Entries by hiburma-web

လုပ်ခလစာနဲ့ကုန်စျေးနှုန်းမြင့်တက်မှုကြားစိန်ခေါ်မှု နဲ့ပတ်သတ်ပြီး အမျိုးသမီးအလုပ်သမားတွေရဲ့စကားသံ”

HIရဲ့ ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ ဒီနေ့ HIကတင်ဆက်သွားမယ့် ပေါ့ကတ်အစီအစည်မှာတော့ ” မေလ ၁ရက်နေ့မှာကျရောက်တဲ့ မေဒေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသမီးအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ လုပ်ခလစာနဲ့ကုန်စျေးနှုန်းမြင့်တက်မှုကြားစိန်ခေါ်မှု နဲ့ပတ်သတ်ပြီး အမျိုးသမီးအလုပ်သမားတွေရဲ့စကားသံ” ကိုနားဆင်ရမှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – FGWM မှ ဗဟိုအလုပ်အမှုဆောင် မအိနှင့်အင်တာဗျူး

စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု ၄ နှစ်ကျော်လာတဲ့နောက် ပြည်တွင်းစက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေအခြေအနေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – FGWM မှ ဗဟိုအလုပ်အမှုဆောင် ၊ ပြောရေးဆိုခွင့် ရှိသူ မအိနဲ့ HI ကမေးမြန်းထားတဲ့အကြောင်းအရာများကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကြေညာပြီးနောက် ဘာတွေဖြစ်နိုင်မလဲ?

ပြီးခဲ့တဲ့ မတ်လကုန်က ဖြစ်ပွားခဲ့တဲ့ ကြီးမားပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကြေညာပြီးနောက် ဘာတွေဖြစ်နိုင်မလဲ? ဒါနဲ့ပတ်သက်ပြီး GEN ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဒေါ်မေစံပယ်ဖြူနဲ့ မေးမြန်းချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကြေညာပြီးနောက် ဘာတွေဖြစ်နိုင်မလဲ?

ပြီးခဲ့တဲ့ မတ်လကုန်က ဖြစ်ပွားခဲ့တဲ့ ကြီးမားပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကြေညာပြီးနောက် ဘာတွေဖြစ်နိုင်မလဲ? ဒါနဲ့ပတ်သက်ပြီး GEN ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဒေါ်မေစံပယ်ဖြူနဲ့ မေးမြန်းချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။

အညာမှာ LGBT တွေအပေါ်  ခွဲခြားဆက်ဆံမှုတွေရှိနေဆဲ

ဒေဝီ အညာဒေသကစစ်ကောင်စီကိုတော်လှန်ရာမှာ ခုခံစစ်အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပေမယ့် ဖိုဝါဒကြီးစိုးမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ LGBTတွေအပေါ်ခွဲခြားဆက်ဆံမှုတွေကိုပါ တွန်းလှန်နေရတဲ့ဒေသဖြစ်ပါတယ်။ “လူပုံကိုကြည့်ပြီး အခြောက်လား ၊ ဂေးလား ၊တခြားယောကျာ်းလေးတွေနဲ့ တပူးတတွဲတွဲရှိနေရင် သူတို့မဟုတ်တာလုပ် တော့မှာပဲဆိုတဲ့ အကြည့်တွေနဲ့ LGBTတွေကို နှိမ်စရာလို့ မြင်ကြတာတွေရှိတယ်”လို့ အညာဒေသမှာ လက်နက်ကိုင်တော်လှန် နေသူတစ်ဦးဖြစ်တဲ့ ကိုနွေကပြောပါတယ်။ သူကိုယ်တိုင်လည်း စစ်အာဏာရှင်ကို‌တော်လှန်ဖို့ အညာဒေသက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုစီရောက်လာစဉ်ကခွဲခြားဆက် ဆံမှုတချို့ ကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ သူငယ်ချင်းဖြစ်သူနဲ့ တော်လှန်‌ရေးအဖွဲ့ကို စတင်ရောက်လာစဉ်ခါက ယောကျာ်းလေးဆိုပေမယ့် ကျားကျားလျားလျားပုံစံမျိုး မရှိတဲ့အခါ အဖွဲ့ကသူတစ်ချို့ရဲ့ လှောင်ပြောင်တာကိုစကြုံရပါတယ်။ သူရဲ့ ဖြစ်တည်မှုကို ထုတ်ဖော်မပြောပေမယ့်လည်း အချို့က ဂေးလားဆိုပြီးစနောက်သလိုနဲ့ ပြောဆိုကြတယ်။ သင်တန်းမှာ လေ့ကျင့်ရေးလုပ်တဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင်ရတဲ့အခါ အများနည်းတူလိုက်မလုပ်နိုင်လို့ လှောင် ပြောင်တာတွေလည်းကြုံရတယ်လို့ဆိုပါတယ်။ “အခြားယောကျာ်းတွေနဲ့စာရင် အားပျော့တယ်လို့ပြောရမယ် ၊တချို့ဟာတွေဆို ကိုယ်ကလိုက်မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘူးဆို […]

