Home ဆောင်းပါး ထာဝရဖဲကြိုးဖြူ (သို့မဟုတ်) အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးအဆိုပြိုင်ပွဲ

ထာဝရဖဲကြိုးဖြူ (သို့မဟုတ်) အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးအဆိုပြိုင်ပွဲ

15226437_1329805110386964_702312425_n

ကချင်မလေး။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆) ရက်တာလှုပ်ရှားမှုအဖြစ် အစီအစဉ်တွေထဲမှာ ထာဝရ ဖဲကြိုးဖြူသီချင်းအဆိုပြိုင်ပွဲဟာ လူသိများတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာလ (၂၅)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုထာဝရပပျောက်ရေး အမေး အဖြေကဏ္ဍများ၊ မိန့်ခွန်းများပြောခြင်း၊ အကြမ်းဖက်မှု ပပျောက်ရေးနေ့ သမိုင်းကြောင်းပြောခြင်း၊ အက၊ တေးသီ ချင်းများနှင့် အကြမ်းဖက်မှုပပျောက်ရေးအတွက် လူထုအသိပညာပေးအခမ်းအနားများကို ၁၆ ရက်တာလှုပ်ရှား မှုအဖြစ် နေ့စဉ်လုပ်ဆောင်နေကြပါတယ်။

ဒီအစီအစဉ်တွေထဲက ထာဝရဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲက လူထုအကြား ပိုပြီးအာရုံစူးစိုက်စေခဲ့ပါတယ်။

နိုင်ငံကျော် တေးသံရှင်နောနော်က ဒီပြိုင်ပွဲမှာ ဒိုင်လူကြီးတယောက်အနေနဲ့ တာဝန်ယူပါတယ်။

ထာဝရဖဲကြိုးဖြူဆိုတဲ့ ခေါင်းစဉ်ကလည်း အရမ်းကောင်းပါတယ်။ ဒီအစီစဉ်ဟာ ဘုရားလည်းကြိုက်၊ လူလည်း ကြိုက် အားလုံးအတွက်လည်း ကောင်းတယ်ဆိုတော့ ဒိုင်လူကြီးတယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်

ဒီပြိုင်ပွဲတွင် ပထဆုကို ကျပ်သိန်း(၅၀) ချီးမြှင့်ပြီး၊ ပရိတ်သတ်အကြိုက်ဆုံးဆုကို ကျပ်(၅)သိန်း ချီးမြှင့်သွားမှာ ဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ခွင့်ရရှိသွားသူ (၁၀) ဦးကို ထာဝရဖဲကြိုးဖြူသီချင်းအခွေမှာ ပါဝင်ခွင့်ရရှိကြမှာ ဖြစ် တယ်။

ပြိုင်ပွဲဝင်သူများမှာ ပထမနှင့် ဒုတိယအဆင့်တွင် မိမိကြိုက်နှစ်သက်ရာ တေးသီချင်းများဖြင့် ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြပြီး နောက်ဆုံးအဆင့်မှာတော့ အကြမ်းဖက်မှုပပျောက်ရေးနှင့်သက်ဆိုင်တဲ့ တေးသီချင်းတပိုဒ်ကို ဆိုကြ ရမှာဖြစ်တယ်။

လူတွေပြောပြောနေကြတဲ့ ဖဲကြိုးဖြူဟာဆိုလို့ရှိရင် အမျိုးသမီးများကို အကြမ်းဖက်သည့်အပေါ် ဆန့်ကျင်တဲ့ သင်္ကေတဖြစ်ပြီး ထာဝရဖဲကြိုးဖြူဆိုတဲ့ အဓိပ္ပါယ်မှာ မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ထာဝရဆန့်ကျင်တယ်ဆိုပါတယ်။

ဒီသီဆိုပြိုင်ပွဲဟာလည်း(၁၆) ရက်တာလှုပ်ရှားမှုများထဲကတခုဖြစ်ပြီး လူငယ်တွေကို အဓိကထားဦးတည်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ကျား-မရေးရာတန်းတူညီမျှရေးကွန်ရက်၊ ဆက်သွယ်ညိနှိုင်းရေး တာဝန်ခံ မအေးသန္တာ လှက ပြောပါတယ်။

