Home သတင်း အစိုးရသစ်လက်ထက် တပ်မတော်ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေ

အစိုးရသစ်လက်ထက် တပ်မတော်ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေ

201407-ap-myanmar-irin-ssandford-01

Photo: Two children look to the camera at an IDP camp in Myanmar’s northern Kachin State. Steve Sandford/IRIN, December 2013

မလိခ။             ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် မြန်မာ့တပ်မတော်၏ ချိုးဖောက်မှုများ ရှိနေသေးကြောင်း ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံက အစီရင်ခံစာတစောင် ထုတ်ဝေပြီး ဖော်ပြလိုက်သည်။

နိုဝင်ဘာလ (၁၅) ရက်က ထုတ်ပြန်လိုက်သည့် အလှမ်းဝေးနေသော ငြိမ်းချမ်းရေးသို့မဟုတ် ငြိမ်းချမ်းရေး နောက်ကွယ်မှ ငိုကြွေးသံဟု အမည်တပ်ထားသော အစီရင်ခံစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အစိုးရလက်ထက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေး တပ်မ တော် (KIA) ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တချိန်တည်းတွင် အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရခြင်း (သို့မဟုတ်) လက်စတုံးအလုပ်ခံရခြင်းအပါအဝင် မြန်မာ့တပ်မတော်မှ အရပ်သား ပြည်သူ များအပေါ် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တရားလက်လွှတ်သတ်ဖြတ်မှုများ ရှိနေခြင်းတို့ကို ဖော်ပြထားသည်။

NLD အစိုးရတက်လာတဲ့နောက် ကျမတို့က ဒီမိုကရေစီတိုင်းပြည်ဖြစ်လာမယ်ဆိုပြီး ပိုပြီးမျှော်လင့်နေကြတာ။ ဒါပေမဲ့ မဖြစ်လာဘူး။ ပိုပြီးမှ တိုက်ပွဲတွေများလာတယ်။ ကချင်ပြည်မှာလည်း စစ်တပ်က ပိုရောက်လာတယ်။ဟု KWAT မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ရှယ်လီဆိုင်းကပြောသည်။ လူထုအိမ်တွေမီးရှို့တယ်။ ပြည်သူ လူထုရှိတဲ့ဘက်ကို ဗုံးကျဲတယ်။ ကလေးတယောက်တောင် ဆုံးသွားတယ်။ အဲဒါတွေ ဖြစ်နေသေးတယ်ဆိုတာ ကို ကမ္ဘာကို ပြောပြချင်တယ်

စစ်မှန်သောဖက်ဒရယ် ပြောင်းလဲမှုကို အမြန်ဆုံးလုပ်ဆောင်၍ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ စတင်နိုင်ရန် တပ်မတော်၏ ထိုးစစ်မှု ချက်ချင်းရပ်တန့်ပေးရန် ရည်ရွယ်၍ အစီအရင်ခံစာကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဒေါ်ရှယ်လီဆိုင်းက ပြောသည်။

အစီရင်ခံစာတွင် တပ်မတော်၏ ထိုးစစ်ဆင်မှုများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးမှု၊ အကူအညီများကို ပိတ်ပင်ဟန့် တားမှု၊ တပ်မတော်မှ ကျူးလွန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ထိရောက်သော တရားဥပဒေ အရ အရေးယူမှု ကင်းမဲ့မှုနှင့် တပ်မတော်၏ ချိုးဖောက်မှု အသေးစိတ်စာရင်းများကို ဖော်ပြထားသည်။

၎င်းအစီရင်ခံစာကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာအထိ KWAT က မှတ်တမ်းတင် ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ (၆)မြို့နယ်အတွင်း ညှဉ်းပန်းနှိပ်စက် ခြင်းဖြစ်စဉ် (၂၁)ခုတွင် ရွာသားများကို ကြိုးဖြင့်ချည်၊ မျက်နှာအဝတ်စည်း၍ ခြေထောက်ဖြင့် ကန်ကြောက် ခြင်း၊ သေနတ်များဖြင့် ရိုက်နှက်ခြင်း၊ ခြေသလုံးကို ဝါးလုံးဖြင့်လှိမ့်ခြင်း၊ ဓါးဖြင့်ထိုးခြင်းစသည့် ကျူးလွန်မှုများ လုပ်ဆောင်နေပြီး အမျိုသား(၅)ဦး၊ အမျိုးသမီး(၂)ဦး သတ်ဖြတ်ခံရခြင်း (သို့မဟုတ်) လက်စတုံး ပျောက်ဆုံး သွားခြင်းများ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

