
လိင်မုဆိုးများ၏အွန်လိုင်းခြိမ်းခြောက်မှုကိုရင်ဆိုင်ခြင်း
“(တချို့ကတော့) သူတို့မှာ ဟာကွက်ရှိသွားလို့ တိုက်ခိုက်ခံရတာလေ။ အလကားနေရင်း ခြိမ်းခြောက်ခံရတာ မဟုတ်ဘူး။ ဝတ်လစ်စလစ် ဗီဒီယို ပို့ဖူးလို့၊ ဝတ်လစ်စလစ်ဓာတ်ပုံ ပို့ဖူးလို့၊ Sex Chat ဖူးလို့၊ ဘဲနဲ့ Sex Chat လုပ်တဲ့ ကာလမွာ Video ရိုက်မိလို့ သူတို့ ဒီလို ဖြစ်ကြတာများတယ်ဆိုတော့ သူတို့ကိုယ်တိုင်လည်း အမှားတွေ ရှိခဲ့ကြတာလေ”

မွန်အမျိုးသမီးအမတ်၏တော်လှန်ရေးမှသည် လွှတ်တော်ဆီသို့သွားရာခရီးလမ်း
“မွန်ရိုးရာဓလေ့အရ အမျိုးသမီးနဲ့ အမျိုးသားကို ခွဲခြားမှုတော့ရှိတယ်။ ကျမတို့ဆီက ခွဲခြားခြင်းဆိုတာ သိပ်ပြီး တော့ မသိသာဘူး။ ဒါပေမယ့် ပြုပြင်ရခက်တယ်။ ရှင်းရှင်းပြောရင် ထမင်းစားရင်တောင်မှ ယောကျာ်းတွေပဲ အရင် စားခိုင်းတယ်။ အမျိုးသမီးတွေက နောက်မှစားရတယ်။ အဲဒါတွေက အခုထက်ထိကို ရှိနေသေးတယ်”

လက်နက်ကိုင်တာဟာ အမျိုးသမီးတွေကိုအကြမ်းဖက်ဖို့အတွက်လား
“ ဒီတနှစ်မှာ မွေးဖွားခါနီး ကိုယ်ဝန်သည်တောင် ရိုက်တာတွေရှိတယ်။ နောက် ဖမ်းခေါ်သွားတာတွေ မကြာခဏဖြစ်တယ်။ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာဆိုရင် တော်တော်များတယ်။ ကျမ လက်လှမ်းမှီသလောက်ဆိုရင် ၅ ခု လောက်ရှိတယ်”

လူမှုကွန်ရက်ပေါ်က လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံရမှုတွေအတွက် တရားမျှတမှု
“အွန်လိုင်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအသရေဖျက်တဲ့ ကိစ္စတွေ ခြိမ်းခြောက်တဲ့ကိစ္စတွေကို သေသေချာချာ စုံစမ်းဖော်ထုတ်ပေးနိုင်မှုက အားနည်းနေသေးတယ်။ အားနည်းချက်တွေရှိတဲ့အတွက် အမျိုးသမီးတွေက တရားမျှတမှုရရှိဖို့ တချို့အခြေအနေမှာ အခက်အခဲတွေတွေ့ရတယ်”

“ကျမကို မဲပေးတဲ့ ပြည်သူတွေ ဖြူဖြူစင်စင်နဲ့ မဲပေးထားတဲ့အတွက်ကြောင့် ကျေနပ်တယ်”
အမျိုးသမီးတွေရဲ့ စိန်ခေါ်မှု အခက်အခဲတွေက စည်းရုံးရေးဆင်းတဲ့နေရာမှာ အမျိုးသမီးတွေ မသွားသင့်တဲ့ နေရာတွေ ရှိတယ် ပတ်ဝန်းကျင်က လက်မခံတဲ့ နေရာတွေ ရှိတယ်။ အမျိုးသမီးကိုယ်စားလှယ်ဆိုလို့ရှိရင် လူတွေက ပိုပြီးစိတ်ဝင်စားတယ်လို့ ပြောရမလား။ ပိုပြီးသတိထားကြတယ်။ ကျမတို့က အချိန်တိုင်းကို သတိနဲ့ သွားလာနေရတယ်။ အမျိုးသမီးတွေက နည်းနည်းလေးမှ ခြေလမ်းမှားလို့ မရဘူး။ မှားရင် ပြစ်တင် ဝေဖန်မှုတွေ အမျိုးသားတွေထက် ပိုရှိတယ်။