သီချင်းဆိုပြိုင်ပွဲတွေက အခုခေတ်မှာ အရမ်းခေတ်စားဆုံးပုံစံတခုဖြစ်တယ်၊ ပြီးတော့ ပြိုင်ဝင်ကြတဲ့သူတွေ ဟာလဲ လူငယ်တွေအများစုဖြစ်တယ်၊ လူငယ်တွေကို အသုံးပြုပြီး ဒီပြောင်းလဲမှုကို ပြုလုပ်ချင်တယ်၊ လူငယ် တွေကို ဦးဆောင်စေချင်တယ်

ထာဝရဖဲကြိုးဖြူသီချင်းဆိုပြိုင်ပွဲကြီးမှာ နိုင်ငံကျော်တေးသံရှင် နောနော်၊ ဖြူဖြူကျော်သိန်း၊ နိုင်ငံကျော်တေးရေး ဆရာမြင့်မိုးအောင်နှင့် တေးရေးဆရာမစိမ့်တို့က အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါဝင်ကြတယ်။

အကြမ်းဖက်မှုပပျောက်ဖို့ရန်အတွက် နိုင်ငံကျော်တေးသံရှင်နောနော်က ပရိတ်သတ်ကြီးကို အမျိုးသမီးတွေကို အကြမ်းဖက်တယ်ဆိုတာကတော့ မကောင်းတဲ့အတွက် မလုပ်ကြဖို့၊  အမျိုးသမီးတွေကို အကြမ်းဖက်မှာ အဓိကတော့ ယောကျ်ားလေးတွေပဲဆိုတော့ ယောက်ျားလေးတွေက မိန်းကလေးတွေကို ကိုယ့်ညီအစ်ကို၊ မောင်နှမ၊ မိသားစုလို သဘောထားပြီး ဆက်ဆံပေးကြပါလို့ တိုက်တွန်းချင်ပါတယ်

နိုင်ငံကျော် တေးသံရှင် ဖြူဖြူကျော်သိန်းက ဘယ်သူ့ကိုဖြစ်ဖြစ် အကြမ်းဖက်တယ်ဆိုတာ မကောင်းဘူးလို့ ပြောပါတယ်။ အကြမ်းဖက်မှုဆိုတာကို ဖြူဖြူဆန့်ကျင်ပါတယ်၊ လူတွေအားလုံးရဲ့အမြင်မှာ အမျိုးသမီးဟာ အမျိုးသားတွေထက် ကာယအားဖြင့် ပိုပြီးအားငယ်၊ အားနွဲ့တယ်ဆိုတာ အားလုံးလဲ သိထားတယ်ပေါ့နော်။ အဲဒါ ကြောင့် ဒီလိုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာရတယ်၊ အဲဒါကြောင့် ဖြူဖြူက အားပေးထာက်ခံတယ်ဒီလို ပါဝင်ခွင့်ရ တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်ရှင့်၊ ကျေလည်း ကျေနပ်ပါတယ်လို့ပြောပါတယ်။

15151096_1182448651836020_1495603139_n

ယခင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အကြောင်းကို အလုပ်ရုံဆွေးနွေးပွဲ၊ စာနယ်ဇင်းပွဲ တွေ လုပ်တာတွေထက် ယခုလိုပွဲမျိုးနဲ့ သက်ဆိုင်တဲ့ သီချင်းတွေကို ရွေးပြီးတော့ပြိုင်တဲ့အတွက် ပိုပြီးစိတ်ဝင် စားဖို့ကောင်းပြီး၊ ပိုပြီးလူထုနှင့် နီးစပ်လာကြောင်းကို နိုင်ငံကျော် တေးရေးဆရာမြင့်မိုးအောင်ကပြောပါတယ်။

