“အမျိုးသမီးဖြစ်လို့ နိုင်ငံရေးမှာ ဘာမှ မလုပ်နိုင်ဘူး…အုပ်ချုပ်ရေးမှာလည်း မပါနိုင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ့်နှိမ့်ချတဲ့စိတ် လုံးဝ မရှိပါနဲ့”

“အမျိုးသမီးအရေးဆိုရင် လူမှုရေးနဲ့ ဘာသာရေးဘက်မှာပဲ လှုပ်ရှားကြတယ်။ အဲဒါမျိုးတွေထက် အုပ်ချုပ်ရေး ပိုင်းမှာလည်း ဝင်ကြပါ။ အထူးသဖြင့် ဝန်ထမ်းတွေ ဝင်လုပ်ကြ။ အဲဒီကနေ တဖြည်းဖြည်းနဲ့ အရာရှိတွေ ဖြစ်လာမယ်။ အဲ့တော့ အုပ်ချုပ်ရေးပိုင်းမှာလည်း အမျိုးသမီးတွေက အရာရှိတွေ ဖြစ်လာမယ်။ နိုင်ငံရေးဘက် မှာလည်း လေ့လာပါ။ စိတ်ဝင်စားပါ။”

လွှတ်တော်ထဲမရောက်ပေမယ့်လည်း လယ်သမားအရေးတွေဆက်လုပ်နေမယ့်မစုစုနွေး

“အဓိက စိန်ခေါ်မှုကတော့ ကျမတို့ မြို့နယ်မှာတော့ အမျိုးသမီးနဲ့ အမျိုးသားရယ်လို့ မဟုတ်ဘူး။ အစိုးရ ဖွဲ့နိုင်သောပါတီကိုပဲ မဲပေးပါ။ အဓိကတော့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နာမည်ကို သုံးပြီးတော့မှ အန်တီဒေါ်အောင်ဆန်းစုကြည်က မဲသုံးမဲ စလုံးရမှနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲနိုင်စေချင်ရင် အစိုးရဖြစ်စေချင်တယ်ဆိုရင် မဲ သုံးမဲ စလုံး ဒေါ် အောင်ဆန်းစုကြည်ကို ပေးပါဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေက ကျမတို့ရဲ့ စိန်ခေါ်မှု အကြီးဆုံး ဖြစ်တာပေါ့။”

ကချင်ပြည်နယ်က တက်ကြွလှုပ်ရှားသူ မဆိုင်းနူးပန်ရဲ့ရွေးကောက်ပွဲအတွေ့အကြုံ

“ကျမတို့ဆိုရင် ဒီနောက်ပိုင်းကတော့ ဖေ့စ်ဘွတ်ခ်ပိုစ့်တို့ စည်းရုံးရေးဘာတွေညာတွေကို အွန်လိုင်းပေါ်မှာ မတင်တော့တဲ့ အဖြစ်ရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ တစ်ခုခုတင်လိုက်ပြီဆိုရင် ကျမတို့ သွားခဲ့တဲ့ နေရာတိုင်းအားလုံးကို ကျမတို့ လက်ကမ်းစာရွက်က ပုံတွေကအစ ယူသွားပြီးမှ ဒီလူတွေက စစ်တပ်နဲ့ ပေါင်းထားတဲ့ ပါတီတွေ ဖြစ်တယ်။ USDP ရဲ့ လက်ကိုင်တုတ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် မဲမပေးကြပါနဲ့ ဆိုပြီး အကုန်လုံးကို မဲသွားဆွယ်ကြတယ်။”

“(လွှတ်တော်ထဲ) ပါသွားတဲ့ အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ စွမ်းအားကိုပြမှ နောက်လူတွေက ဆက်ပြီးတော့ (အမျိုးသမီးအမတ်တွေကို)ယုံကြည်မှာ”

“မသန်စွမ်းအမျိုးသမီး ဖြစ်တဲ့ အတွက် အများကြီး Bulling လုပ်တာ ခံရတယ်။ အကျိုးတွေ၊ အကန်းတွေက နိုင်ငံတော်ကို တက်ပြီးတော့မှ ဘာလုပ်ရမှာလဲလို့။ အဲ့လိုမျိုးပေါ့။ နောက်တစ်ခုက ကျမလွှတ်တော်ထဲ ရောက်မယ်ဆိုရင် ကျမ လွှတ်တော် ရောက်ဖို့ အတွက်တောင်မှ ဝှီးချဲ တွေတောင်မှ ဝယ်ပေးရဦးမှာ။ ဝှီးချဲ လမ်းတွေ ထပ်ပြီးမှ အသစ်ဖောက်ပေးရမှာ အကုန်အကျများတာတို့ …ဒါ ကျမ မှတ်မိတာကိုပဲ ပြောပြတာနော်။ ဒါမျိုးတွေ တော့ ကြုံရတာပေါ့နော်။ ”

