Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • အခုလိုဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းကိုင်ဆောင်လို့ ဖမ်းဆီးငွေညှစ်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM)မှကိုသိုက်ထွန်းဦးက“သေနတ်ကိုင်ဖို့မပြောနဲ့၊ ပန်းပန်ရင်တောင်မှ ဖမ်းလို့ရတယ်ဆိုတဲ့တကယ်မရှိတဲ့ ဥပဒေတွေကို ဥပဒေလုပ်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ဆွဲတာမျိုးကတ ကယ်ကိုလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။”လို့ ရှုတ်ချပြောဆိုပါတယ်။

  • သူတို့ဆုံးဖြတ်ချက်က အာဏာရှင် အုပ်စိုးနေတဲ့ မြန်မာနိုင်ငံမှာဆိုရင် ဖြစ်နိုင်ဖို့ မလွယ်ကူပေမယ့် သူတို့ရဲ့ ဖြစ် တည်မှု၊ LGBTQ အခွင့်အရေးတွေနဲ့ပတ်သတ်လို့ စိုးရိမ်ရမှုမရှိဘဲ စိတ်လွတ်လပ်စေတဲ့ ထိုင်းနိုင်ငံက လိင်စိတ်ခံ ယူမှုကွဲပြားသူတွေရဲ့ အထင်ကရ ပွဲတော်တစ်ခုမှာ လူထုအားကိုယူပြီး သိရှင်ကြားလက်ထပ်ဖို့ရွေးချယ်ခဲ့တာပါ။

  • မေ ရာသီဥတုဒဏ်ခံနိုင်တဲ့ပေါ့ပါးတဲ့အကျီနဲ့ခေါင်းဆောင်းဦးထုတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ ကားလမ်းမပေါ်မှာ စက်ဘီးတစ်စီးကိုသွက်လက်စွာနင်းနေပါတယ်။ လက်ထဲမှာလည်းအထုတ်တွေသယ်ထားပါသေး တယ်။ သူကတော့အသက်(၂၄)နှစ်အရွယ်အမရာလို့ခေါ်တဲ့အမျိုးသမီးငယ်ပါ။ သူဟာရန်ကုန်မြို့အနှံ့အစားအသောက်တွေ၊ ကုန်ပစ္စည်းတွေကို စက်ဘီးတစ်စီးနဲ့သွားရောက်ပို့ဆောင်နေသလို  Quick & Easy…

  • ပူတာအိုဒေသမှာတိုက်ပွဲတွေကြောင့်ကားလမ်းပိတ်ရာကနေအစပြုပြီး ကုန်စျေးနှုန်းတရိပ်ရိပ်တက် လာခဲ့တာလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံရဲ့ ကုန်စျေးနှုန်းအမြင့်ဆုံးမြို့ဖြစ်လာတာကြောင့် အိမ် ထောင်စုအများအပြား စားစရာ ပြတ်လပ်တဲ့ ဒဏ်ကြုံနေကြရပါတယ်။

  • သူကစိတ်ဓါတ်မာမာနဲ့ ဝါသနာပါတဲ့ အနုပညာနဲ့တစ်မျိုး၊ ဘဝတူနိုင်ငံရေးအကျဉ်းသူတွေကို ကူညီလို့တသွယ်သန်မာတဲ့အမျိုးသမီးတစ်ဦးအဖြစ် ရှင်သန်ရပ်တည်နိုင်ခဲ့တဲ့ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။

  • အဲဒီဖြစ်စဉ်ထဲမှာ ဗျိုင်းဖြူရွာက အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနှင့် အပျိုအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေက ထမင်းချက်ခိုင်းဖို့ခေါ်သွားပြီး မုဒိမ်းကျင့်ပြီး အိမ်ထောင်သည်အမျိုးသမီးကို သတ်ပစ်လိုက်ကာ ကျန် အပျိုအမျိုးသမီးနှစ်ဦးကိုတော့ပြန်လွတ်လိုက်ပါတယ်။

  • မဲဆောက်ရောက်တဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မဲဆောက် ရောက်တဲ့အခါမှာလည်း ပြည်တွင်းက CDM တွေအတွက်အပိုငွေထွက်အောင် အတက်နိုင်ဆုံးချွေ တာ နေထိုင်ခဲ့ပါတယ်။CDM တွေအတွက်အပိုဝင်ငွေထွက်အောင် MOJ ကငှားပေးတဲ့အိမ်အကောင်းမှာမနေပဲ ဈေး သက်သာတဲ့အိမ်မှာပြောင်းနေတာ၊ ခရီးစရိတ်မယူတာမျိုးတွေပါ။

  • “တစ်ရွာလုံးမှာရှိတဲ့ အမျိုးသမီးလေးတွေကဝိုင်းဝန်းပါဝင်ကြလို့ အဖွဲ့ရဲ့သုံးပုံနှစ်ပုံက အမျိုးသမီးငယ်လေးတွေပါ၊ အမျိုး သမီးငယ်တွေက တာဝန်မရွေးပါဘူး။ သူတို့လုပ်နိုင်တဲ့တာဝန်တွေကို အကုန်တာဝန်ယူ လုပ်ဆောင်နိုင်ကြတယ်။”လို့ အဏ္ဏဝါ ပြည့်စုံ- ပရဟိတအမှိုက်စီမံမှုအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ဆရာကိုစိုးကျော်ကပြောပါတယ်။

  • “MOGE က နိုင်ငံခြားဝင်ငွေ ၈၀ ရာခိုင်နှုန်းရတယ်။ အဲ့ဒီငွေတွေနဲ့ စစ်အုပ်စုက လက်နက်ဝယ်တယ်။ လေယာဉ် ဆီဝယ်တယ်။ တိုက်လေယာဉ်တွေ ဝယ်တယ်။ စစ်ဆင်ရေးတွေမှာ သုံးတယ်။ အကြမ်းဖက်စစ်အုပ်စု ယန္တရား လည်ပတ်တယ်။ အဲ့ဒီအတွက် MOGE ကို ဖြိုဖို့လိုတယ်။”လို့ မူလန်က ဆိုပါတယ်။

  • လက်ရှိမှာ ဘဝတူ CDM ဆရာမတွေနဲ့အတူနေထိုင်ပြီး ဖက်ဒရယ် ကျောင်းတွေမှာ Online ကနေစာသင်တာ၊ မြေ ပြင်မှာလည်းရွေ့ပြောင်းနဲ့စစ်ဘေးရှောင်ကလေးတွေကိုစာသင်ပေးနေတာတွေပြုလုပ်နေပါတယ်ဒါ့အပြင် CDM ဆ ရာမတွေနဲ့အတူအာလူးကြော်၊ငှက်ပျော်ကြော်၊ငါးခြောက်ကြော်၊ပုဇွန်ခြောက်ကြော်၊သရက်သီးသနပ်တွေကို“ဟီး ရိုး”အမှတ်တံဆိပ်နဲ့ရောင်းချနေပါတယ်။ ရတဲ့အမြတ်တွေကိုစားဝတ်နေရေးအတွက်အသုံးပြုသလိုတဖက်မှာလည်းတော်လှန်ရေးအတွက် လှူဒါန်းနေပါတယ်။