အခြေခံလေး စဉ်းစားရင်တောင် ဖြစ်တယ်၊ အားလုံးဟာ မိခင်ဝမ်းထဲက ထွက်လာကြတယ်၊ မိခင်တွေလို တန်ဖိုး ထားရတဲ့ ဒီအမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုက ဘယ်လိုမှ မလုပ်သင့်တဲ့အရာဆိုတာ သူ့အလိုလို သိပြီး သားပါ၊ တို့ကို ပိုပြီးတန်ဖိုးထား၊ ပိုပြီးဦးစားပေးရမဲ့ဟာပေါ့ ဒါပေမယ့် အဲဒီအချက်တွေကိုမေ့ပြီး အကြမ်း ဖက်မှုတွေကို ကျူးလွန်နေကြတဲ့သူတွေ အများကြီးရှိနေတာ တကယ်စိတ်မကောင်းစရာဖြစ်တယ်၊ လွယ်လွယ် လေးစဉ်းစားလိုက်ရုံဖြင့် ဒီလိုလုပ်ရပ်တွေကို ပါဝင်ဝိုင်းဝန်းကူညီ၊ တာဆီးကြဖို့ ဖြစ်နိုင်တယ်၊ ကျူးလွန်ကြတဲ့ သူတွေဆိုလေ ဒီအချိန်မှာ နောင်တတရားရဖို့ သူတို့ရဲ့ကျန်တဲ့ဘဝတွေ ပေးဆပ်မှု ပြုလုပ်ကြဖို့၊ တကယ်လုပ်ဖို့ လွယ်ကူတဲ့အတွက် ဒီလိုအရာတွေဖြစ်ဖို့လည်း စိတ်ထဲမှာမျှော်လင့်ချက်တွေထားပါတယ်လို့ ပြောပါတယ်။

ပြိုင်ပွဲဝင်လူငယ်အများစုမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့နှင့် ထိုအကြောင်းကို ယခင် က မကြားဖူးဘူးလို့ ပြောပါတယ်။ ပါဝင်ယဉ်ပြိုင်သူ ကိုမိုးသောက်က အခုမှကြားဖူးတာ၊ အခုမှသိရတာပါသူ့ အနေဖြင့် ဒီလိုကမ်းပိန်းမှာ ပါဝင်ခွင့်ရပြီး ဒီအကြောင်းတွေကို သိခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းပြောပါတယ်။ ကျနော်တို့ယောက်ျားတွေ အားလုံး၊ အားလုံးကို ပြောချင်ပါတယ် မိန်းမသားဆိုတာ ယောက်ျားတွေနဲ့ ယှဉ်လိုက် ရင် အားနွဲ့တဲ့သူတွေပါ၊ သူတို့တွေဟာ မိခင်တွေ၊ တနေ့နေ့တချိန်ချိန်ကျရင် မိခင်ကောင်းဖြစ်မယ့်သူတွေပါ ဒါကြောင့်လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေ နောက်ေနာင်မဖြစ်ရအောင် လုပ်ဆောင်ကြရအောင်လို့ အမျိုး သားအားလုံးကို တိုက်တွန်းချင်ပါတယ်

15239289_1329805050386970_1219495803_n

ပါဝင်ယဉ်ပြိုင်သူဇင်ဇင်စိုးကလည်း ဒီလိုနေ့အကြောင်းကို ကြားဖူးပေမယ့် ပါဝင်ခဲ့ဖူးခြင်းမရှိခဲ့ဘူးလို့ ပြောပါ  တယ်။ ပြိုင်ပွဲက စိတ်ဝင်စားဖို့အရမ်းကောင်းသလို၊ သူ့ရည်ရွယ်ချက်လေး အရမ်းကောင်းတဲ့အတွက် ပါဝင်ရတဲ့ အတွက် ဂုဏ်ယူမိတယ် အမျိုးသားတွေကို ပြောချင်ပါတယ်။ အဲဒါက အမျိုးသမီးသက်ကြီး၊ သက်လတ်၊ က လေးတွေအထိ  အလေးထားပေးဖို့၊ ဖေးမကူညီပေးဖို့၊ စောင့်ရှောက်ပေးကြပါလို့ပြောချင်ပါတယ်။

ဆန်ကာတင်(၈)ဦးတွင် ရွေးချယ်ခံရတဲ့ (၁၃)နှစ် သမီးမေသူကျော်ကလည်း ဒီပြိုင်ပွဲကို facebook စာမျက်နှာမှ တဆင့်သိရှိခဲ့ပြီး ဒီအထိမ်းအမှတ်နေ့ကို ယခုပထမဦးဆုံးအကြိမ်သိတာလို့ ပြောပါတယ်။ အကြမ်းဖက်မှုကို လစ်လျူရှုထားတာဟာ အကြမ်းဖက်မှုကို အားပေးတာနဲ့အတူတူပဲလို့ သူကပြောပါတယ်။