လူ့အသိုင်းအဝိုင်းကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်နေဆဲ သက်ငယ်မုဒိမ်းမှု

ဒီတစ်ပတ်ရဲ့ HI က လူမှုဘဝဆောင်းပါးအစီအစဉ်မှာတော့ “လူ့အသိုင်းအဝိုင်းကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်နေဆဲ သက်ငယ်မုဒိမ်းမှု” ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment)ဆိုတာဘာလဲ

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment)ဆိုတာဘာလဲ? ဒီဗီဒီယိုလေးကိုကြည့်ရှုပြီး ကျွန်မတို့ ပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပုံစံတွေကို comment မှာ ဆွေးနွေးသွားဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေ။

ရှေးရိုးစွဲအယူအဆတွေကို တွန်းလှန်ဖို့လိုနေသေးတဲ့ ဓမ္မတာဖြစ်စဉ်နဲ့ လစဉ်သုံးပစ္စည်းတွေ

အမျိုးသမီးဝတ်ထဘီ၊ ရာသီသွေးစတာတွေဟာ ရှေးရိုးစွဲအယူအဆများလွန်းလှတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်း အတွက်ဆေးခါးကြီးသဖွယ်ဖြစ်နေတုန်းပါပဲ။

ရှေ့ပြေးအသံ ဥက္ကဌဖြစ်တဲ့ ဒေါ်ခင်ဥမ္မာနဲ့မေးမြန်းချက်

လက်ရှိဖြစ်ပွားခဲ့တဲ့ ကြီးမားပြင်းထန်တဲ့ ငလျင်ဘေးကြောင့်ကယ်ဆယ်ရေးအတွက် အကူအညီတွေအကြီးအကျယ်လိုအပ်နေသလို ရေရှည်ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေလည်း ပြင်ဆင်ရမယ့်အချိန်ဖြစ်လာပါတယ်။ ဒီအချိန်မှာ NUGနဲ့ EROအချို့ စကစအပါအဝင် ယာယီအပစ်အခတ်ရပ်စဲရေးလုပ်မယ်လို့ ကြေညာလာကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာတွေဆက်ဖြစ်နိုင်မလဲ ဆိုတာကို ရှေ့ပြေးအသံ ဥက္ကဌဖြစ်တဲ့ ဒေါ်ခင်ဥမ္မာနဲ့မေးမြန်းချက်ကိုနားဆင်ရမှာဖြစ်ပါတယ်။

Honest Review – Episode 6

ဒီတစ်ပါတ်ရဲ့ Honest Review အစီအစဉ်မှာကတော့ RB2နဲ့ ဟဲလေးတို့သီဆိုထားတဲ့ “မယက” ဆိုတဲ့ သီချင်းလေးကို မြစ်ရေစီးသံ စာစဉ်တည်ထောင်သူဖြစ်တဲ့ မဘီးက reviewလုပ်ပေးသွားမှာဖြစ်ပါတယ်။