အခက်အခဲတွေကြားက ဆက်ပြီးတောင့်ခံကြမယ်
CDM စလုပ်ပြီးကတည်းက အမေတို့နဲ့ ခြံလုပ်နေတာ အခုထိပဲ။ အရင်ကတော့ ကျောင်းဖွင့်ရင် အဖြူစိမ်းလေးနဲ့ ကျောင်းသွားတာပေါ့။ အခုတော့ ပေါက်ပြားကိုင်တယ်။ ခြံသွားပြီး တောင်ယာပေါက်တယ်။ ပေါင်းနုတ်တယ် အကုန်လုပ်တယ်။
နေ့စားလိုက်သင့်ရင်လည်း လိုက်တယ်။ အနည်းဆုံးတော့ စစ်အာဏာရှင် စနစ်အောက်မှာ ကျွန်မခံရဘူးလေ။


