🔳 မယ်လွန်း ( ၂၀၁၉ခုနှစ်၊ ဧပြီ ၃၀ရက်က ဓာတ်ပုံအက်ဆေးကို ပြန်လည်ဖော်ပြသည်။) ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်ရှိ မော်ချီးဒေသသည် အမြင့်ပေ ၂၀၀၀ မှ ၅၀၀၀ အတွင်းရှိသော တောင်တန်းဒေသဖြစ်သည်။ မော်ချီးဒေသရှိ မော်ချီးသတ္တုမိုင်းသည် အင်္ဂလိပ်အစိုးရလက်ထက်ကတည်းမှစတင်ကာ ယခုအချိန်အထိ ကမ္ဘာ့အဆင့်တန်းဝင် သတ္တုတွင်းထွက် ထွက်ရှိရာ ဒေသတခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည့်အပြင် တိုင်းပြည်၏ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့်တနေရာမှ ပံ့ပိုးလျှက်ရှိသည်။ ခဲတွင်းထဲတွင် အများအားဖြင့် အမျိုးသားများသာ ဝင်ကြပြီး ယခုနောက်ပိုင်းတွင် အန္တရာယ်များသောကြောင့် အမျိုးသမီးများကို ဝင်ခွင့် ပိတ်ပင်ထားသည်။ ခဲလုပ်ငန်းကြောင့် လုပ်ငန်းတွင်း မတော်တဆမှုများ၊ အရက်သေစာသောက်စားမှုများကြောင့် အမျိုးသားအများစုမှာ အသက်ဆုံးရှုံးကြသောကြောင့် မော်ချီးဒေသတွင် အမျိုးသမီးအများစုမှာ မုဆိုးမများဖြစ်ကြသည်။ အမျိုးသမီးအများစုမှာ ခဲဆေးခြင်း၊ ကျောက်ကပ်ထုခြင်း (ကျောက်တွင် ကပ်နေသည့် ခဲများကို […]