Home သတင်း NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၀ ရာခိုင်းနှုန်းပါဝင်

NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၀ ရာခိုင်းနှုန်းပါဝင်

မိုးမိုး

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၀ ရာခိုင် နှုန်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ၏ ယနေ့ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ရွေးချယ်ခံရသည့် ကိုယ်စားလှယ်လောင်း ၂၀ ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနှစ်က ရွေးချယ်ခံရပြီးသားဖြစ်သည့် လူဟောင်းများကို အများဆုံးပြန်လည် ရွေးချယ်ခဲ့ပြီး၊ နေရာအားလုံးအတွက် လူအသစ် ၂၀ ရာခိုင်နှုန်းခန့်သာပါသဖြင့် ယခင်လူဟောင်း ၈၀ ရာခိုင်နှုန်း ပြန်လည် ပါဝင်ခြင်း ဖြစ်သည်။

ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဒုတိယ အကြိမ် ပြန်လည် အရွေးခံရသည့် ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်က “ထမ်းဆောင်ခဲ့တဲ့ ၅ နှစ်ဆိုတာ လုံလောက်တဲ့ အချိန်တော့ မဟုတ်ဘူးပေါ့။ အုတ်မြစ်ပဲ ချနိုင်တဲ့ အချိန်ဖြစ်တယ်။ လာမယ့် ၅ နှစ်မှ အသီးအပွင့်ကို တွေ့ရမှာပါ” ဟု ပြောသည်။

ရွေးကောက်ပွဲမှာလည်း အောင်မြင်မယ်လို့ ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲတွင် ခန့်အပ်ခြင်း မဟုတ်ဘဲ၊ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည့်အတွက် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် အလွန်တာဝန်ကြီးကြောင်း၊ သို့သော်လည်း ဆောင်ရွက် ခဲ့သည့် ကိစ္စရပ်များကို ပြန်လည် ကြည့်ပါက ကျေနပ်အားရကြောင်း ဒေါ်ပြုံးကေသီနိုင်က ဆိုသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၎င်းတို့ထဲမှ ၁၃ ဦး ရွေးကောက်ပွဲ အနိုင်ရရှိ၍ လွှတ်တော်တွင်းသို့ ရောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဝင်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၅ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။

လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်နေရာတွင် ၃၁၉၊ အမျိုးသားလွှတ်တော်နေရာတွင် ၁၆၂၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၆၂၂ နေရာနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးနေရာ အတွက် ၂၉ နေရာ စုစုပေါင်း ၁၁၃၂ ဦးဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။

Author: Moe Moe

Related Articles