Home သတင်း ကယားပြည်နယ်မှ အမျိုးသမီးများ ၁၆ ရက်တာ လှုပ်ရှားမှုတွင် ပါဝင်

ကယားပြည်နယ်မှ အမျိုးသမီးများ ၁၆ ရက်တာ လှုပ်ရှားမှုတွင် ပါဝင်

DSC02469“တရားမျှတမှုအတွက် မျှော်လင့်ချက်သာပေးပါ”

 

ဖူးမော်

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အစီအစဉ်ကို ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ကေထျိုးဘိုး ခန်းမဆောင်တွင် “တရားမျှတမှုအတွက် မျှော်လင့်ချက် သာပေးပါ” ဟူသည့်ခေါင်းစဉ်ဖြင့် အခမ်းအနားအစီအစဉ်တရပ်ကိုပြုလုပ်ခဲ့သည်။

“အမျိုးသမီးနဲ့ ပါတ်သက်တဲ့အခမ်းအနားတွေ မတက်ဖူးဘူး ရွာမှာဆို သင်တန်း၊ အခမ်းအနားတွေကို နည်းနည်းပါးပါး စာတတ်တဲ့သူတွေဘဲတက်ခိုင်းတယ်ပေါ့ အမျိုးသားတွေဘဲသွားတာများတယ် အခုလို ရောက်လာတော့ ကိုယ့်အခွင့်အရေး ဘယ်လောက်ရှိတယ်ဆိုတာ သိသွားရတယ် ကိုယ့်ကိုကာကွယ် တဲ့အဖွဲ့တွေရှိတော့ အားရှိတယ်ပေါ့ ကျွန်မတို့ကတောင်ယာ လယ်ယာနဲ့ဘဲ ပြီးသွားတယ် ရွာမှာလာ ပြောပြရင်တော့ ကောင်းတာပေါ့ “ ဟုအခမ်းအနားကို တက်ရောက်လာသော မိခင်တစ်ဦးမှ ပြောကြားပါသည်

ကရင်နီအမျိုးသမီးများအစည်းအရုံး မမီးမီးက အခမ်းအနားပြုလုပ်ရခြင်းသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်းသိရှိစေရန်၊ အကြမ်းဖက်မှုခံနေရသည့်အမျိုးသမီးအနေဖြင့် နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများကို ဆက်လက်ခွင့်ပြုထားသကဲ့သို့ ဖြစ်ကြောင်းသိရှိစေရန်နှင့် အိမ်တွင်းငြိမ်းချမ်း ရေးှ မိသားစုတိုင်း ငြိမ်းချမ်းရေးရှိမှသာလျှင် ကမ္ဘာ့ငြိမ်းချမ်းရေး ဆီသို့ ဦးတည်သွားနိုင်မည် ဖြစ်ကြောင်း ကိုသိရှိစေရန် ရည်ရွယ်လျှက်ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆ )ရက်တာ လှုပ်ရှားမှုသမိုင်းကြောင်းကို မဟယ်လင်(KNWO) မှပြောကြားသွားပြီး မြို့နယ်အလိုက် ကိုယ်စား ပြုအမျိုးသမီး(၃)ဦးမှလည်း အမျိုးသမီးများ၏အခြေအနေများကို တင်ပြခဲ့ပါသည်။

ထို့နောက် လက်ရှိမြန်မာနိုင်ငံ အမျိုးသမီးများ၏ အခြေအနေကို Women’s Galaxy မှ မအယ်ဝါးမှ ပြောကြားသွားပါသည်။

DSC02459

အခမ်းအနားကိုတက်ရောက်လာသော အမျိုးသားလူငယ် တစ်ဦးကလည်း “ကျွန်တော်တို့ အရင်ဘိုးဘွားတွေခေတ် အမေတွေခတ်မှာ စစ်ဘေးကြောင့် ဘဲထွက်ပြေးနေရတယ် သူတို့တွေအခွင့်အရေးတွေ ဘာမှမသိခဲ့ဘူး အခုလို့ အခမ်းအနားတွေ လုပ်ပေးတဲ့အတွက်ကြောင့် အကျိုးကျေးဇူးတွေ အများကြီးရလာတယ် အသိအမြင်တွေ တန်းတူအခွင့်အရေး တွေ ပိုပြီးတော့လည်း သိလာရတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို တိုင်းရင်းသားတွေ များတယ် ဒီလိုတိုင်းရင်းသား တွေမှာကလည်း အမျိုးသားနဲ့အမျိုးသမီးဆို တအားခွဲခြားထားတယ် ရိုးရာအယူအဆ ကြောင့်ပြီးတော့ ဘာသာရေးအယူအဆကြောင့် အမျိုးမျိုးခွဲခြားထားတယ် အမျိုးသမီးတွေက ခံနေရတာများတယ် အမျိုးသားတွေက မြှင့်တင်ပေးရမယ်ကိုမသိဘူး” ဟုပြောကြားခဲ့ပါသည်။

ထိုအခမ်းအနားသို့ ကရင်နီအမျိုးသမီးများအစည်းအရုံး(KNOW)၊ ကယန်းအမျိုးသမီးအစည်းအရုံး (KYWO)၊ Women’s Galaxy၊ Women Center ၊ Women Safe House စသည့်အမျိုးသမီးအဖွဲ့များ ပူးပေါင်ပါဝင်ခဲ့ကြပါသည်။ ထိုနောက် တေးသရုပ်ဖော် ၊ ပြဇာတ်၊ သီချင်း၊အမေးအဖြေ ကဏ္ဍ စသည်တို့ဖြင့် အခမ်းအနားကို တင်ဆက်ခဲ့ပါသည်။ အခမ်းအနားတွင် အမျိုးသား၊အမျိူးသမီး လူဦးရေ စုစုပေါင်း (၂၀၀)ခန့်တက်ရောက်ခဲ့ကြပါသည်။

Related Articles