“တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”
မတ် ၁၃ မှ ၁၉ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားသည်များကို Hi မှ စုစည်းဖော်ပြပေးလိုက်ရပါသည်။
This author has not written his bio yet.
But we are proud to say that webmaster contributed 1391 entries already.
မတ် ၁၃ မှ ၁၉ အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားသည်များကို Hi မှ စုစည်းဖော်ပြပေးလိုက်ရပါသည်။
စစ်တွေမြို့၊မင်းဂံရပ်ကွက်၊ အကွက် ၁၃ မှာ အဓ္ဓမပြုကျင့်ခံရပြီး ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ အသက် ၁၂ အရွယ် မိန်းကလေးငယ်ဟာ စစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးသွားပါတယ်။
“ တစ်နေကုန် ထိုင်ပြီး ဘာမှမရဘဲ ထမင်းငတ်တဲ့နေ့တွေရှိတယ်။”
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ မတ်လ ၁၆ ရက်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် ခံရပြီး ရိုက်နှက်စွန့်ပစ်ခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။
“အရင်လိုပဲ အိပ်ရာထ သွားတိုက် မျက်နှာသစ်ပြီးရင် ထမင်းစား ကျောင်းသွားရတာမျိုး ပြန်ဖြစ်ချင်တယ်။ ကျောင်းတတ်ရတာ ပျော်တယ်။ အဖြုအစိမ်း ဝတ်ရတာလည်း ပျော်တယ်”
“ အဖြေကရိုးရှင်းပါတယ်ရှင်။ စကစတွေက Telegramမှာ အရင်တင်ထားတာ ကြည့်ခြင်းအားဖြင့် အဖြေက ရှင်းနေပါပြီ။ ဒီနေရာမှာ ပြောချင်တာက စကစနဲ့PNOနဲ့ပေါင်းတာကို စကစကသတ်ပါ့မလား မေးခွန်းတွေပေါ့။ PNO တွေ ပါနေတာ ကိုယ့်လူမျိုးကိုပြန်သတ်ပါ့မလားဆိုပြီး တချို့လူတွေမေးခွန်းတွေရှိပါတယ်။ PNOကအဖွဲ့အစည်းတစ်ခုပဲ။ ပအိုဝ်းတစ်မျိုး သားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အရင်နှစ်ကပဲ ပအိုဝ်းလူငယ်ငါးဦးကို ပစ်သတ်လိုက်တာက သက်သေပါပဲ။”
“ စခန်းတွေမှာ အမျိုးသမီးတွေ ရေချိုးမယ့်နေရာမရှိဘူး။ နေရတဲ့အခန်းတွေကကျဉ်းတော့ သူတို့ရဲ့ လုံခြုံမှုက လုံးဝမရှိဖြစ်နေ တယ်။ နောက်တစ်ခုက အိမ်သာတွေကို စုပေါင်းပြီးတက်နေရတာကလည်း အမျိုးသမီးတွေအတွက် မလုံခြုံမှုတစ်ခုပါပဲ”
အမျိုးသမီးများ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ရဲ့ ရဲ့ အဓိက မဏ္ဍိုင် (၄) ရပ်ထဲက နောက်ဆုံး R ဖြစ်တဲ့ Relief and Recovery (ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ခြင်း) အကြောင်းတင်ပြထားပါတယ်။
“ ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာဆိုရင် လုံးဝဖိနှိပ်မှုဖြစ်စေတဲ့ဝါဒတွေ အကုန်လုံးကို ကျမတို့တိုက်ဖျက်နေရတဲ့ တော်လှန် ရေးဖြစ်တယ်။ အဲ့ဒါကို သက်ဆိုင်ရာအစုအဖွဲ့တွေက တကယ့်ကိုအလေးထားဖို့လိုတယ်။ တော်လှန်ရေးသည်သာ ပထမဦးစား ပေး အာဏာရှင်ပြုတ်ဖို့လိုတယ်။ ကျား-မတန်းတူရေးက နောက်မှလို့ စဥ်းစားသရွေ့တော့ ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုကို ရရှိမှာမဟုတ်ဘူး။”

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။