အမှန်အတိုင်း ပြော မယ်ဆိုရင် ချင်းမှာက အမျိုးသမီးတော်တော်များများက သူတို့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိတဲ့ သူတွေ အများကြီးရှိတယ်။ ဒါကို မှန်တယ်ဆိုပြီး သွားနေကြတာ။ အဲဒါကြောင့် ကျွန်တော့်အမေလည်း သူ့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော့်အမေက အမျိုး သမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်လို့တော့ သိပ်မရင်းနှီးသေးပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ အမျိုးသမီး တွေအနေနဲ့ ကိုယ့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိတယ်ဆိုတာ ပြောပြဖို့ ကျွန်တော့်မှာ တာဝန်ရှိသလိုဖြစ်လာ တယ်။
Author
Shin Nyane
-
-
“ယောကျ်ားနဲ့ မိန်းမအလုပ်လုပ်ရတာချင်းအတူတူ မိန်းမတွေ တောင်ယာက ပြန်လာတာနဲ့ မိသားစုစားဖို့ ချက် ပြုတ်၊ လျှော်ဖွတ်ရတယ်။ ဝယ်စရာလိုလို့ ငွေမရှိရင် ဈေးရောင်းရတယ်။ အကုန်လုပ်ရတယ်။ ဒါပေမယ့် ရပိုင်ခွင့် ကျရင်တော့ မိန်းမတွေက ဘာမှ မရတော့ အရမ်းနစ်နာတယ်”
-
“တကယ်တော့ မုဒိမ်းကောင်မဖြစ်သင့်ပဲနဲ့ ပြည်သူလူထုရဲ့သွန်သင်မှုတွေ၊ မိဘတွေရဲ့ပုံသွင်းမှုတွေပဲ သူတို့ကို မုဒိမ်းကောင်ဖြစ်ဖို့တွန်းပို့တာပါ။ တကယ်ဆို မုဒိမ်းကောင်တွေ မရှိရင် မုဒိမ်းမှုဆိုတာ မရှိဘူး။ အဲဒီတော့ မုဒိမ်း ကောင်တွေ မမွေးမိအောင်၊ မုဒိမ်းကောင်တွေ ဖြစ်မလာအောင် မိဘတွေက၊ ပါတ်ဝန်းကျင်က ကြိုတင် တားမြစ်ပေးဖို့၊ ပညာပေးတတ်ဖို့လိုပါတယ်”