Home သတင်း ဖဲကြိုးဖြူအခမ်းအနားနှင့်အတူ ဆုတောင်းပွဲ ကျင်းပ

ဖဲကြိုးဖြူအခမ်းအနားနှင့်အတူ ဆုတောင်းပွဲ ကျင်းပ

???????????????????????????????

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားနှင့် ဆုတောင်းပွဲတက်ရောက်သော အမျိုးသမီးများ

“ဒုတ်နဲ့ ရိုက်မှ၊ သေနတ်နဲ့ ပစ်မှ အကြမ်းဖက်တာမဟုတ်ပါဘူး၊ အဲဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့၊ စိတ်ဆန္ဒတွေ၊ လုပ်နေကိုင်နေတဲ့ စိတ်တွေကို တားဆီးပိတ်ပင်မယ်၊

စီးပွားရေး လုပ်ပိုင်ခွင့်တွေကို တားဆီးပိတ်ပင်မယ်ဆိုရင် ဒါဟာ အကြမ်းဖက်ခံရတာပဲ”

ကောကော်။ ၂၅ နိုဝင်ဘာ ၂၀၁၄ ခုနှစ်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)နှင့် အမျိုးသမီးများကွန်ယက်(မြန်မာနိုင်ငံ) ဦးဆောင်ပြီး အမျိုးသမီးအဖွဲ့များနဲ့ အမျိုးသားများအပါအဝင် လူဦးရေ(၁၀၀)ခန့်ပါဝင်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားနဲ့ ဆုတောင်းပွဲတရပ်ကို ရန်ကုန်မြို့ အင်းယားလမ်း၊ စိမ်းလမ်းစိုပြေဥယျာဉ်မှာ ဒီကနေ့ညနေ၄နာရီမှ ၆နာရီအထိ ကျင်းပခဲ့ပြီး ၊ ဖဲကြိုးဖြူများကို ရင်ထိုးပေးခြင်း၊ ဖြန့်ဝေစာများ ဝေခြင်း ပြုလုပ်ခဲ့ကြပါတယ်။

“ကျမတို့ ဖဲကြိုးဖြူတပ်ရင်းနဲ့ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် ကတိပြုတဲ့ အထိမ်းအမှတ်နဲ့ တပ်ပေးရခြင်းဖြစ်တယ်လို့ တခါထဲပြောပြတယ်။ တချို့ အမျိုးသားတွေက မကြိုက်ဘူး၊ ကတိမခံချင်ဘူး၊ ငါတို့တွေက ဘာတွေ လုပ်ထားလို့လဲဆိုပြီး စိန်ခေါ်မှုတွေ တွေ့ရတယ်” လို့ ဒီကနေ့ ဖဲကြိုးဖြူတပ်ပေးခဲ့တဲ့ အမျိုးသမီးအဖွဲ့များကွန်ယက်(မြန်မာနိုင်ငံ)မှ ညှိုနိုှုင်းရေးမှူးဖြစ်သူ မာမာချိုက ပြောပါတယ်။

???????????????????????????????ထို့အပြင် တက်ရောက်လာတဲ့ ပရိတ်သတ်များလည်း (၁၆)ရက်တာ လှုပ်ရှားမှုများအပြင် အမျိုးသမီးများအကြမ်းဖက်ခံနေရကြောင်းကို သိစေချင်သောရည်ရွယ်ချက်နှင့် ကျင်းပရခြင်း ဖြစ်တယ်လို့ သူမက ပြောပါတယ်။

အခမ်းအနားအစီအစဉ်တွင် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဖတ်ကြားခြင်း၊ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ အစီရင်ခံစာကို ဖတ်ကြားခြင်း ၊ အကြမ်းဖက်ခံနေရသော အမျိုးသမီးများအတွက် ဆုတောင်းပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပါတယ်။

လယ်သမားအရေးကို ဆောင်ရွက်နေတဲ့ အမျိုးသမီးများကွန်ယက်(မြန်မာနိုင်ငံ) အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသမီး တောင်သူလယ်သမား အကျိုးဆောင်ကွန်ယက်မှ ခင်မိမိခိုင်က လယ်သူမများ အကြမ်းဖက်ခံရမှုများမှာ အကြမ်းဖက်ဆိုသော အဓိပ္ပါယ် ဖွင့်ဆိုမှု အပေါ်မှာ မူတည်ကြောင်း ပြောပါတယ်။

“ဒုတ်နဲ့ ရိုက်မှ၊ သေနတ်နဲ့ ပစ်မှ အကြမ်းဖက်တာမဟုတ်ပါဘူး၊ အဲဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့၊ စိတ်ဆန္ဒတွေ၊ လုပ်နေကိုင်နေတဲ့ စိတ်တွေကို တားဆီးပိတ်ပင်မယ်၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေကို တားဆီးပိတ်ပင်မယ်ဆိုရင် ဒါဟာ အကြမ်းဖက်ခံရတာပဲလို့ယူဆပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ မြန်မာတနိုင်ငံလုံးမှာ ဖြစ်နေတဲ့အတွက် တောင်သူလယ်သမားတွေကို အကြမ်းဖက်တယ်လို့ ယူဆတယ်။ ဒါကြောင့် အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ ဆန့်ကျင် ရှုံ့ချတဲ့ ဒီလိုနေ့မျိုးမှာ ကျမတို့က သူတို့အတွက် လက်မှတ်ထိုး လှုံ့ဆော်မှုတွေလုပ်မယ်၊ အဲဒီကနေတဆင့် လူ့အခွင့်အရေးအဖွဲ့ပဲဖြစ်ဖြစ်၊ စက်ဆိုင်ရာအဖွဲ့ပဲ ဖြစ်ဖြစ် သူတို့သိအောင် လုပ်ဆောင်သွားမှာဖြစ်တယ်”

???????????????????????????????

အလားတူပဲ ဒီကနေ့ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများနှင့် သန်လျင်မြို့များတွင် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များက နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများပြုလုပ်ကြခြင်း၊ ဖဲကြိုးဖြူများ တပ်ပေးခြင်းစတဲ့ လှုပ်ရှားမှုများကို လုပ်ဆောင်ကြပြီး ယခုကျင်းပသော အခမ်းအနားကတော့ ရန်ကုန်မှာ ၂၀၁၂ခုနှစ်ကစပြီး အမျိုးသမီးကွန်ယက်နှင့်အတူ ကျားမတန်းတူရေး ကွန်ယက်နှင့် အခြားသော အမျိုးသမီးအဖွဲ့များက စတင် လုပ်ဆောင်ခဲ့ကြောင်း မာမာချိုက ပြောပါတယ်။

Related Articles