Home ဆောင်းပါး စစ်ပွဲနဲ့ သဘာဝဘေးအန္တရာယ်များအတွက် အမျိုးသမီးများရဲ့အရေးပေါ်အခြေအနေကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲ

စစ်ပွဲနဲ့ သဘာဝဘေးအန္တရာယ်များအတွက် အမျိုးသမီးများရဲ့အရေးပေါ်အခြေအနေကို ဘယ်လိုထည့်သွင်းစဉ်းစားမလဲ

နန်းဆိုင်နွမ်

စစ်ပွဲတွေဖြစ်ပြီဆိုရင် ဆာလာအိတ်ကိုလက်မောင်းတစ်ဖက်မှာဆွဲ၊ လသားကလေးငယ်လေးတွေကို ကျောပိုးကာ လက်နက်ကြီးလွှတ်ရာနေရာဆီ ပြေးလွှားနေသူအမျိုးသမီးများကို တွေ့ရမှာဖြစ်ပါတယ်။
မကြာသေးခင်က ထွက်ပြေးလာသူတွေကိုကြည့်ရင် ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အို အများစုကို တွေ့ရပြီး ဒီထဲမှာ ကွတ်ခိုင်မြို့နယ် ဟွေ့ခုတ်ကျးရွာက လွေးအေးတို့ သားအမိလည်း ပါဝင်ပါတယ်။

“ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးရရင် အဓိကတော့ ကလေးနဲ့ အဝတ်(၁)စုံပဲ။ စားစရာတွေလည်း ဘာမှမယူနိုင်ဘူး”
တိုက်ပွဲရက်ရှည်ကြာရင်တော့ စစ်ရှောင်အမျိုးသမီးနဲ့ ကလေးငယ်များအတွက် အလွန်စိတ်ဒုက္ခရောက်ရတယ်လို့ လွေးအေးက ဆက်ပြောပြပါတယ်။

တိုက်ပွဲတွေဖြစ်ပြီး စစ်ရှောင်တဲ့အခါမှာ အဓိကအကူအညီပေးသူများက လူမှုအဖွဲ့အစည်းတွေသာ ဖြစ်တယ်လို့ စစ် ရှောင်ပြည်သူတွေကပြောကြပါတယ်။

ဓာတ်ပုံ- Shar Htat Paing (နယ်စည်းမခြား ပရဟိတ အဖွဲ့ (သီပေါ) ဖေ့ဘွတ်စာမျက်နှာမှ

“ ကျမတို့ စစ်ရှောင်ရတော့ ကိုယ့်အိမ်မဟုတ်၊ နောက်ကလေးတွေ၊ မိန်းမတွေများတော့ လိုအပ်ချက်တွေက များပါ တယ်။ ကလေးနဲ့ အမျိုးသမီးအတွက်ဆိုပြီး သီးသန့်လာပြီး ပစ္စည်းပေးတာ မရှိဘူး။ အစားအသောက်ပဲ လာလှူကြ တယ်” လို့ လွေးအေးက ဆက်ပြောပါတယ်။

စစ်ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုတွေကြောင့် အရင်ဆုံးဘေးဒုက္ခရောက်သူတွေဟာ ကလေးငယ် နဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်ခံရရှိတဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေစုစုပေါင်း (၅၁.၄၉)သန်းရှိပြီး အမျိုး သမီးဦးရေဟာ (၂၆.၆၆)သန်းရှိတဲ့အတွက် အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် (၁.၈၃)သန်း ပိုများတယ် လို့ပြောရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ နှစ်ပေါင်း(၆၀)ကျော် ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့နိုင်ငံဖြစ်သလို စစ်ပွဲတွေနဲ့အတူ စီမံအုပ်ချုပ်မှု ကြီးစွာလွဲမှားခဲ့တဲ့ ခေတ်စနစ်တွေကြောင့် သဘာဝဘေးအန္တရယ်များနဲ့ပိုမိုရင်ဆိုင်လာရပြီး ဆက်လက်ရင်ဆိုင်ရ မယ့် အလားအလာတွေလည်း ရှိနေပါတယ်။

