
COVID – 19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ စက်မှုဇုံက အမျိုးသမီးတွေအတွက် လုံခြုံတဲ့ နေရာတခု စီစဉ်ပေးဖို့ လိုအပ်နေ
သူတို့ အဆောင်ခ ပေးစရာမရှိဘူးဆိုရင် သူတို့ဘယ်သွားနေ မလဲနော်။ သူများစီမှာလည်း ရေရှည်နေလို့မရဘူး။ သိပ်အန္တရာယ်များတယ်။ တချိန်တုန်းက ကျမတို့နိုင်ငံမှာ ကြုံခဲ့ရသလိုပဲ လူကုန်ကူးမှု အမြင့်ဆုံးဖြစ်လာနိုင်တယ်။ နောက်ပီးတော့ ဥပဒေ နဲ့မညီညွတ်တဲ့ informal sector (တရားမဝင်လမ်းကြောင်း) တွေကို ရောက်ရှိသွားမှာကို ကျမတို့အနေနဲ့ စိုးရိမ်တယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ ၂၀၂၀ – နောက်ခံသမိုင်း၊ ရုန်းကန်မှုနဲ့ အောင်ပွဲ
နိုင်ငံတကာအမျိုးသမီးများနေ့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ မညီမျှမှုတွေကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲတွေ ကျင်း ပပြီး လူအများသတိပြုမိလာအောင် ဆောင်ရွက်တဲ့ နိုင်ငံရေးအခြေခံနေ့တစ်နေ့ဖြစ်သလို လူ့ဘောင်အဖွဲ့အ စည်းတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်တို့မှာ အမျိုးသမီးတွေ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ် ဆိုတာကို ဖော်ပြအောင်ပွဲခံတဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်လာခဲ့ပါတယ်။
https://hiburma.net/wp-content/uploads/2020/02/Scan_20190603-5.jpg
2587
3487
Administrator
https://hiburma.net/wp-content/uploads/2016/02/logo.png
Administrator2020-02-19 07:08:192020-10-02 05:18:09သာတူညီမွ် တာ၀န္ယူမွ
“ငါတို့မြေပြန်ပေး” ဆိုတဲ့ ဒေါဆိုရှေးရွာက တောင်သူအမျိုးသမီးများရဲ့အသံ
“ကိုယ်တစ်သက်လုံးလုပ်စားလာတဲ့ ကိုယ်ရဲ့မြေကိုတော့ ပြန်ပေးလို့ပဲ ပြောချင်တယ်”

ပန်းချီကားရောင်းရငွေအပေါ် အခွန်ကောက်မည်ဆို၍ စိုးရိမ်နေကြသောပန်းချီဆရာမများ
အမျိုးသမီးအများစု၏ဘဝက ပန်းချီပညာသည် ဘဝရပ်တည်မှုအတွက် ခိုင်မာသော အသက်မွေးမှုတခုဖြစ် မလာနိုင်ခြင်းက တကြောင်းဖြစ်သည်။ အိမ် ထောင်ကျသွားလျှင် ကလေးကိစ္စ၊ မိသားစုအရေးဖြင့် မရေးနိုင်ကြပဲ ဝါသနာအတွက် စိတ်သာရှိပြီး လက်မပါနိုင် သူတွေက အများစုပင်။

ရွှေ့ပြောင်းအလုပ်သမား မြန်မာအမျိုးသမီးအတွက် ဘာတွေလိုအပ်နေသလဲ
“အန္တရာယ်နှင့်ဆုလာဒ် အစီရင်ခံစာ” ၏ ဖေါ်ပြချက်အရ မြန်မာနိုင်ငံမှ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများသည် အမျိုးသားများနှင့် နှိုင်းယှဉ် ပါက လုပ်ခလစာရရှိမှု ပျှမ်းမျှအားဖြင့် ၃၆ ရာခိုင်နှုန်း လျော့နည်းရရှိကြသော်လည်း အိမ်သို့ ငွေလွှဲပေး ပို့ရာတွင် အမျိုးသမီးများမှာ အမျိုးသားများထက် ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။

စစ်ပွဲများအတွင်း လိင်အကြမ်းဖက်ခံအမျိုးသမီးများအတွက် တရားမျှတမှုဖော်ထုတ်ပေး
လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာဥပဒေအရ သတ်မှတ်နိုင်သည်ဖြစ်စေ၊ မသတ်မှတ်နိုင်သည်ဖြစ်စေ၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့ သော အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့မှုများနှင့်အတူ ရိုဟင်ဂျာဖြစ်စေ၊ ဘင်္ဂါလီဖြစ်စေ၊ စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ဓများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူအမျိုးသမီးများ၏ တရားမျှတမှု ရရှိရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ဖော်ထုတ်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

လူမှုဖွံ့ဖြိုးရေးလုပ်ပေးရန်လိုအပ်နေသော ရိုးရာဓလေ့ထိန်းသိမ်းသည့် ရွာကလေး
῝အမှန်အတိုင်းပြောရရင် ညီမတို့ကို အဲလိုပြောတာ မကြိုက်ဘူး။ ကိုယ့်ကိုယ်ကို အပျိုဖြစ်ပြီး ပိုးပန်းလို့ရပြီဆို ပြီး ကြော်ငြာတဲ့သဘောလည်း မဟုတ်ဘူး။ ကိုယ့်ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့သဘောဖြစ်တယ်လို့ ရိုးရိုး လေးပဲ ပြောပြတာ῎

သတ္တုမိုင်း နောက်ကွယ်က မြောင်းပြိုရွာကလေးရဲ့ မျှော်လင့်ချက်
"အမျိုးသမီးအများစုဟာ ဥယျာဉ်ခြံတွေမှာ နေ့စားဝင်ရောက်လုပ်ရင်လည်းလုပ်၊ ဒါမှဟုတ် ခဲကျင်တဲ့အလုပ် ကိုလုပ်၊ ဒါမှမဟုတ် သတ္တုတွင်းကုမ္ပဏီမှာ နေ့စားအလုပ်သမလုပ်စသဖြင့် မိမိတို့ဘဝရပ်တည်ရေးအတွက် အခြားရွေးချယ် စရာ မရှိတော့တဲ့ အနေအထားပါ"

ရိုးရာဓလေ့ကြားမှ ဖောက်ထွက်ခဲ့သည့် နာဂတောင်တန်းမှ ပန်းတပွင့် (သို့မဟုတ်) မစီခင်ရှီး
ကျမတို့ နာဂလူမျိုးတွေကျတော့ မိန်းကလေးတွေဆိုရင် ဘာမှ မလုပ်နိုင်ကြဘူးလို့ ထင်တယ်။ အဲဒါကြောင့် နာဂအမျိုးသမီးတွေလည်း ဘယ်လောက် လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ကျမအနေနဲ့ ချပြချင်တာကြောင့် ဒီလိုဖြစ်အောင်လည်း ကြိုးစားခဲ့တာပါ။


