Home ဆောင်းပါး
Category:

ဆောင်းပါး

ဆောင်းပါး

  • “ပြီးခဲ့တဲ့တလောက လူတွေတော်တော်သတိထားမိသွားကြတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို နှိမ်ချခေါ်တဲ့ အသုံးအနှုန်းအကြောင်းပဲ ပြန်စဥ်းစားရင် ကျွန်မတို့က ဒီအသုံးကို မကြိုက်တဲ့အတွက်  နောက်ပိုင်းတင်သွင်းလာတဲ့ LGBTQIA+ ဆိုတဲ့ အသုံးမျိုးတွေကို တကယ်ပဲ လက်ခံမွေးစားလိုက်မှာလား။ ဒါက တကယ်ပဲ ကျွန်မတို့ မြန်မာလူ့ အဖွဲ့အစည်းအတွက် အဖြေဖြစ်နိုင်မလား ဆိုတာတွေအထိ အသေးစိတ်သွားကြည့်ပြီး ဖိနှိပ်တဲ့သဘော အခြေခံ လုံးလုံးမပါတဲ့ အသုံးအနှုန်းတွေကို ဆန်းစစ်ကြည့်နိုင်ရင် ဒီအတွေးအခေါ်တော်လှန်ရေးက ပိုအဓိပ္ပါယ်ရှိမယ်လို့ ယုံကြည်ပါတယ်”

  • “ကျမသွားခဲ့တဲ့စခန်းက အမျိုးသမီးတချို့က ကလေးတားဖို့ မလုပ်ချင်ကြဘူး။ ဘာလို့လဲဆိုရင် သူတို့က ကလေးဆိုတာ ဘုရားပေးတဲ့အရာဖြစ်လို့ မတားကောင်းဘူးဆိုတဲ့အယူအဆစွဲတွေရှိတယ်။ တချို့ကျ အမွေဆက်ခံမယ့် သားယောကျာ်းလေးမရသေးလို့ ထပ်ယူရင်းနဲ့များလာတာတွေပေါ့။”

  • “ကျွန်မတို့လက်နက်ကိုင်တယ်ဆိုတာ ရမ်းကားပြီးသတ်ဖြတ်ဖို့မဟုတ်ဘူး။ ကျွန်မတို့ချစ်တဲ့အရာတွေကိုကာကွယ်ဖို့အတွက် ပြည်သူတွေကိုကာကွယ်ဖို့အတွက် လွတ်မြောက်ရေးအတွက် လက်နက်ကိုင်ရတယ်ဆိုတဲ့အသိ ဒီအသိကို စိတ်ထဲမှာနှလုံးသွင်းတယ်။ နှလုံးသွင်းပြီးတော့ကျင့်ဝတ်နဲ့ အညီလက်နက်ကိုင်ရတာဖြစ်တယ်”

  • “လက်ထပ်ပြီး ကလေးမရတော့လည်း အပြစ်ပြောကြတယ်။ အလှပျက်မှာစိုးလို့ ကလေးမယူတာ။ နောက်လင်ယူချင်လို့ ကလေးမယူတာဆိုပြီး ပြောခံရတယ်။ ယောကျာ်းမရှိတဲ့အချိန် အပြင်ထွက်ရင်ပဲ မဟုတ်တာလုပ်တဲ့သူလို့ မြင်ကြတယ်။ အဲ့လိုအယူအဆတွေမရှိစေချင်တော့ဘူး။

  • “အရင်ကဆို အသက် ၂၀ ပတ်ချာလည်တွေ သွားကြတယ် အခု နောက်ပိုင်း ကုန်ဈေးနှုန်းတွေကလည်းတက် မိသားစုတာဝန်ကို တစ်ဖက်က ထမ်းထားကြရတော့ အသက် ၃၀၊ ၃၅ တွေ တစ်ချို့ဆို အသက်  ၄၀ ကျော်တွေပါသွားကြတော့တယ်။အိမ်မှာလည်းလုပ်ကြရတာပဲဆိုပြီးတော့ပေါ့”ဟုအထက်ပါနိုင်ငံများသို့ ပို့ဆောင်ပေးနေသည့် မအိ(အမည်လွှဲ)က ပြောသည်။