ဒီလိုစစ်ပဋိပက္ခနဲ့ ဘေးအန္တရာယ်ဆိုးတွေ ရင်ဆိုင်ကြရတဲ့နေရာမှာ ကိုယ်တိုင်ပါဝင်နေသူတွေ၊ အသက်ရှင်ကျန်ရစ်ခဲ့ သူတွေနဲ့ ရုန်းကန်ခဲ့ကြရသူအမျိုးသမီးတွေဟာ အမျိုးသားတွေကြုံတွေ့ရတဲ့အခြေအနေတွေနဲ့ မတူညီဘဲ သီးခြား အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်အဖွဲ့အစည်း၊ ဘယ်ကဏ္ဍကမှ သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်တွေဖြစ်လာခဲ့ရင် အမျိုးသမီးများ အရေးပေါ်အခြေအနေအတွက် သီးသန့်ရန်ပုံငွေ (ဘတ်ဂျက်) ထားရှိတာကို မတွေ့ရတဲ့အတွက် အမျိုးသမီးများက ဒီအကြောင်းကို ပြောဆိုနေကြတာဖြစ်ပါတယ်။

ဝမ်းရေးအတွက် ကချင်ရိုးရာခေါင်းပေါင်းများ ချုပ်လုပ်နေသည့် စစ်ဘေးရှောင် ကချင်အမျိုးသမီးများ

တိုက်ပွဲတွေဖြစ်လာပြီဆိုရင် စစ်ရှောင်အများစုဟာ အမျိုးသမီးနဲ့ကလေးငယ်တွေ ဖြစ်နေတာကို အမြဲတွေ့မြင်နေရ ပေမယ့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အရေးပေါ်အခြေအနေ ရန်ပုံငွေမရှိတာဟာ အင်မတန် အံ့သြ စရာဖြစ်စေတယ်လို့ ကွတ်ခိုင်အခြေစိုက် အမျိုးသမီးအရေး ဆောင်ရွက်နေသူ မိုင်းမိုင်ကလည်း ပြောပါတယ်။

“ အရေးပေါ်အခြေအနေမှာ အမျိုးသမီးနဲ့ကလေးတွေအတွက် လျာထားတာ မရှိဘူး။ အရေးပေါ်လို့ပြောတဲ့အခါ မှာ ပိတ်မိတာကယ်မယ်။ နောက်အခြေခံစားသောက်ကုန်တွေလှူမယ်။ ဒါပဲ” လို့ မိုင်းမိုင်က ထောက်ပြလိုက်တာ ပါ။
စစ်မက်ပဋိပက္ခနဲ့ အရေးပေါ်အခြေအနေတွေမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ထိခိုက်မှုနည်းအောင် ဦးစားပေးအစီအစဉ်ရေးဆွဲထားရှိတာ၊ လုံခြုံစိတ်ချရတဲ့နေရာ ချက်ချင်းစီစဉ်ဆောင်ရွက်ပေးတာ၊ ဘတ်ဂျက်လျာ ထားချမှတ်ထားပေးတာတွေ အခုချိန်မှာ မရှိသေးတာကို ကျား၊မတန်းတူရေးကွန်ရက် တည်ထောင်သူ မေစံပယ် ဖြူကလည်း အခုလိုပြောဆိုထားပါတယ်။

“ ပြည်တွင်းစစ်နဲ့ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လွယ်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်လာတော့မှ အလှုငွေ ထကောက်၊ ပံ့ပိုးငွေမစို့မပို့ထောက်ပံ့တာမျိုးထက်စာရင် ကြိုတင်ကာကွယ်ခြင်းနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း တွေလုပ်နိုင်ဖို့ လုပ်ငန်းအစီအစဉ်တွေ၊ ဘတ်ဂျက်တွေ၊ စနစ်တကျရေးဆွဲချမှတ်ထားသင့်ပါတယ်” လို့သူက အစိုးရနဲ့ အလှူရှင်အဖွဲ့အစည်းတွေကို အကြံပြုလိုက်တာဖြစ်ပါတယ်။

စစ်ပဋိပက္ခကြားက အမျိုးသမီးတွေ၊ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသက အမျိုးသမီးတွေနဲ့ ကလေးငယ် တွေ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ဘတ်ဂျက်တွေ လျာထားတာ မရှိတဲ့အတွက် အရေးပေါ်အခြေအနေ ကြုံလာပါက အလှူခံပြီး ဖြေရှင်းနေရကြောင်း အမျိုးသမီးရေးဆောင်ရွက်နေသူများက ပြောပါတယ်။

