
အမတော်ကြေး အတင်းအကျပ် ပြန်တောင်းခံရမှာ စိုးရိမ်နေတဲ့ လယ်သမားတွေ
“ မနှစ်က ရာသီဥတုမကောင်းတော့ အရင်းမရတဲ့အပြင် မျိုးခပါရူံးတယ်။ အခု နွေစပါးကျတော့လည်း မိုးမိတော့ စပါးတွေ က မဲပြီးဈေးကောင်းမရဘူး။ နောက်ပြီး နွေစပါးပေါ်တဲ့အချိန်မှာမှ အာဏာသိမ်းတာနဲ့ကြုံပြီး ဘဏ်လုပ်ငန်းတွေက ငွေထုတ် မရ အခက်အခဲဖြစ်တော့ စပါးဝယ်တဲ့ စက်ပိုင်တွေက ဈေးနှိမ်ဝယ်တာခံရတယ်။ ဘာလုပ်ကိုင်စားသောက်ရမှန်း မသိဖြစ် နေတယ်”

အမျိုးသမီးငယ်များကို ရှေ့ထွက်စေချင်သည့် “မိုင်”
“တိုက်ပွဲတွေဖြစ်ပြီး လူတွေပြေးလာကြတော့ သူတို့မှာ ခါးဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့လေ။ အဲဒါကို ညီမက သူတို့တွေ ဝင်ငွေရအောင် ဘယ်လိုကူညီပေးရမလဲဆိုတဲ့ နည်းလမ်းရှာရင်းနဲ့ တိုက်ပွဲရှောင်တွေကိုယ်တိုင်လုပ်တဲ့ ဝါးထွက်ပစ္စည်းတွေကို ရောင်းချပေးဖြစ်သွားတာဖြစ်ပါတယ်”

သတ္တိတွေနဲ့အတူ ပြန်လည်နိုးထလာတဲ့ ချင်းတောင်
“ဖမ်းထားတဲ့သူတွေကို ရှေ့မှာထားပြီး ရိုက်နှက်နှိပ်စက်နေလို့ ကျမတို့ နောက်ဆုတ်ပေးလိုက်တာပါ။ အရှုံးပေးလိုက်တာ တော့ မဟုတ်ဘူး။ ကျမတို့က ဘယ်တော့မှ အရှုံးမပေးဘူး။ ဆက်တိုက်ပွဲဝင်သွားမှာပါ”

LGBTIQ’s spring revolution
“I have already prepared to sacrifice my life in this revolution. And I will fight till the end of the dictatorship.”

အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ရှေ့ဆက်နေတဲ့ CDM ဝန်ထမ်းအမျိုးသမီးများ
"အများစုက ကြောက်လို့ ပြန်ဝင်သွားကြပြီ၊ အဲ့ဒီအတွက်တော့ တော်တော်ဝမ်းနည်းရပါတယ်၊ ညီမလည်း ကြောက်တာပဲ၊ ဒါပေမဲ့အနာဂတ်ပျောက်မှာပိုကြောက်တယ်၊ သေသွားတဲ့သူတွေ ကိုယ်ထက်ငယ်တဲ့ ကလေးတွေကို အားနာရင် ကိုယ်ချင်းစာရင် ဆက်ပြီးတောင့်ခံထားပေးပါ”

မွန်မြတ်သော နှလုံးသားပိုင်ရှင်
“ဆေးစစ်ဆေးချက်တွေအားလုံး အောင်မြင်သွားပြီးတော့ နောက်ဆုံးအနေနဲ့ ကျောက်ကပ်သွေးကြောအားကောင်း၊ မကောင်းကို ဓာတ်မှန်ရိုက်ရမယ်လို့ ဆရာဝန်တွေက ပြောလာပါတယ်။ အဲ့ဒီဓာတ်မှန်ရိုက်ဖို့အတွက် ဆေးသုံးလုံးထိုးရမယ်။ ဆေးထိုးချိန်မှာ အခန့်မသင့်ရင် ရှော့ခ် ဖြစ်ပြီးတော့ သေသွားနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကျမက အဲဒီဆေးစစ်ချက်ကို ပြုလုပ်နိုင်ဖို့အတွက် ဆရာဝန်တွေဆီမှာ ဝန်ခံလက်မှတ်ထိုးပြီးတော့ စစ်ဆေးချက်ခံယူခဲ့ပါတယ် ”

အမျိုးသမီးတွေပစ်မှတ်ထားခံခဲ့ရတဲ့လွိုင်ကော်သပိတ်ဖြိုခွင်းမှု
"အဲ့ဒီနေ့ သပိတ်ဖြိုခွဲခံရတုန်းက ပြေးကြရတယ်။ အမေက လွတ်တယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက အမျိုးသမီးတွေ အများကြီး ဖမ်းမိတယ်။ အဲ့အချိန်မှာ အမေက နာမည်ထွက်ထားပြီး လိုက်နေတာကြတာ ဆိုတော့ အမေ့ကို ဖမ်းချင်နေမှန်း အမေလည်းသိတယ်။ အမျိုးသမီးတွေအများကြီး ဓားစာခံဖြစ်သွားမှာစိုးလို့ အမေက ကျန်တဲ့သူတွေကို လွှတ်ပေးလိုက်ပါဆိုပြီး ကားပေါ်ကနေတခါတည်းဆွဲချပြီးတော့ သူ့ကိုဖမ်းချင်ရင် ဖမ်းသွားပါဆိုပြီး လိုက်သွားတယ်"

တောင့်တအိပ်မက်တွေကို ခဏဆိုင်းငံ့ထားရတဲ့ CDM ကျောင်းသူတွေ
“ဒီအချိန်က ဘဝအတွက်ကြိုးစားနေရမယ့်အချိန်လေ၊ ဒီအချိန်မှာ ဒီလိုထွက်ပြေးနေရတာ၊ တချို့ဆိုအိမ်ကို တစ်သက်လုံးပြန်မလာနိုင်တော့ဘူး။ လူငယ်တွေရဲ့ အနာဂတ်ပျောက်ကုန်ပြီ၊ တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရတယ်၊ အာဏာရှင်နဲ့ လက်ပါးစေတွေကို နာကျည်းမုန်းတီးတယ်”

တော်လှန်ရေးအတွက် နောက်မတွန့်ကြသူများ
“အခွင့်ထူးခံ လူတန်းစားလိုတော့ မလိုချင်ဘူး၊ မျှော်လည်းမမျှော်လင့်ဘူး။ သာတူညီမျှတဲ့ အခွင့်အရေးတွေရဖို့ပဲ မျှော် လင့်တယ်”

မြန်မာနိုင်ငံက လူသားတိုင်း လူ့အခွင့်အရေးတန်းတူရရှိဖို့ လုပ်ဆောင်ချင်တဲ့ဝန်ကြီး
“ ကျနော်အနေနဲ့ တောက်လျောက် လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်ခဲ့တယ်။ LGBT အရေးက ကျနော့်လုပ်ဆောင်မှုဖြစ် တယ်။ ဒါပေမယ့် ဝန်ကြီးတာဝန်ထမ်းဆောင်တဲ့အခါမှာတော့ အုပ်စုတစ်စုကိုပဲ ဦးတည်ပြီးတော့ လုပ်လို့မရတော့ဘူး။ ကျနော့်တာဝန်က မြန်မာပြည်မှာရှိတဲ့ လူသားတိုင်းတန်းတူရရှိဖို့ လူသားတိုင်းအားလုံးကို ကာကွယ်ပေးနိုင်ဖို့ဖြစ်တယ်”