“မဲဆွယ်သွားတဲ့အခါ တစ်နေကုန် လမ်းလျှောက်မှ တစ်ရွာရောက်တယ်”
ကျမက ပထမဆုံးသော အမျိုးသမီး အမတ်လောင်းဖြစ်တယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လို့ရတယ်ဆိုတာ သူတို့ မသိဘူး။ နိုင်ငံက အမျိုးသမီးနဲ့လည်းဆိုင်တယ် လုပ်လို့ရတယ်လို့ဆိုတာကို အစအဆုံး ပြန်ရှင်းရတယ်။ အမျိုးသားတွေကလည်း တောင်ပေါ်ဒေသအတွက် သူတို့ပဲ လုပ်ပေးနိုင်တယ်ပေါ့နော်။ အမျိုးသမီးဆိုတာက မဲဆွယ်တဲ့ အချိန်မှာဘဲ ရောက်လာနိုင်တယ်။ နောက်ဆိုရင် မရောက်လာနိုင်ဘူး ဒီလိုဒေသမှာ အမျဳိးသမီးလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးပြောတယ်။

“အင်အားကြီး ပါတီတွေ ရသွားတဲ့ မဲ ၁၀၀၀ နဲ့ ကျမရ တဲ့ မဲတစ်မဲက ညီမျှတယ်”
အမျိုးသမီးတစ်ယောက် အခုလို နိုင်ငံရေးလောကထဲဝင်ပြီး အခုလို ဝင်ပြိုင်တာ အများစုက အံ့သြ ကြတယ်။ လုပ်နိုင်တယ်။ သွားနိုင်တယ်ပေါ့။ ကျမကိုယ်တိုင်လည်း ဒီနှစ် လယ်ဝေး မြို့နယ်ထဲမှာ ကိုယ်စားလှယ် ၈ ဦးထဲမှာ ပြည်သူနဲ့ ထိတွေ့မှု အများဆုံး ကျမပဲ လုပ်နိုင်တယ်။ ကမ်ပိန်းကာလမှာ ကျမနောက်က စည်းရုံးရေးအတွက် ပံ့ပိုးဖို့ လိုက်ပေးနေတဲ့ ယောကျာၤးတွေ သူတို့သာ လူလဲသွားတယ်။ ကျမ လူမလဲဘူး။ တနေ့ ၇ ရွာဆို ၇ ရွာလုံးသွားခဲ့တယ်…

ကရင်တော်လှန်ရေးအမျိုးသမီးကြီးရဲ့ရွေးကောက်ပွဲခရီး
“ဒီရွေးကောက်ပွဲမှာ ကျမကို ပညာမတတ်တာတို့၊ ထောင် ခဏခဏ ကျတာတို့ ပြောခံရတယ်။ နိုင်ငံရေး လုပ်ရင် ဘာပညာတတ်ရမယ်ဆိုတာ ကန့်သတ်ချက် မရှိဘူးပေါ့နော်။ နိုင်ငံရေးဆိုတာ ယုံကြည်ချက်၊ ခံယူချက် ရှိရမယ်ဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ ကျမသည် ထောင် ခဏခဏ ကျတယ်ဆိုတာ ကျမရဲ့ အကျိုးကြောင့် ထောင်ကျတာ မဟုတ်ပါဘူး။ ကျမသည် ပြည်သူကို ကူရင်းနဲ့မှ မတရား တရားစွဲ ထောင်ကျခံရတာဖြစ်တယ်…”

“တကယ်ဆုံးဖြတ်ချက်ချတဲ့ နေရာအဆင့်ဆင့်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပအိုဝ်းအမျိုးသမီး ပါဝင်လာတာ မရှိခဲ့ဖူးဘူး”
“ကျမက အမျိုးသမီးဖြစ်တယ်။ ကျမ campaign team တွေကလည်း အမျိုးသမီးတွေချည်းပဲဖြစ်တယ်ဆိုတော့ တခါတလေကျွန်မတို့သွားတာ လုံခြုံရေး အရမ်းအရမ်းစိုးရိမ်ရတယ်။ တချို့နေရာမှာ ခဲ နဲ့ပေါက်တာမျိုးတွေ(ရှိခဲ့တယ်)… ”

“သက်ရှိထင်ရှားနေသ၍နိုင်ငံရေး၊ အမျိုးသားရေး၊ ဖွံ့ဖြိုးရေးတို့ကို တတ်နိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်မယ်”
ဒီအကြောင်းအရာကို အခြေခံပြီးတော့ ကျမက နိုင်ငံရေးကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ဖွံဖြိုးရေးတို့ အမျိုးသားရေးတို့ နိုင်ငံရေးကို လုပ်နိုင်တဲ့ အရွေ့တစ်ခုလည်း ကျမဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို လာမယ့် ၂၀၂၅ မှာလည်း လိုအပ်တဲ့ ပြင်ဆင်မှုကို ကျမက အခုကတည်းက ပြင်ဆင်ဖို့လိုတယ်ပေါ့…


