မေးမြန်းခန်း

ဘာသာရေးမှ အမျိုးသမီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအပေါ်အမြင်များ

“ စိတ်ဓာတ်မကျဘဲ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်ရောက်သည်အထိ အတူတူူလက်တွဲပြီး ကြိုးစားကြမယ်။ ကြိုးစားရင် မ အောင်မြင်ဘူးဆိုတာ မရှိပါဘူး။ တန်ဖိုးရှိတဲ့အောင်မြင်မှုဟာ အခက်အခဲတွေရှိတယ်။ ဒုက္ခတွေတွေ့နိုင်တယ်။ ဒါကို သတ္တိရှိရှိ ကျော်ဖြတ်ရမယ်။ ဒါမှပဲ ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အမြန်ဆုံးရမှာ ဖြစ် ပါတယ်။ မြန်မာပြည်သူအားလုံးမှာတာဝန်ရှိတယ်။ လူတိုင်းမှာတာဝန်ရှိတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ လက်တွဲညီညီနဲ့ ကျိုးစားပြီး ပူးပေါင်းဆောင်ရွက်မှပဲ အမှန်တကယ်အောင်မြင်မှုဆိုတာ ရရှိမှာပါ။ အားလုံးပါဝင်ကြပါ။ အသက်ဆုံးရှုံးရတာ တွေ၊ အခက်အခဲတွေ ၊ စိတ်မကောင်းစရာတွေ အများကြီးရှိခဲ့တယ်။ နောက်ထပ်လည်းရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ် မကျဘဲ ၊ ဇွဲမလျော့ဘဲ လက်တွဲပြီး ကြိုးစားရအောင်ပါလို့ အားပေးချင်ပါတယ်။” စစ်စတာ အန်းရိုဇားနူးတောင် (ခရစ်ယာန်)

“အပြည်အပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် စစ်ရှောင်အမျိုးသမီးများ၏ ရင်တွင်းစကားသံများ”

“ ကျမတို့ ကိုယ်ရွာကိုပြန်ဖို့ အိမ်တွေလည်း ပြန်ဆောက်ထားပြီးပြီ။ ခြံအခင်းတွေလည်း လုပ်ထားတယ်၊ ပြန်ရမှာပေါ့ ထင်ထားတာ၊ ဒီနှစ်ထဲမှာ ပြန်ရမယ်လို့ထင်ထားတာ။ အခုအခြေအနေနဲ့ ငြိမ်းချမ်းရဖို့က ဝေးသေးတယ် ထင်တယ်။ အခြေအနေ မကောင်းတော့ စစ်ရှောင်ကိုပဲ ပြန်လာနေရတယ်။ စစ်ပွဲတွေကလည်း ငြိမ်မလိုလိုနဲ့ ထပ်ပြန်ဖြစ် တယ်ဆိုတော့ ဘယ်လို လုပ်ရမှန်းမသိဘူး။ မြန်မြန်ငြိမ်းချမ်းအောင်လုပ်ပေးပါ။ စစ်ရှောင်တွေ ကိုယ့်ရပ်ရွာတွေပြန်ပြီးတော့ စိုက်ပျိုးရေးတွေ၊ မွေးမြူရေးတွေလုပ်ပြီး ပျော်ရွင်စွာ ကျမတို့နေထိုင်ချင်ပါတယ်။ စစ်ရှောင်မှာလည်း ကြာကြာ မနေချင်တော့ ဘူး။ အိမ်ပြန်ချင်ပါပြီ” ဒေါ်ရွယ် (ကချင်ပြည်နယ်မှ စစ်ရှောင်တစ်ဦး)

တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်ကာကွယ်ကုသရေးလုပ်မယ့် CTF

“ကိုဗစ် Task Force ကတော့ အမျိုးသမီးအတွက်ဆိုပြီး လက်ရှိသီးသန့်ရှိသေးမှာမဟုတ်သေးပါဘူး။ တင်ပြမှုအပေါ်မှာပဲ မူတည်ပါတယ်။ တချို့သောအမျိုးသမီးတွေ သူ့ဒေသကနေ ခရီးသွားလာမှု၊ စားဝတ်နေရေးအခက်အခဲပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပဲဖြစ်ဖြစ် အခက်အခဲတွေတော့ ဝင်လာမှာဖြစ်ပါတယ်။ ကျမတို့ကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဆေးရုံ၊ ဆေးခန်းမသွားနိုင်ရင် အိမ်မှာ လက်သည်နဲ့မွေးတာဖြစ်ဖြစ်၊ ကျန်းမာရေးဝန်ထမ်းတွေရှိရာကို သွားတာပဲဖြစ်ဖြစ်၊ မွေးဖွားဖို့ ပစ္စည်းကရိယာတွေ အဆင့်သင့်ဖြစ်အောင်၊ အဝတ်အစားတွေ၊ လက်အိတ်တွေကအစ အဲဒါလေးတွေတော့ ထောက်ပံ့တဲ့အစီအစဉ်တော့ရှိပါတယ်။ ဒါပေမယ့်လို့ ကိုဗစ်အစီအစဉ်နဲ့တော့ တိုက်ရိုက်မဟုတ်ပါဘူး။”