လာမယ့် လွှတ်တော်အတွင်း အမျိုးသမီးကိုယ်စားလှယ် တွေရဲ့အသံဘယ်လောက်အထိ ပေါက်မလဲ

လွှတ်တော်အတွင်းမှာ အမျိုးသမီးဦးရေများလာရုံနဲ့ အမျိုးသမီးတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေရှိလာမယ့်လို့ မျှော်လင့်လို့တော့မရနိုင်ပါဘူး။ လာမယ့်လွှတ်တော်သက်တမ်းအတွင်းမှာ အမျိုးသမီးအမတ်တွေက အမျိုးသမီးအရေးနဲ့ပတ်သက်ပြီးဘယ်လိုဖော်ဆောင်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လွှတ်တော်ပြင်ပနိုင်ငံရေးဆက်လုပ်သွားမယ့် ၂၀၂၀ ရွေးကောက်ပွဲဝင်ချင်းအမျိုးသမီး

“ကျမတို့အနေနဲ့ကတော့ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ သူတို့နာမည်နဲ့သူတို့ပြိုင်ရင် ကိစ္စမရှိဘူး။ ကြောက်စရာလည်းမရှိဘူး။ အမေစုနဲ့လာပြီးတော့ သွားပြီးပြိုင်တဲ့အခါကတော့ ကျမတို့ကို မသိတဲ့အထဲမှာ ပါသွားတာပေါ့။ အမေစုကတော့ တစ်နိုင်ငံလုံးသိနေတာကိုး။ ဟိုဘက်ကပါတီတွေပြိုင်တာကလည်း သူတို့ရဲ့ ကိုယ်ပိုင်နာမည် ဝိသေသနဲ့ မပြိုင်ဘူး။ အမေစုကို ကျေးဇူးဆပ်ရမှာရမယ်ဆိုတဲ့ဟာနဲ့ သွားလုပ်လိုက်တော့ အဲဒါကြောင့်မို့ ရှုံးသွားတာပေါ့နော်။ အမေစုရဲ့ ပုံရိပ်နဲ့ လုပ်သွားလို့ကျမတို့ရှုံးသွားတာလို့ထင်ပါတယ်။”

တပ်တွင်းစစ်ဆေးနေသည့် ဦးဂါရွာသူအမှု ၄လကျော်ကြာသည်အထိ အဖြေမသိရသေး

“နစ်နာတဲ့ အမျိုးသမီးကလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အရမ်းကို မျှော်လင့်နေတယ်။ တရားမျှတမှု ရရှိမယ်ဆိုပြီး မျှော်လင့်ပြီး အဖြေဘယ်လိုလာမလဲ ဆိုတာ သူကိုယ်တိုင်လည်းအရမ်း သိချင်နေတယ်”

သက်ငယ်မုဒိန်းဆန့်ကျင်ရေးလှုပ်ရှားသူ သက်ငယ်မုဒိမ်းသံသယမှုဖြင့်ရင်ဆိုင်နေရ

“ဒီကိစ္စမှာဆိုရင်လည်း မလုပ်သင့်တဲ့ ကိစ္စကို လုပ်တယ်။ ဗစ်တိုးရီးယား ကိစ္စမျိုးမှာ ဆန္ဒပြတဲ့ အထဲမှာတောင် ပါဝင်ခဲ့တဲ့ သူက ဒီလို မျိုးလုပ်တယ်ဆိုတော့ ဒီလို လူက အယောင်အဆောင်လို့ဘဲ ကျနော်မြင်တယ်”

မငြိမ်းချမ်းသောအရပ်မှမြေစာပင်အမျိုးသမီးများ

အဲ့ညက လက်နက်ကြီးသံတွေကလည်း တရစပ် ပစ်နေတော့ ဆေးရုံသွားဖို့ကလည်းအဆင်မပြေ။ ဒဏ်ရာနဲ့ သွေးနဲ့ ဒီတိုင်း နာကျင်ပြီးနေရတယ်။ အရဲစွန့်ပြီးတော့လည်းမသွားရဲဘူး”