အိမ်တွင်းငရဲခန်းများအလွန်
“သူ့အမေကို ဒီလိုဒီလိုအရိုက်ခံရတယ်လို့ ပြောတော့၊ သူ့အမေကလေ သည်းခံဖို့ပဲပြောတာ၊ ငါ့သားလေးက လူသတ် လောက်တဲ့အထိတော့ မလုပ်ပါဘူးတဲ့၊ အိမ်ထောင်ရေးမပြိုကွဲချင်ရင် ကလေးမျက်နှာထောက်ပြီး သည်းခံပါလို့ ပြောတယ်”
This author has not written his bio yet.
But we are proud to say that hiburma-web contributed 35 entries already.
“သူ့အမေကို ဒီလိုဒီလိုအရိုက်ခံရတယ်လို့ ပြောတော့၊ သူ့အမေကလေ သည်းခံဖို့ပဲပြောတာ၊ ငါ့သားလေးက လူသတ် လောက်တဲ့အထိတော့ မလုပ်ပါဘူးတဲ့၊ အိမ်ထောင်ရေးမပြိုကွဲချင်ရင် ကလေးမျက်နှာထောက်ပြီး သည်းခံပါလို့ ပြောတယ်”
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “မိန်းမပါးစပ်” ဆိုတဲ့ ဟစ်ဟော့ သီချင်း ကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ကိုယ်ထိလက်ရောက် အကြမ်းဖက်ကျူးလွန်လိုက်တဲ့အခါမျိုးတွေမှာ ရပ်ကွက်ရုံးတွေ၊ ရဲစခန်းတွေ စသဖြင့်နီးစပ်ရာ အုပ်ချုပ်ရေး စနစ်ကို ရောက်တဲ့အခါမှာဆိုရင် ဒီအုပ်ချုပ်ရေးစနစ်မှာကိုက ရှေးက အစဉ်အဆက်လာတဲ့အတိုင်းပဲ ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှုပပျောက်အောင်၊ အိမ်တွင်းကိစ္စ အိမ်တွင်းမှာဖြေရှင်းဆိုတဲ့အခြေအနေမျိုးပဲ ဖြေလျှော့ပေးတယ်၊ လျစ်လျူရှုတယ်၊ နားချတယ်ဆိုပြီး အတင်းပုံစံပြောင်းလိုက်တဲ့အခါ ဒီအခြေအနေက ပိုဆိုးလာတယ်။ နစ်နာသူကလည်း ပိုပြီးအကြမ်းဖက်ခံရလေလေ၊ သူ့အတွက် ကူကယ်ရာမဲ့လေလေ ဖြစ်စေတယ် ဒီတပတ် ပေါ့ကတ်အစီအစဉ်မှာတော့ “အိမ်တွင်းအကြမ်းဖက်မှုလို့ခေါ်တဲ့ ယောကျာ်းက မိန်းမကို/ မိန်းမက ယောကျားကို/ မိဘက ကလေးကို အကြမ်းဖက်နေမယ်ဆိုရင် ဝင်တားမလား။ နစ်နာသူဘက်ကနေ ထုတ်ပြောမလား။ ဒါမှမဟုတ် ကိုယ်နဲ့ မဆိုင်ဘူးလို့ လျစ်လျူရှုထားမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ အမြင်”တွေကို နားဆင်ရမှာပဲဖြစ်ပါတယ်။
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ အဆိုတော်ထက်အဉ္ဇလီသီဆိုထားတဲ့ “အစ်မကြီး အမိအရာ ” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒီတပတ် ပေါ့ကတ်စ်အစီအစဉ်မှာတော့ “အိမ်နီးချင်း အိန္ဒိယနိုင်ငံက ချောင်းဆိုးပျောက်ဆေးတမျိုးကြောင့် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကလေးငယ် ၂ဒါဇင်နီးပါး အသက်ဆုံးရှုံးခဲ့တာနဲ့ပတ်သက်လို့အိန္ဒိယဆေးဝါးတွေကို အဓိကအားကိုးနေကြရတဲ့ မြန်မာပြည်က မိဘတချို့ရဲ့ အမြင်နဲ့ စိုးရိမ်ပူပင်မှု” တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့ဆိုရင် ဆရာဝန်ညွှန်ကြားချက်ပါတယ်ဆိုရင်တောင်မှ အလွဲအချော်တွေဖြစ်နေတဲ့ကာလမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဒီတိုင်း အပြင်ကနေ အလွယ်ဆေးဝယ်သောက်တာမျိုးတွေ၊ အိမ်မှာရှိပြီးသားဆေးတွေက လတ်ဆတ်သေးလား၊ ဒိတ်ကုန်ပြီလား မသိဘဲ ရမ်းသမ်းသောက်တာမျိုးတွေမလုပ်သင့်ဘူး။
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ အဆိုတော်ဟဲလေးသီဆိုထားတဲ့ “စမူဆာ” ဆိုတဲ့ သီချင်းကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အခုက ပျင်းလို့ ငတ်နေတာတော့မဟုတ်ဘူး၊ အလုပ်အကိုင်မရှိလို့ ငတ်နေရတာပဲရှိတာ၊ အလုပ်အကိုင်ရှိကြည့်၊ အယောက်တိုင်းက အလုပ်လုပ်ချင်တဲ့လူတွေချည်းပဲ
“ဒီနေရာမှာအမျိုးသမီးတွေတင်မကဘူးပေါ့နော်။ အခြားလိင်ခံယူမှုကွဲပြားသူတွေ ပါဝင်တာ ပိုပြီးတော့ကောင်းမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးကလူသားတွေပဲလေ။ သူ့နေရာနဲ့သူ တတ်ကျွမ်းမှုပညာတွေ၊ အသုံးဝင်မှုတွေကရှိကြတာပဲဆိုတော့ ဒီတော်လှန်ရေးမှာဆိုရင်လည်း အကုန်လုံးက တတ်နိုင်တဲ့ကဏ္ဍ ပလက်ဖောင်းမျိုးစုံကနေပါဝင်နေကြတာ ဒါသက်သေပဲလေ” HI က တင်ဆက်မယ့် ဒီတပတ်ရဲ့ ပေါ့ကတ်အစီအစဉ်မှာတော့ “လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးပါဝင်မှု ကိုတာစနစ်အပေါ်အမြင်တွေနဲ့ လက်ရှိတော်လှန်ရေးကာလဆွေးနွေးပွဲတွေမှာ အမျိုးသမီးပါဝင်မှု၊ မပါဝင်မှုတွေအပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတချို့ရဲ့စကားသံများ” ကို နားဆင်ရမှာဖြစ်ပါတယ်။
ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ “ငြိုး ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲက အဓိကဇာတ်ဝင်ခန်းလေးကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
“အရင်က ဘုရားမှာဆုတောင်းတယ် ရခိုင်ရွာတွေမှာ ဘယ်အချိန်သွားလို့ရမလဲလို့။ အရင်ခါ ကျမတို့ကို ကြက်တွေကို ဖမ်းထားသလို ဖမ်းထားတယ်လေ ဘာနေရာကိုမှ မသွားရဘူး”

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။