အညာမှာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေဆဲ
ဒေဝီ အညာဒေသကစစ်ကောင်စီကိုတော်လှန်ရာမှာ ခုခံစစ်အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပေမယ့် ဖိုဝါဒကြီးစိုးမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ LGBTတွေအပေါ်ခွဲခြားဆက်ဆံမှုတွေကိုပါ တွန်းလှန်နေရတဲ့ဒေသဖြစ်ပါတယ်။ “လူပုံကိုကြည့်ပြီး အခြောက်လား ၊ ဂေးလား ၊တခြားယောကျာ်းလေးတွေနဲ့ တပူးတတွဲတွဲရှိနေရင် သူတို့မဟုတ်တာလုပ် တော့မှာပဲဆိုတဲ့ အကြည့်တွေနဲ့ LGBTတွေကို နှိမ်စရာလို့ မြင်ကြတာတွေရှိတယ်”လို့ အညာဒေသမှာ လက်နက်ကိုင်တော်လှန် နေသူတစ်ဦးဖြစ်တဲ့ ကိုနွေကပြောပါတယ်။ သူကိုယ်တိုင်လည်း စစ်အာဏာရှင်ကိုတော်လှန်ဖို့ အညာဒေသက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုစီရောက်လာစဉ်ကခွဲခြားဆက် ဆံမှုတချို့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ သူငယ်ချင်းဖြစ်သူနဲ့ တော်လှန်ရေးအဖွဲ့ကို စတင်ရောက်လာစဉ်ခါက ယောကျာ်းလေးဆိုပေမယ့် ကျားကျားလျားလျားပုံစံမျိုး မရှိတဲ့အခါ အဖွဲ့ကသူတစ်ချို့ရဲ့ လှောင်ပြောင်တာကိုစကြုံရပါတယ်။ သူရဲ့ ဖြစ်တည်မှုကို ထုတ်ဖော်မပြောပေမယ့်လည်း အချို့က ဂေးလားဆိုပြီးစနောက်သလိုနဲ့ ပြောဆိုကြတယ်။ သင်တန်းမှာ လေ့ကျင့်ရေးလုပ်တဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင်ရတဲ့အခါ အများနည်းတူလိုက်မလုပ်နိုင်လို့ လှောင် ပြောင်တာတွေလည်းကြုံရတယ်လို့ဆိုပါတယ်။ “အခြားယောကျာ်းတွေနဲ့စာရင် အားပျော့တယ်လို့ပြောရမယ် ၊တချို့ဟာတွေဆို ကိုယ်ကလိုက်မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘူးဆို […]