဝိုင်းမှာ အလွန်ချစ်ဖို့ကောင်းတဲ့ အလေ့ အကျင့်ပါ”လို့ သူကပြောပါတယ်။

Newer Posts