“တော်လှန်ရေးထဲက လိင်အကြမ်းဖက်မှုတွေ တရားမျှတမှုရဖို့ ဘာကြောင့် ကြန့်ကြာနေတာလဲ”
ခင်ဘုန်းမို့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ အမျိုးသမီးတွေ၊ အရွယ်မရောက်သေးတဲ့ ကလေး သူငယ်တွေအပေါ် ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုတွေဟာ သတင်းမီဒီယာ၊ လူမှုကွန်ရက် စာမျက်နှာနဲ့ လူထုတွေ ကြားထဲမှာ သိသိသာသာ ပေါ်ထွက်လာပါတယ်။ အဆမတန်တိုးပွားလာတဲ့ လိင်အကြမ်း ဖက်မှုတွေထဲမှာ တချို့ဖြစ်ရပ်တွေဟာ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ရာဇဝတ်မှုတွေ ဖြစ်ကြပါတယ်။ ဒီလို လူမဆန်တဲ့ ဖြစ်ရပ်တွေဟာ စစ်တပ်အုပ်ချုပ်မှုအောက်မှာရှိတဲ့မြို့ရွာတွေတင်မက အာဏာရှင် စနစ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးနယ်မြေတွေမှာပါ လူသိရှင်ကြား ဖြစ်ပွားလာနေပါတယ်။ သာမာန် အရပ်သားက၊ လက်နက်ကိုင်ထားတဲ့ စစ်အုပ်စု လက်အောက်ခံ တပ်သားတွေနဲ့ တော်လှန်ရေး ဘက်တော်သား ဆိုသူတွေက ကျူးလွန်တဲ့ ဒီလိုရာဇဝတ်မှုတွေဟာ မှတ်တမ်းတင်ထား နိုင်တာရော၊ မှတ်တမ်းတင်ထားနိုင်ခြင်း မရှိဘဲ လူမသိ၊ သူမသိ ပျောက်သွားတာတွေရော အများအပြား ရှိနေပါတယ်။ ဒီဖြစ်ရပ်တွေထဲကမှ တော်လှန်ရေးဘက်တော်သားတချို့ကျူးလွန်တဲ့ […]


