Entries by webmaster

လက်မှုပညာနဲ့ ဒေသခံအမျိုးသမီးတွေကို ဝင်ငွေတိုးစေသူ

“အဓိကက သူတို့ကိုလုပ်ငန်းမပြတ်ပေးနိုင်ဖို့၊ ကျနော်ဖန်တီးချင်တဲ့ဒီဇိုင်းတွေ ဖန်တီးနိုင်ဖို့ပါ။ အဲ့နှစ်ချက်ကို ဦးတည်ပြီး သွားနေတာပါ။ ဒီအလုပ်နဲ့ တခြားနေရာမှာ သူတို့လုပ်စားနိုင်မယ်ဆိုရင် ကျနော်သင်ပေးတာအမြတ်ပဲပေါ့”

ရဲဝံ့စွန့်စား ကျန်းမာရေး စေတနာ့ဝန်ထမ်း  အမျိုးသမီးများ

ကိုယ့်လုံခြုံရေးက မကောင်းဘူး။ ဒါပေမယ့် ကျမ ဒီအလုပ်ကို ဆက်မလုပ်ရင် ဆေးပေးခန်းမရှိတဲ့ ဒေသခံတွေ တော်တော်လေး ခက်ခဲနေလိမ့်မယ်။ ဆေးရုံသွားဖို့ကလည်းဝေး လမ်းခရီးက ကြမ်းဆိုတော့။ ဒါကြောင့်လည်း ဒီအလုပ်ကိုတော့ ဆက်လုပ်နေအုန်းမယ်။ အာဏာရှင် မပြုတ်သရွေ့ ကျမ လုပ်ငန်းခွင်ထဲ ပြန်ဝင်မှာ မဟုတ်ဘူး။

သားသမီးပညာရေးအတွက် ရတက်မအေးဖြစ်နေရတဲ့ မိဘတွေ

” ကိုယ့်အစိုးရတရပ်မို့လို ပြည်သူတွေက ဒီကျောင်းတွေကိုအပ်ခဲ့တာ ပြသနာတက်လာတော့ ကိုယ့်အစိုးရရဲ့ အကာအကွယ် မရခဲ့ဘူး။ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်။”

သတ္တိရှိရှိ ထုတ်ဖော်လာကြတဲ့ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုပြဿနာများ

“ ဒီလိုထုတ်ဖော်ပြောတာ များများလုပ်လာမှ ကျူးလွန်သူတွေက နောက်ပိုင်းလုပ်ဖို့ကြောက်လာမှာပါ။ ဒီကိစ္စက သေးသေးမွှား မွှားမဟုတ်ပါဘူး။ခံရတဲ့သူက စိတ်ဒဏ်ရာလူဒဏ်နဲ့ လွယ်လွယ်နဲ့မေ့ပျောက်လို့ရတာမဟုတ်ခဲ့ပါဘူး”

HI Podcast အစီအစဉ်- Ep 2

အမျိုးသမီးအကြောင်းအရာတွေကို အဓိကထားတင်ဆက်နေတဲ့ HI သတင်းဌာနရဲ့ ဒီအပတ်ပေါ့ကတ် အစီအစဉ်မှာတော့ တစ်ပတ်တာအတွင်း ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ သတင်းဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အမျိုးသမီး သတင်းဖြစ်ရပ်တွေနဲ့ အမျိုးသမီး အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

အဆိုးဆုံးအခြေအနေအောက်က ထိုင်းရောက်မြန်မာအိမ်အကူများ

“ အိမ်ဖော်တွေက တခြားအလုပ်တွေက လိုမဟုတ်ဘူး။ အရမ်းလည်းပင်ပန်းတယ်။ လစာလည်းနည်းတယ်။ နောက်ဘာမှ ခံစားခွင့်လည်းမရှိဘူး။ အိမ်ဖော်တွေလုပ်ရတာ ကျွန်လိုပဲ။ မလုပ်ရင်လည်း မရဘူးလေ”

ကူညီကယ်ဆယ်ရေး အလှမ်းဝေးနေဆဲ မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူတွေ

“ ရှေ့တစ်ပတ်လောက်ဆိုရင်ပဲ မိုးရာသီရောက်တော့မယ်။ သူတို့(စစ်ကောင်စီ)လုပ်ပေးဖို့ကို မျှော်နေရင် မိုးရေထဲမှာသေ သွားလိမ့်မယ်။ အဲတော့ မရှိ,ရှိတာနဲ့ တဲအိမ်တွေ ဆောက်နေကြတယ်။”