တပ်မတော်က ရွာသားများကို KIA နှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီးခြင်းများရှိ နေပြီး အောက်တိုဘာလ (၁၁)ရက်က ပူတာအိုမှ ရွာသား (၄၉)ဦးသည် KIA ထိန်းချုပ်ဒေသအတွင်း ဘာ သာရေးခေါင်းဆောင်များ စီစဉ်သောစိုက်ပျိုးရေးသင်တန်းတက်ပြီးအပြန် တပ်မတော်က ဖမ်းဆီး၍ မတရား အသင်းဆက်သွယ်မှုဖြင့် အရေးယူကာ လက်ရှိမိုးမောက်ထောင်တွင် ထိန်းသိမ်းထားသည်ဟု ပါရှိသည်။

ထို့ပြင် မူဆယ်မြို့နယ် ပူဝမ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး (၃)နှစ်နှင့် (၄)နှစ်အရွယ် ကလေးနှစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့မှုကို လည်း ထည့်သွင်းထားသည်။

ထို့ပြင် ပြီးခဲ့သည့်မေလက အစိုးရတပ်မတော်မှ အိမ်များမီးရှို့ခဲ့ခြင်းကြောင့် မူဆယ်မြို့နယ် မုံးကိုးဒေသ တရုတ်နယ်စပ်တွင် ယာယီတဲများဖြင့် IDP (၁၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ရသလို၊ ဇူလိုင်လကလည်း မန်တုံမြို့နယ် မိုင်းမော်ဒေသမှ လီဆူတိုင်းရင်းသား (၂၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသဖြင့် နမ့်တူမြို့၊ နမ်လာ ကျေးရွာဘုရားကျောင်းတွင် ခိုအောင်းခဲ့ကြရသည်ဟု ဖော်ပြထားသည်။

အစိုးရစစ်တပ်ရဲ့ ချိုးဖောက်မှု ပုံစံတွေ၊ ဥပဒေအရ ကင်းလွှတ်ခွင့်ရနေတာတွေဟာ အရင်အစိုးရ လက်ထက် အတိုင်း ဘာမှ မပြောင်းလဲဘူး။ တိုက်ပွဲတွေတောင် ပိုဆိုးလာပါသေးတယ်” ဟု KWAT မှ ပြောရေးဆိုခွင့် ရှိသူဒေါ်မွန်းနေလီကလည်း ထောက်ပြပြောဆိုထားသည်။ “NLD အစိုးရဲ့ ငြိမ်းချမ်းရေးစကားလုံးတွေက မြန် မာပြည် မြောက်ဘက်ပိုင်း လက်တွေ့ဖြစ်နေတဲ့ အနေခြအနေကနေ ဝေးကွာလွန်းပါတယ်

စစ်မှန်သော ဖက်ဒရယ် ပြောင်းလဲမှုသို့ ဦးတည်သော အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ စတင်နိုင်ရန်အတွက် တပ်မတော်“ ထိုးစစ်များကို ချက်ချင်း ရပ်တန့်ပေးရန်၊ လူသားချင်းစာနာသော အကူအညီများ ပိတ်ပင်ထားမှုများကို ပယ်ဖျက်ပေးရန်၊ တိုင်းရင်းသားဒေသများတွင် သယံဇာတ ထုတ်ယူ ခြင်းနှင့် အကြီးစားစီမံကိန်းများကို ရပ်တန့်ပေးရန်၊ ကချင်ကျောင်းဆရာမ ၂ ဦးသတ်ဖြတ်ခံရမှုအပေါ် KBC မှ စုံစမ်းနေမှုအပါအဝင် တပ်မတော်က ကျူးလွန်သော ချိုးဖောက်မှုများအပေါ် သီးခြားကင်းလွှတ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခွင့်ပေးရန်၊ ကူညီပေးရန်၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ချက်ချင်းပယ်ဖျက်ပေး ရန် NLD အစိုးရသို့ KWAT က တောင်းဆိုလိုက်သည်။

 

Related Articles