“ကျွန်တော်တာဝန်ယူပါရစေ” ဆိုတာက အမျိုးသမီးတွေကို စာနာဖေးမမှုဖြစ်စေပါသလား

“အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက အမျိုးသားတွေဆီကပဲဖြစ်ဖြစ် အခြားသူတွေဆီကပဲဖြစ်ဖြစ် ဂရုဏာတွေ စာနာမှုတွေ ဖေးမမှုတွေ လိုအပ်တာမှန်ပေမယ့် သူတို့ကို ယူမည့်ယောကျာ်းမရှိလို့ မုဒိန်းကျင့်ခံရပြီးရင် သူတို့ဘဝကြီးက သွားပါပြီ၊ လူပုံအလယ်မှာ မတင့်တယ်တော့ပါဘူးဆိုတဲ့ အမြင်မျိုးကိုတော့ ဖျောက်ဖို့လိုမယ်၊ အကြမ်းဖက်ခံရတဲ့ကိစ္စမှာ ဂုဏ်သိက္ခာလျော့တာ ရှက်ရမှာက ဒီ အကြမ်းဖက်တဲ့ သူတွေပဲဖြစ်တယ်”

အမေများနေ့မှာ အမေနဲ့အတူမရှိနိုင်တဲ့ နွေဦးတော်လှန်ရေးထဲက အဝေးရောက်သူရဲကောင်းတို့ရဲ့ရင်ဖွင့်သံများ

“အမေတို့ကလည်း (၈၈)တုန်းက တက်တက်ကြွကြွနဲ့ပါဝင်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုယ်တွေ နိုင်ငံရေးလုပ်တာကိုနားလည်တယ်။အပစ်အခတ်တွေ ကြမ်းကြမ်းတမ်းတမ်းမရှိခင်တုန်းကဆိုရင် မနက်ဆန္ဒထွက်ပြမယ်ဆိုရင် အမေက အဝတ်အစားပြင်ဆင်ပေးတာက အစစီစဉ်ပေးတယ်။ ဆောင်ရရှောင်ရမှာတွေကို အမေကပြောပြပေးတယ်။ အမေနဲ့ပြန်တွေ့ရင် အလုပ်ချင်ဆုံးအရာကတော့ အမေနဲ့အတူတူ အေးအေးချမ်းချမ်းနဲ့ ခရီးသွားချင်တယ်။ ” (ကိုသွေးသစ် )

မိခင်တွေရင်ထဲက အမြဲအောက်မေ့နေမယ့် နွေဦးတော်လှန်ရေး သူရဲကောင်းတွေ

“သူတို့သွားရင် စိုးရိမ်လို့ သတိထားနော်..သား...လို့ ပြောရတာ အားရှိလိုက်တာ။ စစ်သူကြီးတယောက် စစ်ထွက်သွားရသလိုကို ဂုဏ်ယူတာ။ တော်လှန်ရေးမှာ ကိုယ့်သားမပါတော့ပေမယ့် ကလေးတွေ ကိုယ့်သားလို ဖြစ်မှာစိုးရိမ်တယ်။ သူတို့တွေ အခုလို အသက်ပေးပြီး လုပ်သွားရတဲ့အတွက် ဒီတော်လှန်ရေးကြီးကို အောင်မြင်စေချင်တယ်။”

စစ်ကောင်စီက ကျောင်းများပြန်ဖွင့်မည်ဆိုသည့်အပေါ် မိဘများ၏အမြင်

“အပြင်မှာ ဒီလောက်ရက်ရက်စက်စက် သတ်နေတာ၊ အခု သမီးကို ကျောင်းပို့လိုက်တယ်ထားဦး၊ ကျောင်းမှာကလေးတွေကို အနိုင်လာကျင့်တာမျိုးမရှိဘူး ပြောနိုင်မလား။ သမီးကို အသက်နဲ့ရင်းပြီးတော့ ကျောင်းထားတာလည်း မလုပ်ဘူး။ သူတို့ဆီ မှာလည်း ကျောင်းမထားနိုင်ဘူး။”