“ အစိုးရအနေနဲ့ အမျိုးသမီးတွေအတွက် အရေးပေါ်သီးသန့်ရန်ပုံငွေဆိုတာ မရှိသေးပါဘူး။ NLD ပါတီအနေနဲ့ လည်း မရှိပါဘူး” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မေ ဝင်းမြင့်ကလည်း ပြောပါတယ်။
အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီအမျိုးသမီးတွေအတွက်လည်း သီးသန့်ရန်ပုံငွေ မရှိတဲ့အတွက် တိုက်ပွဲရှောင်နဲ့ သဘာဝဘေးအန္တရာယ်တွေ အရေးပေါ်ဖြစ်လာရင် အလှူခံပြီး သွားရောက် လှူဒါန်းကြပါတယ်လို့ ဒေါ်မေဝင်းမြင့်က ဆက်လက်ပြောဆိုပါတယ်။

ဒါပေမယ့်လည်း အရေးပေါ်အခြေအနေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် သီးသန့်ရန်ပုံငွေထားရှိရေး လွှတ်တော်အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးနေကြပါတယ်လို့လည်း သူမက ဆက်ပြောပြ ပါတယ်။
မြန်မာနိုင်ငံမှာ အရင်ကယူထားတဲ့ကြွေးမြီတွေကို ပြန်လည်ဆပ်နေရတဲ့အတွက် အမျိုးသမီးဘတ်ဂျက်ခွဲဝေမှုကဏ္ဍ ဖက်ကို မလှည့်နိုင်သေးတာဖြစ်တယ်လို့လည်း ဒေါ်မေဝင်းမြင့်က ပြောပြပါတယ်။

စစ်ပွဲတွေဖြစ်ပွားရင် အမျိုးသမီးနဲ့ကလေးငယ်တွေဟာ ကိုယ်လွှတ်ရုန်းထွက်ပြေးလာရတာတွေကြောင့် အဝတ် တစ်စုံတည်းသာ ပါလာတတ်ကြပြီး စစ်ဘေးရှောင်တွေထဲမှာ မွေးကင်းစကလေးငယ်များနဲ့ မီးဖွားခါနီးကိုယ်ဝန် ဆောင်တွေပါလာရင် လိုအပ်ချက်တွေ ပိုမိုများပြားပါတယ်လို့ စစ်ရှောင်အမျိုးသမီးတွေကို ကူညီပေးနေတဲ့ လားရှိုး မြို့က နန်းမွေနွံလျန်းက ပြောပါတယ်။

“ စစ်ဘေးရှောင်တွေရှိလာတိုင်းမှာ ကလေးမီးဖွားစနဲ့ မီးဖွားခါနီးအမျိုးသမီးတွေပါလာတယ်။ သူတို့တွေက အဝတ် တစ်ထည်တည်းနဲ့ ထွက်ပြေးလာတော့ ကလေးအတွက်ရော မိခင်အတွက်ပါ အရေးပေါ်လိုနေတော့ ခင်မင်တဲ့သူ တွေဆီ လိုက်အလှူခံရ၊ တောင်းရတယ်” လို့ နန်းမွေနွံလျန်းကလည်း ဆိုပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ဝန်ထုတ်ဝန်ပိုး ပိုမိုများပြားကြတဲ့အတွက် စစ်ရှောင်တွေရဲ့လိုအပ်ချက်ကို စဉ်းစားရင် အမျိုးသမီးနဲ့ကလေးငယ်တွေရဲ့ လိုအပ်ချက်ကို ပိုဦးစားပေးစဉ်းစားစေလိုပါတယ်လို့လည်း နန်းမွေနွံ လျန်းက ပြောပါတယ်။
ဆက်လက်ပြီး စစ်ရှောင်တွေနဲ့ပါတ်သက်တဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာ အမျိုးသားတွေသာရှိနေတဲ့အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးများဦးဆောင်တဲ့အဖွဲ့အစည်းတွေကြားမှာ ကွာခြားချက် များစွာ ရှိတယ်လို့လည်း မိုင်းမိုင်က ပြောပါတယ်။