နောက်အဆိုရှင်တဦးက MSM ကွန်ရက်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဆိုဖီယာဟာ အမျိုးသမီးအဖြစ်လိင်စိတ် ခံယူထား ပြီး အမျိုးသမီးအသွင် ဝတ်စားဆင်ယင်နေထိုင်သူဖြစ်တယ်။ သူမအနေဖြင့်အမျိုးသမီးတွေ အကြမ်းဖက်ခံနေ ရတဲ့သတင်း ခဏခဏကြားနေရတယ်၊ သက်ငယ်မုဒိန်းတွေလည်း နားကြားမဆံ့အောင် ကြားနေရတယ်။ အဲဒီ အပေါ် မြန်မာနိုင်ငံမှာ ထိထိရောက်ရောက် ဥပဒေတွေထားပေးစေချင်တယ်၊ မီဒီယာတွေကလည်း အမှား မလုပ်ကြပါနဲ့ ညီမတို့လို MSM တွေကို၊ transgender (ဆန့်ကျင်ဘက်လိင် အဖြစ်ခံယူဝတ်ဆင်နေထိုင်သူ) တွေကို ဟာသအဖြစ်သာ ခွဲခြားဆက်ဆံပြီး ပြသနေမယ့်အစား သူတို့ရဲ့ဘဝသရုပ်မှန်၊ ကြိုးစားမှုတွေ ပြသ ပေးစေချင်တယ်

ကနဦးပြိုင်ပွဲဝင် အဆိုရှင်အယောက်(၈၀)ကျော်ရှိခဲ့ရာမှ အယောက်(၃၀)ဦး ဒိုင်သူကြီးများက ထပ်မံရွေးချယ်ခဲ့ ပြီး နောက်ဆုံးအဆင့်တွင်(၁၀)ဦးသာ ဝင်ရောက်ယဉ်ပြိုင်ရမည်ဖြစ်တယ်။ ယခုထိုအထဲမှ (၈)ဦးကိုရွေးချယ်ခဲ့ပြီး ဖြစ်သလို ကျန်(၂)ဦးကိုတော့ www.facebook.com/whiteribbonmyanmar တွင် ပရိတ်သတ်မှ သီဆို ယှဉ်ပြိုင်သူများအနက်မှ မိမိအားပေးလိုသူကို (like) လုပ်ပြီး များများကူးယူဖော်ပြပေးခြင်းဖြင့် နောက်ဆုံးအဆင့် အထိဝင်ရောက် ယဉ်ပြိုင်စေနိုင်မှာဖြစ်ပါတယ်။ ဆုရရှိတဲ့သူ(သို့မဟုတ်)ပြိုင်ပွဲဝင်များမှ ဒီလှုပ်ရှားမှုအပေါ် အမှန် တကယ်စိတ်ဝင်စားပြီး ပါဝင်လိုသူအား ထာဝရဖဲကြိုးဖြူ သံတမန်အဖြစ် ခန့်အပ်ကာ ရှေ့ဆက်အတူတကွ လုပ် ဆောင်သွားမှာဖြစ်ကြောင်းကို မအေးသန္တာလှက ဆက်ပြောပါတယ်။

နောက်ဆုံးပြိုင်ပွဲကိုလာမည့် ဒီဇင်ဘာ(၁၀)ရက်နေ့(နိုင်ငံတကာလူ့အခွင့်အရေးနေ့)တွင် အခမဲ့တီဗွီချာနယ်လိုင်းများဖြစ်တဲ့ (Channel 9) နှင့် (MNTV – Myanmar National TV)လိုင်းတို့တွင် တိုက်ရိုက်(Live) တင်ဆက်ပေးသွားမှာဖြစ်တယ်။

ဒီ(၁၆)ရက်တာလှုပ်ရှာမှုကြီးကိုမြန်မာနိုင်ငံရှိအရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာအစိုးမရမဟုတ်တဲ့ အဖွဲစည်းကွန်ယက်ပေါင်း (၃၀)ကဦးဆောင်ပြီးအကောင်အထည်ဖော်ကြတာ ဖြစ်ပါတယ်။

 

Related Articles