ကလေးသူငယ်တွေကိုစစ်တပ်က အကြမ်းဖက်ပစ်သတ်တဲ့အပေါ် ဆယ်ကျော်သက်ကလေးတွေနဲ့ မိဘတွေရဲ့အမြင်များ

“ညဘက်ဆို သေနတ်သံတွေကြားရတော့ ကောင်းကောင်းမအိပ်ရဘူး။ သူတို့က ကျည်အစစ်တွေနဲ့ပစ်လို့ သေရတဲ့လူတွေ အကြောင်းလည်းသိတော့ ကြေကွဲဝမ်းနည်းဒေါသထွက်ရတယ်။ အဲ့ထဲမှာ သားနဲ့အသက်တူတဲ့ ကလေးတွေလည်းပါတော့ စိတ်မကောင်းဘူး။”(မောင်ဇွဲပိုင်၊ ၁၂ နှစ်)

ပြည်သူတွေ နှိပ်စက်ခံ၊ ကြောက်ရွံ့၊ ခိုကိုးရာမဲ့ ပူလောင်နေကြတာကို လက်ပိုက်မကြည့်နေနိုင်တဲ့ Sister

“ ခုလိုမျိုးနိုင်ငံရေးမကောင်းတဲ့အခြေအနေမှာ အကြမ်းဖက်တယ်။ နိုင်ငံမငြိမ်သက်ဘဲ သတ်ဖြတ်မှုတွေက အားလုံးနဲ့ ဆိုင်တယ်လို့ ကျွန်မစိတ်ထဲခံစားရတယ်။ ဘာသာရေးလူမျိုးရေး အဆင့်အတန်းမခွဲခြားဘူး။ ပြည်သူတွေ ခံစား နေရတာလည်း ထပ်တူထပ်မျှခံစားရပါတယ်။ ပြည်သူတွေငိုရင် ပြည်သူတွေဒုက္ခရောက်ပြီး ဝမ်းနည်းပူ ဆွေးရရင် Sister တို့လည်းဝမ်းနည်းပူဆွေးရပါတယ်။”

စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့ အမျိုးသမီးဝတ် ထဘီအောင်လံအပေါ် အမြင်များ

“အမျိုးသားပဲဝတ်ဝတ် အမျိုးသမီးပဲဝတ်ဝတ် အဝတ်အစားက အဝတ်အစားပဲဖြစ်ရမယ်လေ။ သို့ပေမယ့်အမျိုးသားဝတ်တဲ့လုံချည်ကျပြဿနာမရှိပဲ၊ အမျိုးသမီးဝတ်တဲ့ထဘီကနိမ့်ကျတယ်။ ဘုန်းနိမ့်စေတယ်ဆိုတဲ့ အမြင်ကျတော့ ကြီးမားတဲ့ခွဲခြားဆက်ဆံမှုကိုဖြစ်စေတယ်။ ဒါကအမျိုးသမီးတွေကို နိမ့်ကျတယ်ဆိုတဲ့အမြင်နဲ့ တိုက်ရိုက်ပတ်သက်တယ်။ ဒီလိုမျိုးထဘီအလံထူတယ်၊ထဘီတန်းတွေစီစဉ်ခြင်းက အမျိုးသမီးတွေကိုနှိမ့်ကျတယ်လို့ မယူဆတဲ့သူတွေအတွက်ကတော့ ဒီထဘီတန်းက ဘာမှခံစားနေစရာမလိုတဲ့ အရာတစ်ခုပဲ အဝတ်တစ်ခုပဲ၊ အမျိုးသမီးတွေကို နှိမ့်ချမှုမရှိတဲ့သူတွေအတွက်က ထဘီတန်းဆိုတာက ပြောပလောက်တဲ့အရာတစ်ခုမဟုတ်ဘူး။ အဝတ်ပိတ်စတစ်ခုသာဖြစ်တယ်။ အမျိုးသမီးတွေကိုနှိမ့်ချချင်တယ်။ မဟာပုရိသဝါဒ၊ မဟာလူမျိုးကြီးဝါဒ ပုံစံမျိုးနှလုံးသွင်းတဲ့သူတွေ ထဘီတန်းအောက်ကိုဝင်လိုက်တာနဲ့ ဘုန်းနှိမ့်သွားတယ်လို့ ယူဆတဲ့အယူရှိတဲ့ သူတွေအတွက်က ထဘီကမကောင်းတဲ့ လက္ခဏာရှိပြီးတော့ ထဘီကရွံရှာဖွယ်ကောင်းတဲ့ အနေအထားဖြစ်သွားတာပေါ့။"