“ စစ်ရှောင်တွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲတဲ့အပိုင်းမှာ အမျိုးသမီးပါဝင်တာနဲ့ အမျိုးသမီးမပါဝင်တာ Camp(စခန်း)ဆို ကွာတယ်။ အမျိုးသမီးနဲ့ကလေးတွေရဲ့ လိုအပ်ချက်လို့ပြောရင် အမျိုးသမီးတွေက ပိုပြီးသိတယ်။ နားလည်တယ်” လို့ သူက ပြောဆိုလိုက်တာပါ။

အမျိုးသမီးနဲ့ကလေးများ အရေးပေါ်ဘတ်ဂျက်လျာထားမှုဟာ အရေးကြီးလုပ်ငန်းတစ်ခုဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးများအရေးကို အမျိုးသမီးများကသာ ပိုမိုသိမြင်နားလည်နိုင်တဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေကို ထားပေးဖို့လည်း မိုင်းမိုင်က တိုက်တွန်းလိုက်ပါတယ်။

စစ်ပဋိပက္ခနယ်မြေနဲ့ သဘာဝဘေးအန္တရာယ်ဒေသများမှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုတဲ့ခေါင်းစဉ်က ရေပန်းစားပေမယ့် သင်တန်းများသာရှိနေပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ဖို့တော့ ခက်ခဲနေပါသေး တယ်လို့လည်း စစ်ရှောင်အရေး လုပ်ဆောင်နေသူတွေက မှတ်ချက်ပြုလိုက်ပါတယ်။

“ အမျိုးသမီးနဲ့ လုံခြုံရေးဆိုပြီး သင်တန်းတွေ အများကြီးလုပ်ကြတယ်။ တကယ့်တကယ် လက်တွေ့ကျတော့ အားနည်းနေတာ တွေ့ရတယ်” လို့ မိုင်းမိုင်က ပြောပါတယ်။

စစ်ပွဲအတွင်း ထွက်ပြေးလာတဲ့ အမျိုးသမီးနဲ့ကလေးငယ်များအတွက် သီးသန့်သွားရောက်ကူညီမှုများမရှိပဲ စစ် ရှောင်အားလုံးအတွက် နေစရာနဲ့ အခြေခံစားသောက်ကုန်တွေသာ အဓိကလှူဒါန်းနေကြရတယ်လို့ ကွတ်ခိုင် မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကလည်း ထောက်ခံပြောဆိုပါတယ်။

“ အမျိုးသမီးနဲ့ကလေးဆိုပြီး ခွဲလှူတာတော့မရှိဘူး။ သီးသန့်လည်း လျာထားတာ မရှိဘူး။ စစ်ရှောင်အားလုံး အတွက်တော့ အခြေခံစားဖို့နေဖို့တွေ စီစဉ်ပေးပါတယ်။ မွေးဖွားတဲ့မိခင်တွေနဲ့ ကလေးတွေကိုလည်း အဟာရတွေ လှူပါတယ်” လို့ သူကဆိုပါတယ်။

တိုက်ပွဲတွေကို ချုပ်ငြိမ်းစေချင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာ မိမိတို့ရဲ့ဇနီး၊ သား၊ သမီးတွေကို မြင်ယောင်ပြီး ဆွေးနွေးကြစေချင်တယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့သူတွေက ပြောဆိုနေကြပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်တွေမှာ အမျိုးသမီးတွေရဲ့သီးခြား မတူညီတဲ့လိုအပ်ချက်တွေနဲ့ ဦးစားပေးမှုတွေကို ထည့်သွင်းစဉ်းစားမှုမရှိခြင်းနဲ့ အရေးပေါ်အခြေအနေလိုအပ်ချက်များကို လစ်လျူရှုခြင်းဟာ ရေရှည်တည်တံ့ခိုင်မြဲ တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ကြီးစွာသော အဟန့်အတားဖြစ်စေကြောင်း နိုင်ငံတကာ အတွေ့အကြုံ တွေကလည်း သက်သေပြနေကြပါတယ်။

Author:

Related Articles