အခု တင်ဆက်ထားတဲ့ အကြောင်းကတော့ နေထိုင်ရပ်တည်ရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက် မုန့်ဟင်းခါး ရောင်းပြီး ဘဝကိုရုန်းကန်ဖြတ်သန်းနေတဲ့ အသက် ၃၀ ကျော်အရွယ် CDM ဝန်ထမ်း မမြတ်မွန်ရဲ့ ဘဝအခြေ အနေဖြစ်ပါတယ်။ ခင်ပွန်းသည် အလုပ်နားလိုက်ရတာကြောင့် မိသားစုနဲ့ ကလေးတွေရဲ့ နေစရိတ်၊ ကျောင်း စရိတ်နဲ့ ကျန်းမာရေးကိစ္စအားလုံးအတွက် တာဝန်ယူပေးနိုင်ဖို့ အခုလိုဈေးရောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။သူ့ရဲ့ ခင်ပွန်းသည်ဖြစ်သူက ရုပ်သံ တည်းဖြတ် ဒီဇိုင်းရေးဆွဲတဲ့ အလုပ်ကိုလုပ်ကိုင်ခဲ့ရာကနေ အလုပ်ရပ်နား လိုက်ရတာကြောင့် မိသားစုစားဝတ်နေရေးအတွက် ခုလိုဈေးရောင်းတဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာမသိမ်းခင်က ဆေးထိုးအပ်ကိုင်ခဲ့တဲ့ လက်တွေက အခုဆို ဓါးကိုင်ပြီး ချက်ပြုတ်နေရပြီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူနာပြုတက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး ဆေးလောကမှာ ၁၀ နှစ်ကျော်ကြာ ကျန်းမာရေးဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုနောက်မှာတော့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် သူ့ရဲ့ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ အခြေအနေ စိန်ခေါ်မှုအခက်အခဲတွေကြား လက်မလျှော့ဘဲတော်လှန်ရေးမှာ နိုင်တဲ့ဘက်ကနေ ဆက်ပြီးပါဝင်နေအုံးမှာ ဖြစ်တဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။
- ရက်ကန်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ ကျား-မသတ်မှတ်ချက် မလိုကြောင်းသက်သေပြနေတဲ့ ရေစကြိုမြို့ - 05/02/2025
- Honest Information အမျိုးသမီးသတင်းဌာန၊ “ Honest Review“ အစီအစဥ် (Episode-2) - 03/02/2025
- ကန့်ဘလူအချုပ်ခန်းက လိင်အကြမ်းဖက်မှု အရေးမယူနိုင်တဲ့အပေါ် အမျိုးသမီးအဖွဲ့များ ပြင်းထန်စွာရှုတ်ချ - 01/02/2025