  • “အရင်ကဆို နူးနူးညံ့ညံ့ပေါ့၊ အခုတော့ စိတ်ကမရှည်နေတော့ စိတ်မရှည်တာတွေ စိတ်တိုတာတွေများလာတယ်။ ဒါကလည်း ကိုယ်ကြုံခဲ့ရတဲ့လောကဓံပဲပြောရမလား၊ ဒီကာလမှာကြုံခဲ့ရတဲ့ လောကဓံကြောင့် ညီမတို့စိတ်တွေ ပြောင်းလဲသွားကြတယ်လို့မြင်ပါတယ်။ တခုခုဆိုရင် ငိုချင်စိတ်ရှိတယ်။ ဝမ်းနည်းလွယ်တဲ့အမျိုးသမီးငယ် တစ်ယောက်ကနေ စိတ်ပိုင်းဆိုင်ရာ strong ဖြစ်လာတဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်။”

  • “ထောင်ကပြန်လွတ်ပြီးတဲ့နောက်မှာ အကြိမ်ကြိမ် ဆူဆိုက်လုပ်ဖို့ကြိုးစားခဲ့တယ်။ ကျွန်မက ဘယ်လို စဉ်းစားလဲဆိုတော့ ငါနဲ့ငါ့ကိုချစ်တဲ့မိသားစု ငါချစ်တဲ့ဒီနိုင်ငံအတွက်ဆက်ပြီး အသက်ရှင်နေမှဖြစ်မယ်။ ကျွန်မတို့ အနာဂတ် ရင်သွေးလေးတွေဖြစ်တဲ့ကျောင်းသားလေးတွေအတွက် ကောင်းမွန်တဲ့ကောင်းမွန်တဲ့ ပညာရေးစနစ်ထားခဲ့ချင်တဲ့စိတ်အပြည့်ရှိတယ်။ ပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ တက်အားသရွေ့ကူညီလုပ် ဆောင်သွားမယ် ဆိုတဲ့ စိတ် ငါ ငါယိုင်နေလို့မဖြစ်ဘူး။ ရပ်တည်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ကျွန်မကပြန်လည်ပြီးတော့ နိုးထလာတာပါ” လို့အဖြူရောင်ကပြောပါတယ်။

  •  “ပြန်သွားပါပြီတဲ့ လေယာဉ်နဲ့ပြန်လာဗုံးကြဲမှာကိုကြောက်တယ်၊ အနည်းဆုံးက တလလောက်တော့ ရှောင်နေရဦးမယ်ထင်တယ်။ အိမ်က ခွေးတွေကြောင်တွေ ကြက်ကလေးတွေ ကိုတော့သတိရပါတယ်။ ကိုယ်အနှစ်နှစ်အလလ စုထားတဲ့ ပစ္စည်း တွေကိုလည်း သတိရတယ်။ဒါတွေကို သွားကြည့်ချင်တယ် ပြန်ယူချင်တယ်၊”လို့ မခွာညိုက‌ပြောပါတယ်။

  • “ကိုယ်တစ်ယောက်ထဲ ဒီအခြေအနေထိရောက်အောင်လုပ်လာခဲ့တဲ့အပေါ်မှာ ပါစင်နယ်အရ တိုက်ခိုက်တာတွေ၊ ခန္ဓာကိုယ်ကိုကြည့်ပြီးတော့ အလုပ်ပိုင်းမှာ ဒီလိုတွေမလုပ်နိုင်ဘူးဆိုပြီး ခွဲခြားမြင်ခံရတာတွေ၊ ကိုယ်လုပ်နိုင်ရဲ့သားသွားနိုင်ရဲ့သားနဲ့ ပူးပေါင်းပါဝင်ခွင့်မပေးတာတွေလည်း တချို့နေရာတွေမှာ ကြုံခဲ့ဖူးတယ်။”

  • “ ဒီလို မိုးတွင်းကာလကတော့ အခက်အခဲအများဆုံးပေါ့။ စစ်ရှောင်ရင်လည်း ခက်၊ နေစရာလည်းမရှိ၊ အဓိကလေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြေးစရာနေရာမရှိတော့ဘူး။ နေစရာလည်း အတိအကျမရတော့ တော်တော်ခက်ခဲတယ်”  TWO က တာဝန်ရှိသူက  စစ်ရှောင်တွေရဲ့ စိန်ခေါ်မှုကို ပြောလာပါတယ်။