Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • တော်လှန်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေအနေနဲ့ အများဆုံးကြုံတွေ့နေရတာက Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးစော်ကားတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝန်ခံထွက်ဆိုခဲ့ကြတာဖြစ်ပါတယ်။

  • “သမိုင်းမှတ်တမ်းမှာဆိုရင် အကြီးမားဆုံးကာလလို့ ပြောရမှာပေါ့။ ဒီလိုအချိန်ကာလမှာ ကျမကအဝေးမှာရှိနေတာထက် စစ်ပွဲအတွေ့အကြုံရချင်တယ်။ ကိုယ်တိုင်လည်း ကြုံချင်တယ်။ ဒါက ကျမအတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်တယ်။ ဒီအခြေအနေမှာ ကိုယ်တိုင်ရှိနေတာက သတင်းသမားအတွက်ပိုပြီးတော့ကောင်းတယ် လေ။”လို့ သူထွက်လာရတဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။

  • နန်းဆိုင်နွမ် “ မိုးရွာရင် စိတ္တဇလိုပဲ။ မြစ်ရေကိုသွားသွားကြည့်နေရတယ်။ ညဆိုရင် အိပ်ရမှာတောင် ကြောက်နေပြီ” လို့ ဒေါ်ခွန်ဂျာတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ပြောလာပါတယ်။ ဒေါ်ခွန်ဂျာတို့နေထိုင်တဲ့ ကချင်ပြည်နယ်…

  • မြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေ၊ စီးပွားရေးဆုံးရှုံးမှုတွေနှင့်အတူ ပညာရေးဆုံးရှုံးမှုတွေကိုပါ ဆက်ပြီးခံနေရတာကြောင့် သားသမီးပညာရေးကိုတော့ မဆုံးရှုံးချင်ဘူးလို့ ဒေါ်ညိုက ပြောပါတယ်။

  • ရက်ကန်းရက်တဲ့အလုပ်ကိုရှေးယခင်ကတည်းကနေလက်ရှိအချိန်ထိအမျိုးသမီးတွေလုပ်ကြတာများပေမယ့် ရေစကြိုနယ်ကကျေးရွာတချို့မှာတော့အမျိုးသမီးအမျိုးသားမရွေးရက်ကန်းခတ်တက်ပြီးအသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။အထူးသဖြင့် မြေခဲတောင်ရွာက တစ်ရွာလုံးနီးပါး ရက်ကန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့အပြင် အမျိုးသား၊ အမျိုးသမီးနဲ့နှစ်တန်းသုံးတန်းအရွယ်ကလေးငယ်တွေကအစ ရက်ကန်းရက်တာ ချည်ဆေးဆိုးတာတွေကို လုပ်ကိုင်ကြပါတယ်။

  • “သူ့ကိုဖမ်းသွားပြီး စစ်ကြောရေးမှာ နာရီပေါင်း ရှစ်နာရီလောက်ကြာအောင် မရပ်မနားရိုက်နှက်နှိပ်စက်တယ်။ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်တာတွေလည်းလုပ်တယ်။ ရင်သားတွေကို ကိုင်တွယ်တာ၊ သူတို့ရှေ့ရေချိုးခိုင်းတာ တွေလည်းလုပ်တယ်။”လို့ ရေဘဝဲ(ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဥက္ကဋ္ဌ ကိုရေဘဝဲ သူ့သိထားသမျှကို ရှင်းပြပါတယ်။

  • “ပိုက်ဆံရှိပေမယ့် ဝယ်လို့မရတဲ့ အထဲမှာ မိခင်နို့လည်းပါတယ်။ မိခင်နို့လှူခြင်းက ကိုယ့်ရဲ့အသွေးသားကိုလှူတာနဲ့ အတူတူပါပဲ”လို့ မအိက သူ့ခံယူချက်ကိုပြောပါတယ်။

  • ဆင်တွေနဲ့ ဆင်ကိုထိန်းကျောင်းသူတွေအကြောင်းပြောတဲ့အခါ မြန်မာနိုင်ငံမှာ ဆင်ဦးစီးနဲ့ ဆင်ခေါင်း အဖြစ် လုပ် ကိုင်တဲ့အမျိုးသမီး မရှိသလောက်ရှားတာကို သမိုင်းမှတ်တမ်းတွေအရ လေ့လာတွေ့ရှိရပါတယ်။ သို့ပေမဲ့ ဆင် ထိန်းနဲ့ ဆင်ဝန်ထမ်းအဖြစ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတချို့လည်း ရှိနေပါတယ်။

  • အမျိုးသမီးပန်းချီဆရာတွေရဲ့ ပန်းချီကားတွေက နူးညံ့တာများပြီး တစ်ယောက်နဲ့တစ်ယောက်တွေးပုံတွေကွာသလို ဝါသနာအရရေးဆွဲတဲ့အများစုမှာဆို ပန်းချီကားအရေအတွက်များများမတွေ့ရပေမယ့် တစ်ကားဆိုတစ်ကား အစွမ်းကုန်ကြိုးစားထားတာတွေ့ရတက်တယ်လို့ အမျိုးသမီးပန်းချီဆရာမတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

  • အခုလိုဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းကိုင်ဆောင်လို့ ဖမ်းဆီးငွေညှစ်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM)မှကိုသိုက်ထွန်းဦးက“သေနတ်ကိုင်ဖို့မပြောနဲ့၊ ပန်းပန်ရင်တောင်မှ ဖမ်းလို့ရတယ်ဆိုတဲ့တကယ်မရှိတဲ့ ဥပဒေတွေကို ဥပဒေလုပ်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ဆွဲတာမျိုးကတ ကယ်ကိုလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။”လို့ ရှုတ်ချပြောဆိုပါတယ်။