သတင်းဆောင်းပါး

ပူပင်သောကတွေဝေနေတဲ့ နေရပ်ပြန် စက်ရုံအလုပ်သမများ

“ ရွာမှာလည်း ဘာအလုပ်မှလုပ်လို့မရတော့ အမှန်တိုင်းပြောရရင် စားရ တာတောင်နပ်မမှန်ဘူး။ အမေနဲ့ကလေးကို အဓိကကျွေးပြီး ကိုယ်က တစ်ခါတစ်လေမစားပဲ နေတာရှိတယ်။ စားစရာ အတွက်ပူရ အကြွေးဆပ်ဖို့အတွက်ပူရနဲ့ ခေါင်းကိုက်ရတဲ့ရက်တွေ များနေပါပြီ”

ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ရန်ကုန်က အစားအသောက်ပို့သူ အမျိုးသမီးများ

“ အော်ဒါပို့တဲ့အခါ လူပြတ်တဲ့နေရာတွေမှာတချို့ကကားပေါ်ကနေစတာတွေရှိတယ်။ ပင်ပန်းနေပြီလား ကားနဲ့လိုက်ပို့ပေး မယ် အဲ့လိုတွေစတဲ့ ကားသမားတွေရှိတယ်။ ညဘက်တွေ ၇ နာရီ ၈ နာရီ ပစ္စည်းပို့ရင်လည်း လူပြတ်တဲ့နေရာရောက်ရင် အမြန်နင်းရတာရှိတယ်”

ကိုဗစ်ရေး နိုင်ငံရေးတွေကြားက ဝမ်းရေးခက်ရတဲ့ ငပလီကမ်းခြေကဘဝများ

“ကျမတို့က ဒီနယ်ခံသား၊ ဒီနေရာမှာ ဒါပဲလုပ်စားတတ်တာ၊ ခရီးသည်အသွားအလာမရှိရင် ဝင်ငွေမရှိတော့ဘူး”

အခက်အခဲ အကြပ်အတည်းများကြားက တရားမျှတမှု ရှာပုံတော်

“ အိမ်နားဝန်းကျင်ကဆိုရင် အမကို မိန်းကလေးချင်းတောင် စကားမပြောကြဘူး။ မဆက်ဆံကြဘူး။ ပြီးတော့ စာသင်လက်စ အိမ်တွေကလည်း စာမသင်ကြတော့ဘူး။ ရပ်ပစ်လိုက်ရတယ်။ ဝင်ငွေလည်း မရှိတော့ဘူး။ လူမှုရေးမှာလည်း အမအတွက် ဘာမှမရှိတော့တဲ့ အနေအထားဖြစ်တာပေါ့”

စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်က CDM ကျောင်းဆရာမတွေ

" လောလောဆယ်တော့ ဒီလကုန် ဆန်တစ်အိတ်လောက်ရရင်တောင် ဆက်ပြီး CDM ဝင်နိုင်အောင်တောင့်ခံသွားမှာပါ။”

ဒီမီးအိမ်လေးတွေငြိမ်းသွားခဲ့ရင် ဒီထက်ပိုမို ရဲရင့်တောက်ပမယ့် မီးအိမ်ရှင်လေးတွေထွက်ပေါ်လာမှာပါ

“ ဆေးအဖွဲ့မှာပါဝင်တဲ့သူတွေက စွန့်လွှတ်စွန့်စားရတာအရမ်းများတယ်။ မိန်းကလေးတွေနော်၊ စစ်တပ်လာဝိုင်းလို့ ရွေ့ကြဟေ့ဆိုရင် လူနာတွေ၊ အလောင်းတွေ ထမ်းပြေးကြရတာ။ တော်ရုံဇွဲ၊ သတ္တိရှိတာလောက်နဲ့ မခံနိုင်ပါဘူး”

သေမင်းခံတွင်းဝမှ ပြန်လည်လွတ်မြောက်လာခဲ့သူ

“ ကျွန်မ ကျောင်းတက်ချင်ပါတယ်… အရင်လိုပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျောင်းတက်ခွင့်ရချင်ပါတယ်… အခုတော့ ကျွန်မလက်တွေက ထမင်းစားရင် ဇွန်းကိုတောင် ကိုင်လို့မမြဲပါဘူး…. ကျောင်းတက်ရလို့ စာတွေရေးတဲ့အခါ ဘောလ်ပင်ကိုကိုင်လို့အဆင်ပြေပါ့မလားလို့ စိုးရိမ်မိပါတယ်”

ရင်သွေးလေးတွေကို နွေးထွေးစွာကြိုဆိုနိုင်မလား ပူပန်နေရတဲ့ မိခင်လောင်းတွေ

“ သူ့ကြောင့်ဆိုပြီး သတ္တိတွေ အလိုလိုရှိလာတယ်။ သူ့ကို ကောင်းကောင်းစောင့်ရှောက်နိုင်ပါ့မလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးမိတယ်။ ဒါပေမယ့်လည်း အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ကလေးကြီး လာရင် ပြန်ပြောပြဖို့ တွေးထားတယ်”

မျှော်မှန်းထားသလောက် ခရီးမပေါက်ခဲ့ပေမယ့် တရားမျှတမှုအတွက် အဆုံးထိဆက်လျောက်မယ်

“ ရုံးချိန်းသွားပြီဆိုရင် နေ့စားမလိုက်ရဘူးပေါ့။ အဲရက်တွေဆိုရင် ပိုက်ဆံလည်း မရဘူးပေါ့။ ရုံးချိန်းတိုင်းလည်း မပျက် ကွက်ခဲ့ဖူးဘူး။ ခက်ခဲမှန်းထပ်ကြာဦးမယ်မှန်း တော့သိတယ်…ရှေ့ဆက်သွားမယ်။ တရားမျှတမှုလိုချင်တယ်။”

မကြောက်မရွံ့ နောက်မတွန့်ကြတဲ့ နွေဦးအာဂတွေ

“ ကျွန်မရှေ့တန်းက ပါဝင်ခဲ့တာက မှတ်မှတ်ရရ သုံးကြိမ်ရှိပါပြီ။ ကျန်တဲ့အချိန်တွေက နောက်တန်းမှာ နေရတာများတယ်။ နောက်တန်းကဆိုပေမယ့် ပစ်ခတ်မှုတွေကြားမှာ မီးခိုးဗုံးလိုရင်မီးခိုးဗုံး၊ ရေလိုရင်ရေစတာတွေလုပ်ပေးရတယ်”